မျက်စိအနီးတစ်ဝိုက်ကို လက်ချောင်းများနှင့် ဖိပွတ်ခြင်း ၊ ခဏခဏကိုင်ခြင်း မပြုရပါဘူး. . . မျက်လုံးက မခံနိုင်အောင် ယားယံလာပါက တစ်ရှူးကို သုံးပြီး သန့်စင်ပေးရပါမယ်. . . မျက်စိနှစ်ဖက်ကို ပိတ်ရက်သားနဲ့ ရေခပ်နွေးနွေးဆွတ်ထားသော သန့်စင်သော အ၀တ်စ နုနုဖြင့် တစ်နေ့ကို ၃-၄ ကြိမ်ခန့် ရေနွေးဝတ် အုပ်ပေးနိုင်ပါတယ်. . . တစ်ကြိမ်လျှင် ၅ မိနစ်ခန့ ခဏထားပေးပါ. . အဲဒီလို ရေနွေးဝတ် အုပ်ပေးခြင်းအားဖြင့် မျက်စိအတွင်းပိုင်း တွင် ကပ်ကျန်နေသာ မျက်ဝတ်များ အရည်ပျော်စေပါတယ်. . .
ဆရာဝန်ညွန်ကြားထားသော မျက်စဉ်း တစ်မျိုးမျိုးကိုလည်း ခတ်ပေးရပါမယ်. . မျက်စဉ်းကြောင့် ယားယံခြင်း၊ နေရခက်ခြင်း များကို လျော့ပါးသွားစေပါတယ်. . .
မျက်ဝန်းတစ်ဝိုက် ကို ရောဂါပိုး (Infection) ၀င်ခြင်းမှ ကာကွယ်နိုင်ရန် မျက်စိနာနေစဉ်ရက်ပိုင်းတွင် Make Up များ လုံးဝမလိမ်းပါနှင့်. . . မိမိ လိမ်းခြယ်လေ့ရှိသော Make Up ပစ္စည်းများကို သီးသန့်ထားသုံးပါ. . ဘယ်သော အခါမှ အများတကာနှင့် စပ်တူမလိမ်းပါနှင့် . .
မျက်စိနာချိန် မျက်လုံး အပေါ်တွင် ဂွမ်းစ၊ မျက်မှန် စတာများဖြင့်  မဖုံးရပါ. . . လွတ်လွတ်လပ်လပ် သာ ထားပေးပါ . . ရောဂါပိုးများကို ဖိတ်ခေါ်သလို ဖြစ်ပါလိမ့်မယ်. . .မျက်ကပ်မှန်ကို လည်း မတပ်ပဲ ခဏဖြုတ်ထားရပါမယ်. . . လက်ဆေးခြင်းကို မကြာခဏ ပြုလုပ်ပါ ကိုယ်ပိုင် လက်သုတ်ပ၀ါ၊ တဘက် တို့ဖြင့် သုံးပါ. .
မျက်စိနာခြင်းသည် လူတစ်ဦးမှ တစ်ဦးသို့ အန်မတန် ကူးစက်လွယ် ကူးစက်မြန်သည့်အတွက် လက်များ ညစ်ပေမှု မရှိအောင် မျက်နှာသုတ်ပါဝါ၊ လက်ကိုင် ပ၀ါများကို သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ထားပေးပါ. . .
လွပ်လပ်စိုး
မျက်စိကို ယောင်ပြီး ခဏခဏ ပွတ်မိတတ်လို့ ဒီလို နည်းလမ်းတွေ ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
ReplyDeleteတီတီရေ....မျက်စိကိုတဲ့ ဆာရည်ခတ်ပေးရင်လဲ
ReplyDeleteသက်သာတယ်လို့ ပြောသံကြားဖူးတာပဲ။
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
း)
ကျန်းမာရေးဆိုင်ရာပိုစ်လေးကိုလာဖတ်သွားပါ
ReplyDeleteတယ်ခင်ဗျာ။ ပို့စ်အသစ်တင်တိုင်းလည်းလာ
ဖတ်ဖြစ်ပါတယ်။ အစ်မတို့လာရောက်အားပေး
တာလည်းကျေးဇူးပါဘဲခင်ဗျာ။
အစ်မတို့ အဆင်ပြေကျန်းမာပျော်၇ွင်ပါစေ။
ခင်မင်လျှက်
တောသားလေး
အခုရာသိနဲ့အတော်ဘဲပေါ့
ReplyDeleteမှတ်သားစရာလေးတွေပါဘဲ
လူုတွေအတော်များများ သိထားသင့်တယ်
ကျေးဇူးပါ။