ကောင်းကင်၌ တည်နေစေ
သမုဒ္ဒရာအလယ်၌ ရှိနေစေ၊
တောင်ခေါင်းလိုဏ်ဂူအတွင်း၌ နေစေ၊
အကျိုးပေါ်တော့မည့်
ကံမှ မလွတ်
လောက၌ ၊ အကျိုးပေါ်တော့မည့်
ကံမှ လွတ်ရန်
ရှောင်ပုန်းရမည်း နေရာမရှိ
(ဓမ္မပဒ- တယောဇန ၀တ္တု)
လုံ့လနုငယ်၊ အကြံငယ်သော်
မကြွယ်မငှ ၊ရှေးကမ္မထက်
လုံ့လပညာ၊ နှစ်ဖြာ ပင့်ထောက်
သမ္မာလျှောက်၍၊ မီးတောက်လေကူ
ဟူ၏ပမာ၊ များမကြခင်
ကာကဏိက ၊ ကြွက်သေမျှနှင့်
လေးလတွင်းဝယ်၊ နှစ်သိန်းကြွယ်ရှင့်။
(မာဃဒေ၀လင်္ကာ)
ကံကိုပြုတတ်သူ ပုဂ္ဂိုလ်သတ္တ၀ါမရှိ
ကံအကျိုးကို ခံစားတတ်သူပုဂ္ဂိုလ် သတ္တ၀ါမရှိ၊
ရုပ်နာမ်တရားတို့သာ ကြောင်းကျိုးဆက် ဖြစ်ပေါ်
နေကြကုန်၏။
ဤသို့ သော ညဏ်အမြင်သည်သာ မဖောက်မပြန်
ဟုတ်မှန်သော ညဏ်အမြင်ဖြစ်၏။
(၀ိသုဒ္ဓိမဂ်၊ ကင်္ခါဝိကရဏ သုဒ္ဓိ)
ကိုယ်နှုတ်နှစ်ဖြာ ၊ ပြုကျင့်ရာ၌
စေတနာပါမှ၊ အပုညနှင့်
ပုညစစ်စစ် ၊ ကံဟု ဖြစ်၏။
(မာဃဒေ၀-၂၈၉)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ကံနှင့်ပတ်သက်တဲ့ ဝေါဟာရတွေက အများသားနော်။
ReplyDeleteပန်းကဗျာတို့လဲ မဃဒေ၀စာအုပ်ထူထူကြီး အလွတ်ကျက်မှတ်နေပြီထင်တယ်။း)))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကိုယ်နှုတ်နှစ်ဖြာ ၊ ပြုကျင့်ရာ၌
ReplyDeleteစေတနာပါမှ၊ အပုညနှင့်
ပုညစစ်စစ် ၊ ကံဟု ဖြစ်၏။...