ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လင်းယုန်မ နှင့် မြေခွေးမ



လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင် မှာ နေကြတယ်. .

သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . . မြေခွေးမက အပင် အောက်ချုံ ထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားတယ်. . . တစ်နေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . . ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်. . .

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တစ်မျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တစ်မျိုးနဲ့ အတော် ခံစားရတယ်. . .ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ. .

သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . . ဒါပေမယ့် မကြာပါဘူးလေ. . မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. .

လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . .ဒါကိုလင်းယုန်မက တစ်ဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... အဲဒီအချိန် မှာ လေပြင်းကျလာတဲ့အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရော တဲ့. . .

အတောင်မစုံ မပျံနိုင်သေးတဲ့ . . . ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်. . ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ အားလုံးကို စားပစ်လိုက်တယ်. .

(ဒီပုံပြင်ကလေးကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက်ရှိလို့ ဒဏ်မခတ်နိုင်ပေမယ့်. . . ဘုရားသခင် ရဲ့ အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ပြောတာပါ. . . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. မှန်ပါတယ်ပုံပြင်လေးရဲ့သာဓက..အရမ်းကောင်းတယ်
    .ရွှင်လန်းချမ်းမြေ့ပါစေ..
    ခင်မင်လျှက်
    ဒေါင်းမင်း

    ReplyDelete
  2. ဒီစာကို လူတစ်ယောက်ကို ဖတ်စေချင်သေးတယ်။

    ReplyDelete
  3. ၀ဠ် မှာ အမြဲ၊ ငရဲ မှာ အပ တဲ့။ ၀ဠ် ဆိုတာ အနှေး နဲ့ အမြန် လည် တာပါပဲ။

    ReplyDelete
  4. မကောင်းမှုဟာ အရိပ်လို လိုက်ပါနေတယ်လို့ လက်ခံမိပါတယ်..
    သူများမကောင်းကြံရင်လည်း ကိုယ်တိုင်တစ်နေ့တော့ ပြန်ခံရဦးမှာပါ။ ဒီပုံပြင်လေး နမူနာ ယူသင့်တယ်။

    ReplyDelete
  5. အီစွတ်ပုံပြင်တွေကတော့ ဘယ်တော့မှ မရိုး၊နိုင်အောင်ပဲ။

    ReplyDelete
  6. ဒီစာလေးဖတ်ရတာ တမျိုးပဲ..

    ကိုယ့်ရန်သူကို တနေ့မှာ အတုံ့အလှည့်ဆိုတဲ့ အဖြစ်အပျက်လေးက တိုက်ခိုက်သွားနိုင်တာပဲ..

    ဘယ်နေ့များလဲ...

    လာရောက်အားပေးသွားပါတယ်..ညီမငယ်တို့ရေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။