ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်သဘောထားရိုးသားမှု



လူတစ်ယောက်ဟာ ရိုးသားမှုရှိတယ် မရှိဘူးဆိုတာဟာ သူ့ရဲ့ ပြုမှုလုပ်ကိုင်ပုံတွေက ဖော်ပြပါတယ်. . . ရိုးသားမှုဆိုတာက နှုတ်က ပြောယူလို့မရပဲ အလုပ်ကသာ ကောင်းသော ရိုးသားခြင်းကို ပြသနိုင်မှာ ဖြစ်ပါတယ်. . ရိုးသားသူတစ်ယောက်ဟာ မိမိနေထိုင်၊ ပြောဆို၊ လုပ်ကိုင်မှုမှာရော ၊ လူမှုဆက်ဆံရေးနယ်ပယ်မှာရော အပြစ်ကင်းစွာနဲ့ နေနိုင်မှ ရိုးသားခြင်းပြည့်စုံမှာ ဖြစ်ပါတယ်. . .

အလုပ်အောင်မြင်မှုဟာ လူမှုဆက်ဆံရေး ပေါ်မှာ များစွာ သက်ရောက်သလို ရိုးသားမှုပေါ်မှာလည်း အဓိက ကျပါတယ်. . . လောကမှာ လူတစ်ယောက်ဟာ. . .

  • ကတိတည်မှု
  • စေတနာကောင်းရှိမှု
  • လုံ့လ၀ီရိယရှိမှု
  • ရိုးသားဖြောင့်မတ်မှု

အဲသည် အရည်အချင်းလေးမျိုးနဲ့ ပြည့်စုံပြီး ပညာအမြော်အမြင် ရှိတာနဲ့ အမျှ တိုးတက်ကြီးပွားနိုင်ပါတယ်. . .

ရိုးသားမှုရှိမှ လူမှုဆက်ဆံရေး ၊အလုပ်အကိုင်များ မှာ လွန်စွာ အရေးပါအရာရောက်ပါတယ်. . .
ကျွန်မတို့တွေရဲ့ စိတ်နေသဘောထား ကောင်းမကောင်း ရိုးသားမှုရှိမရှိကို အောက်ဖော်ပြပါ အချက်အလက်ကလေးတွေ နဲ့ ချိန်ထိုးပြီး စစ်ဆေးကြည့်လို့ရပါတယ်. . . . .

(၁) ဘယ်အမှုကိစ္စမဆို ကောင်းတဲ့ဘက်ကကြည့်ပြီး ၊ ကိုယ့်ရဲ့ ထင်မြင်ချက်ကို မှန်ကန်အောင် အားထုတ်ရမယ်။
(၂) မိတ်ဆွေအပေါင်းအသင်းများတွင် ကောင်းသော အချစ်တစ်ခုခုရှိကြောင်းသိစေရပါမယ်။
(၃) သူများ အောင်မြင်တာကို မိမိအောင်မြင်သကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ရှိရပါမယ်။
(၄) မိမိစိတ်ကို ဘယ်အမှုကိစ္စကမှ အနှောင့်အယှက် မပေးနိုင်အောင် ကြံ့ခိုင်ရပါမယ်။
(၅) တွေ့ဆုံတဲ့လူတွေကို ကျန်းမာရေး ၊ကြီးပွားရေး၊ ပျော်ရွှင်ရေးအကြောင်းတွေကို ဖော်ရွေစွာ ပြောရပါမယ်။
(၆)အကောင်းဆုံးအမှုကို စဉ်းစားရမယ်၊ အကောင်းဆုံး အမှုကို လုပ်ကိုင်ရမယ်၊ အကောင်းဆုံး အမှုကို မျှော်လင့်ရမယ်။
(၇) အတိတ်က အမှားများကို မေ့ပစ်ပြီး အနာဂတ်အောင်မြင်မှုကို ရှေးရှုအားထုတ်ရပါမယ်။
(၈) ရွှင်ပြတဲ့ မျက်နှာထားပြီး တွေ့သမျှကို ကြည်ဖြူစွာ ဆက်ဆံရပါမယ်။
(၉) မိမိစီးပွား၊ ကြီးပွား ၊ ပညာတိုးတက်ရေးအတွက် လုပ်ကိုင် နေရလို့ သူများ အပြစ်ကို ပြောဖို့ အချိန်မရဘဲ ဖြစ်နေရပါမယ်။
(၁၀) စိတ်ပူပန်ရန် ကြံ့ခိုင်ခြင်း ၊ စိတ်ဆိုးရန် မြင့်မြတ်ခြင်း၊ ကြောက်ရွံ့ရန် အားခွန်ကြီးခြင်း၊ ဒုက္ခနဲ့ ကြုံရန် စိတ်ချမ်းမြေ့ မှုတွေ များခြင်း- စသည်တို့ပဲ ဖြစ်ပါတယ်. . .

ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

3 comments:

  1. လူတစ်ယောက်ဟာ ရိုးသားမှုရှိတယ် မရှိဘူးဆိုတာဟာ သူ့ရဲ့ ပြုမှုလုပ်ကိုင်ပုံတွေက ဖော်ပြပါတယ်. . . ရိုးသားမှုဆိုတာက နှုတ်က ပြောယူလို့မရပဲ အလုပ်ကသာ ကောင်းသော ရိုးသားခြင်းကို ပြသနိုင်မှာ ဖြစ်ပါတယ်. . ဆိုတဲ့စကားလေးတွေ သဘောကျတယ်
    အပြည့်အ၀ကိုထောက်ခံမိပါတယ်..

    ReplyDelete
  2. စိတ်သဘောထားရိုးသားမှုဟာ လူတိုင်းအတွက် မရှိမဖြစ် အလိုအပ်ဆုံးစိတ်ထားတစ်ခုပါပဲ။ လူသားတိုင်း စိတ်သဘောထားရိုးသားနိုင်ရင်ဖြင့် လောကကြီးက လှပနေတော့မှာပါပဲ..။

    ReplyDelete
  3. ရွှင်ပြတဲ့ မျက်နှာထားပြီး တွေ့သမျှကို ကြည်ဖြူစွာ ဆက်ဆံရပါမယ်။

    အမြဲလို အလိုမကျ ဖြစ်နေတတ်တဲ့ ကျွန်တော် ပြုပြင်ဖို့ကြိုးစားပါမယ်

    ကျေးဇူးပါခင်ဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။