
သမီး
စဉ်းစားဆင်ခြင်မှု မရှိဘဲ
စိတ်လက်မာန်ပါ ပြောဆိုခြင်းဟာ
ကဆုန်စိုင်းနေတဲ့ မြင်းရိုင်းတ တစ်ကောင်ပေါ်
တက်စီးမိတဲ့ သူနဲ့ တူသတဲ့
ရောက်ချင်ရာ ရောက်နေတော့ မှာပေါ့။
ဒါကြောင့် စကားပြောတော့မယ်ဆိုရင်
စဉ်းစား ဆင်ခြင်ပြီးမှ ပြောနော်
ပြောပြီ ဆိုမှ တော့
ကိုယ်လိုချင်တာ
ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်
လိမ္မာပါးနပ်စွာ ပြောတတ်ရမှာပေါ့။
ဒါမှလည်း
လေကုန်ရကျိုး နပ်မှာပေါ့ကွယ်။
ကိုယ်ရောသူရော
အကျိုးမရှိတဲ့ စကားတွေကိုတော့
လေကုန်ခံပြီး ပြောမနေပါနဲ့. . . သမီးရယ်. . .
ဖေဖေ

သမီးလေးဖတ်လို့ကိုများများပို့ပေးပါနော်လို့တောင်းဆိုချင်ပါတတယ်
ReplyDelete