ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • အင်အားကြီးမားသော အမိုက်ရင် အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏
  • မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ချည်နိုင်စွမ်း သကဲ့သို့တည်း။
  • Strong, bad elements cannot be overcome single-handed but by united action.
  • A blade of garss is unsubstantial, but many blades made into a rope can bring the strength to tie an elephant.
  • လေကွယ်ထောင့်ရာ အရပ်၌ မီးတောက်သည် ကြီးထွားမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေး ထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
  • Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.
  • အရှင်သခင်ကိုတု၍ မည်သည့်အမှုကိုမျှ ဂုဏ်တုဂုဏ်ပြိုင် မပြုအပ်
  • ၀တ်စားဆင်ယင် အလှပြင်ခြင်း၌ လည်းကောင်း ၊ စည်းအိမ်ချမ်းသာ ခံစားရာ၌ လည်းကောင်း အတူမပြုရာ။

  • No Competition in pride with a master should be attempted.
  • No similarity or equality of attire and wealth should be attempted.
အားလုံးကိုချစ်ခင်လေးစားလျှက်...


1 comment:

  1. ဒီစာကြည့်တိုက်လေးကိုတောင် မရောက်တာကြာသွားပေါ့...း))))).. လောကနီတိလေး လာဆည်းပူးတယ်ဗျာ..


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။