ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့


သမီး

ဘာကိစ္စပဲလုပ်လုပ်
ကိုယ်ပင်ပန်းချင် ပင်ပန်းပါစေ
စိတ်မပင်ပန်းပါစေနဲ့။

အလုပ်တွေ အဆက်မပြတ် လုပ်ရလို့
ကိုယ်ပင်ပန်းလာတဲ့ အခါ
စိတ်လည်း နွမ်းလာတတ်တယ်
နွမ်းလာတဲ့ စိတ်ကို အပန်းမပြေတတ်ရင်
စိတ်ပင်ပန်းသောက ရောက်တတ်တယ်။

အဲဒီလိုပင်ပန်းလို့ စိတ်နွမ်းလာတဲ့ အခါ
တစ်နေရာမှာ ငြိမ်ငြိမ်သက်သက်လေး ထိုင်ပြီး အသက်မှန်မှန်ရှု၊ ဘာမှ မတွေးနဲ့။

အိမ်ရောက်တဲ့အခါ အိပ်ရာပေါ်မှာ
ပက်လက်လှန် အိပ် ၊ ဗိုက်ပေါ်လက်တင်ပြီး
ငြိမ်ငြိမ်သက်သက်လေး အနားယူ
အသက်မှန်မှန်ရှုဖို့ မမေ့နဲ့။

အဲ့ဒီလို စိတ်ကို အပန်းဖြေတတ်မယ်ဆိုရင်
ကိုယ်ပင်ပန်းပေမယ့် စိတ်မနွမ်းရတော့ဘူးပေါ့။

ကိုယ်လှုပ်လို့ စိတ်က လိုက်လှုပ်ရင် စိတ်ပင်ပန်းမယ်
ကိုယ်လှုပ်ပေမယ့် စိတ်က လိုက်မလှုပ် ရင်
စိတ်ပင်ပန်း နွမ်းနယ်တာမျိုး မဖြစ်ဘူး။

ဒါကြောင့် စိတ်ကို ငြိမ်ငြိမ်လေး ထားတတ်အောင် ကျင့်နော်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. လူပင်ပန်းတာက ဖြေဖျောက်လို့ ရနိင်ပေမယ့် စိတ်ကတော့ ပြေပျောက်ဖို့ မလွယ်လို့ အတတ်နိင်ဆုံး စိတ်ကို အထိခိုက် မခံရအောင် နေဖြစ်တော့တယ်။
    သမီးလေးဖတ်ဖို့ ပေမယ့် ကျနော်လည်း ဖတ်သွားပါတယ်း)

    ReplyDelete
  2. သမီးလေးဖတ်ဖို့ ခုအတွဲဘယ်လောက်ထိ ဖြစ်သွားပြီလဲ မသိဘူးနော်... နေ့အိပ်မက်ဖတ်ဖူးတာတော့ ခြောက်အထိပဲ တစ်ခါတစ်လေ ပျင်းဖို့ကောင်းပေမယ့် တချို့ဟာတွေက တကယ်မှန်တယ်.. :)

    ReplyDelete
  3. သမီးလည်း ပင်ပန်းတယ် ။
    စိတ်ပင်ပန်းတာ ပိုဆိုးတယ်နော်..။

    ReplyDelete
  4. သမီးလေးအတွက်ဆိုပေမဲ့ အားလုံးအတွက် မှတ်သားစရာပါ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။