အခြားတစ်ဖက်မှလည်း မျက်နှာမြင် ချစ်ခင်ခြင်းခံရသည့် ဘ၀မျိုးသည် အကောင်းဆုံး ၊ အလိုလားအပ်ဆုံးဖြစ် ကြောင်း ညွှန်ပြနေသည်။ သို့သော် ထိုစကားသည် တိုက်ရိုက်ပြောသော စကားမဟုတ်။ သွယ်ဝိုက်၍ ပြောလိုက်သော စကားသာ ဖြစ်ချေသည်။ သူတို့ ရည်ညွှန်းပြောဆိုလိုသည့် အဓိပ္ပါယ်မှာ ဤသို့ဖြစ်ပါသည်။
၁။မာန်မာန ထောင်လွှားတက်ကြွခြင်းမရှိပါစေနှင့်၊ မိမိကိုယ်ကိုယ် နှိမ့်ချပါ။
၂။ ကြီးသူကို ရိုသေ၊ တန်းတူကို လေးစား၊ ငယ်သူကို သနားပါ။
၃။ လောဘ၊ဒေါသ၊ မာနတရားများကို ချိုးနှိပ်နိုင်အောင် ကြိုးစားပါ။
၎။ လူတကာနှင့် အပေါ်စီးကနေပြီး ဆက်ဆံခြင်းမပြုပါနှင့်။ သင့်တင့်မျှတအောင် ဆက်ဆံပေါင်းသင်းပါ။
၅။ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာတရားများ ပွားများနေထိုင်ပါ။
ဤတရား (၅)ပါးသည်သာလျှင် အလှပဆုံး ၊ကျက်သရေအရှိဆုံးသော မျက်နှာများ ဖြစ်လာအောင် ဖန်တီးပေးနိုင်ပါသည်။ ထိုမျက်နှာကို ပိုင်ဆိုင်သူသာလျှင် လူကြီးသူများပေးသော မျက်နှမြင်ချစ်ခင်ပါစေ ဆိုသော ဆုကို ရယူပိုင်ဆိုင်နိုင်ပါသည်။
ထို့ကြောင့် လူတကာအလယ်တွင် တင့်တင့်တယ်တယ်၊ မျက်နှာပန်းလှလှ နေထိုင် အသက်ရှင်လိုသူတိုင်းသည် မျက်နှာမြင်ချစ်ခင်စေနိုင်သည့် နည်းလမ်းကောင်းများကို ကျင့်သုံးလိုက်နာမည်ဆိုလျှင်. . .
ဦးဝမ်ထိန်
မျက်နှာမြင် ချစ်ခင်ပါစေ ဆုနဲ့ ပြည့်ကြတာ ရှေးက ကုသိုလ်ကံကြောင့်ပဲ ထင်ရဲ့နော်.. ရှေးကုသိုလ် မပါသူများ ကြတော့လည်း ခုဘဝမှာ ကြိုးစားယူရမှာပေါ့လေ..
ReplyDeleteမျက်နှာမြင် ချစ်ခင်ပါစေဗျာ ....
ReplyDeleteအဲဒီဆုတော့ မပြည့်သေးဘူး
ReplyDeleteကြိုးစားရင်လဲ ပြည့်ပါ့မလားမသိး)
မျက်နှာမြင်ရင်ချစ်ခင်ပါစေ...ဆိုတဲ့ဆု
ReplyDeleteကျမလဲအရမ်းပြည့်ချင်တာဘဲ..
ခုတော့မပြည့်သေးဘူးထင်တာဘဲ
အဲတာ အရမ်းအသုံးဝင်တယ်..
ReplyDeleteမျက်နှာမြင်တာနဲ့ ချစ်ခင်စရာကောင်းနေရင်..
ဘာမဆို အဆင်ပြေတယ်..။