ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဒူးနာခြင်း သက်သာစေသော အစားအစာများ


သန်းပေါင်းများစွာသော လူတို့ တွင် ဒူးဆစ်ရောင်ခြင်း ( Osteoarthritis) ကြောင့် ဒူးခေါင်းတောင့်တင်းခြင်း၊ နားခြင်းတို့ ခံစားတွေ့ကြုံရသည် . . . ပျောက်ကင်းမှု အတွက် နည်းလမ်းများတွင် လှုပ်ရှားမှုမှ စတီးရွိုက် ဆေးထိုးခြင်း နှင့် ခွဲစိတ်ကုသမှုအထိ ကုသမှု အမျိုးမျိုးရှိပါသည်...

အစားအသောက်ကို ဂရုစိုက်၍ စားခြင်းဖြင့် ဒူးနာ သက်သာမှု ရရှိကြောင်း လေ့လာချက်များအရ သိရှိရပါသည်..

ပဲမှရရှိသော ရရိုတင်းဓာတ်ကို နေ့စဉ်ပုံမှန် ၃ လတိုင်တိုင် စားခြင်းဖြင့် ဒူးနာခြင်း သက်သာစေရန် သောက်ရသည့် . . . ဆေးပမာဏ လျော့ကျကြောင်း တွေ့ရသည်. . . ပဲတွင် (Isoflavones) ဓာတ်ပါပြီး ဒူးဆစ်ရောင်ခြင်းကို သက်သာစေသော ဂုဏ်သတ္တိရှိသည်. . တစ်နေ့ ပဲမှုန့် ၄၀ ဂရမ် သို့မဟုတ် ပဲနို့နှင့် ပဲဘာဂါစားခြင်းဖြင့် ဒူးနာခြင်း ကိုသက်သာစေသည်. . . . .

ကီဝီသီး ၊သရက်သီး၊ ဂရိတ်ဖရု နှင့် သင်္ဘောသီး ကဲ့သို့သေသာ ဗီတာမင် C ကြွယ်ဝသော အရည်ရွှမ်းသည့် အသီးများ စားသုံးခြင်းကလည်း ဒူးဆက်ရောင်ခြင်းမှ သက်သာမှု ရရှိကြောင်း လေ့လာမှုအရ တွေ့ရသည်. . .

ငါးနှင့် ငါးမှ ရသော အဆီစား သုံးခြင်းကလည်း ဒူးဆစ်တင်းခြင်းနှင့် ရောင်ခြင်းကို သက်သာစေသည်. . . ငါးမှရသော အဆီတွင်ပါသည့် အိုမီဂါ (၃) ဓာတ်က အဆစ်ရောင်ရမ်းစေသော ဓာတ်ပစ္စည်းကို ပိတ်ဆို့ခြင်း သာမက ဒူးဆစ်အတွင်းရှိ အရိုးနု ပျက်စီးခြင်းကို လည်း ကာကွယ်မှုပေးသည်. . .

ငါးကွမ်းရှပ် (သို့) Salmon ငါး ကို အပတ်စဉ်စားခြင်း (သို့) နေ့စဉ် အိုမီဂါ (၃) ဂရမ် စားသုံးခြင်းကလည်း ဒူးနားခြင်းကို သက်သာစေသည်.

ဒေါက်တာခင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

11 comments:

  1. ခါနာတာ ကိုပျောက်ဖို. ဘာစားသင်.လဲဆိုတာ ရေးပေး ပါအုံးဗျ.....

    ReplyDelete
  2. ညီမရေ ဒူးနာတာလေး သက်သာတဲ့အစားအသောက် တွေ သိရတာကျေးဇူးပါနော်...။ ကျန်းမာရွှင်လန်းပါစေ

    ReplyDelete
  3. ပဲ ဘာဂါ ဆိုတာကတော့ ကြားတောင်မှ မကြားဖူးဘူး...။
    သိထားတော့လည်း ဖြစ်နေတဲ့ လူတွေကို မျှဝေ လို့ရတာပေါ့လေ။ ကျေးဇူးပဲ။

    ReplyDelete
  4. ပါးချောင်ရိုးကြီးတွေထွက်နေတာ ဘာလို့လဲ...ပိန်တာတစ်ခုတည်းတော့မဟုတ်ဘူး...တစ်ခုခုလွဲမှားနေလို့ဖြစ်မယ်...သိရင်ပြောပြပါ :P)

    ReplyDelete
  5. ရုံပတေသီးလည်း စားရတယ် ထင်တယ်နော်...
    အဖွားစားတာ မြင်ဘူးတယ်။

    ReplyDelete
  6. ဟုတ်တယ် မမြတ်မွန် ဒူးနာတာ ရုံးပတေသီးလည်း စားလို့ရတယ် နွားနို့နဲ့လားမသိဘူး အမ...

    ReplyDelete
  7. thank you,i will eat for my kneel.

    ReplyDelete
  8. ၀သော အမျိုးသမီးကြီးအများစု ဒူးနာတာ အဖြစ်များပါတယ်။
    ဒူးနာရင် နောက်ပြန်လမ်းလျှောက်ကြည့်စေချင်ပါတယ်။ တစ်ခါလျှောက် (၁၀)လှမ်းကနေစပြီး လေ့ကျင့်ကြည့်ပါ။

    ReplyDelete
  9. လှေကားအမြင့်တက်တာ၊ အလေးအပင်မတာတွေကို လျှော့ပါ။

    ReplyDelete
  10. သက်သာစေတာပါပဲလားပျောက်ဖို့အလားအလာ
    မရှိဘူးလားခညာ

    ReplyDelete
  11. ခိုင်လေးJune 29, 2012 at 8:50 PM

    ညီမအမေ ဒူးနာတာ၃လလောက်ရှိပါပြီ။ဒူးနာပျောက်ဆေးဆိုပြီးဆေးအတွဲတွေနေ့တိုင်းသောက်နေရပါတယ်။စိုးရိမ်စရာများရှိမလား။ဒူးနာပျောက်ဆေးလေးများရှိရင်လမ်းညွှန်ပေးပါအုံးဆရာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။