စက္ကူစွန် ဘ၀ကလေးပေမို့
စက္ကူစွန်ဘ၀ ကလေးပေမယ့်
ခဏကလေးတော့ ဖြစ်ချင်တယ်
အချစ်ကြိုး တစ်မျှင်နဲ့
ရစ်ကြိုးတွင် သခင်ဆင်တော့
ဝေဟင်ယံ အာကာသဆီ၌
ခုန်ပျံကာ ကျွမ်းအလှ ထိုးပါလို့
စုန်ဆန်ကာ အစွမ်းပြမရိုးရပါဘူး
မြတ်နိုးသူမယ်....။
အရှူံးတစ်ဝက်ပေမယ့်
ရုန်းထွက်ဖို့ မရည်ရွယ်
မိုးတိမ်ဝယ် လွန့်လူး။
သခင်ထားလေသမို့
မြင့်ဖျား အာကာဗွေ၌
ကြာရှည်စွာ ဖျော်ဖြေပြီးပြန်တော့
ခိုနားရန် အချိန်တန်ပေါ့
အိမ်အပြန် မိုးမချုပ်ချင်လို့
(သခင်ရယ်. . )
ကြိုးရုပ်ပါဦး။
မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်...
စက္ကူစွန်ကလေးက လေမှာပျံဝဲပေမဲ့
ReplyDeleteအချိန်တန်တော့လဲ ကြိုးရုပ်တဲ့အခါ
မြေပြင်ပေါ် ပြန်ဆင်းရတာပါဘဲနော်.
စက္ကူစွန်လေးတွေကဘယ်လောက်ဘဲ
ReplyDeleteလေထဲမှာနေချင်ပေမဲ့
အချိန်တန်တော့လဲ..မြေပြင်ပြန်ရတာပါဘဲနော်
တစ်ချို့စားသားတွေ ရင်ထဲကိုတိုက်ရိုက်ရောက်လာတယ်၊
ReplyDeleteအမရေ အနှောင်အဖွဲ့ကြိုးလေးတစ်မျှင်ကြောင့် ရုန်းထွက်ရခက်နေတဲ့ စက္ကူစွန်လေးနော်။
ReplyDeleteစက္ကူစွန်ဘ၀လေးက သနားစရာလေးနော်။ လူ့ဘ၀တွေလဲ သူလိုပါဘဲလေ။
ReplyDeleteခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ချစ်စရာကောင်းတဲ့ ကဗျာလေးပဲ..
ReplyDeleteစက္ကူစွန်ငယ်
ReplyDeleteလေမှာဝဲဆဲ
ဖြတ်ကြိုးတစ်မျှင်
မ၀င်ခင်ဝယ်
ချစ်သူသခင်
ဆွဲရာငင်သို့
လိုက်စမြဲတည်း။
ဖြတ်ကြိုးတမျှင်
ဝင်ပါလျှင်မူ
သခင်နှင့်ဝေး
လေပင့်ပေးရာ
အဝေးကွာသို့
လွင့်ကာရောက်ရှိ
သခင့်အပါး
မခစားနိုင်
ဖြစ်နိုင်ပေသည်။
သို့တည်းပေလျှင်
သခင်ဆွဲရာ
မြေသို့ပါခြင်း
အကြောင်းရင်းသည်
သာ၍သာပင်
တော်သေးသည်။