ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရုန်း



ချစ်ခင်မြတ်နိုးတွယ်တာတယ် ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်မတို့ အားလုံး ဟာ သိပ်ကိုပျော်မွေ့ကြတယ်. .. ရွှင်ပြုံးကြည်သာမှုတွေ ဖြစ်တယ်. . .အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်မတို့ အားလုံးဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ ဖြစ်ပြန်ရော. ... ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်. . . သံယောက်ဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာတော့ အားလုံးသိပါတယ်.. .ဒါပေမယ့် အပြောလွယ်ပေမယ့် အလုပ်က ခက်နေတာကိုး. . .

မြတ်စွာဘုရားကတော့ သံခြေချင်း၊ ကြိုးစတဲ့ အရာတွေ နဲ့ နှောင်ဖွဲ့ထားတာဟာ မပြောပလောက်ပါဘူး. . . ဥစ္စာ၊ စပါး၊သားမယာ စသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာ ကိလေသာ အနှောင်အဖွဲ့က အဆအရာ အထောင် အသိန်းမက ပိုပြီး ခိုင်မြဲတယ်. . . တဲ့. . . . ပညာရှိတို့ကတော့ အဲဒီ တဏှာ ကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရား ကပြောပြ ဟောပြပါတယ်. . .

အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ ဆိုင်တဲ့ အဖြစ်အပျက်တစ်ခုလည်းရှိပါသေးတယ်. . .ကောသလမင်းကြီးမှာ ပါဝေယျက လို့ခေါ်တဲ့ ဆင်ကြီး ရှိခဲ့တယ်. . . ဒီဆင်ကြီးဟာ အသက်ငယ်ရွယ်နုပျိုစဉ်က အလွန်ခွန်အားဗလ ကောင်းတယ်. . . စစ်တိုက်တဲ့ နေရာမှာ အန်မတန်ကျွမ်းကျင်တယ်. . သတ္တိပြောင်မြောက်တယ်. . . အခုတော့ ဒီဆင်ကြီး အိုလာပြီ ဆိုပြီး မင်းကြီး က ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်... .

တစ်နေ့မှာ ဆင်ကြီး ဟာ အိုင်တစ်ခုကို ဆင်းရင်း က ညွန်ထဲမှာ နစ်သွားတယ်. . . ဆင်ကြီး ဟာ ညွန်ထဲ ကထွက်မြောက်အောင် ရုန်းတယ်. . . ဒါပေမယ့် . .. ဇရာ ကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူး ဖြစ်နေတယ် ဒီအဖြစ် ကို ကောသလ မင်းကြီး ကြားသိတဲ့ အခါ မှာ ဆင်ကြီးကို ညွန်ထဲက ထုတ်ဆောင် ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်. .. အမြော်အမြင် အန်မတန် ရှိတဲ့ ဆင်ဆရာ ဟာ ဆင်ကြီး ကို ညွန်ထဲက ထုတ်ဆောင်ဖို့သွားတဲ့ အခါမှာ စစ်ချီထိုးတဲ့ အခါမှာ အသုံးပြုတဲ့ စစ်ပွဲစည်ကြိးကိုယူသွားပါတယ်.

ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကို တီးတယ်. . တကယ်စစ်ထိုးတော့မယ် အခြေအနေမျိုးရောက်အောင် တပည့်တွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံနဲ့ စည်တို့မောင်းတို့တီးပေးပါတယ်. . . အဲဒီအခါမှာ ဆင်ကြီး ဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ. . . တစ်ခါတည်း ကုန်းပေါ်ရောက်သွားပါတယ်. . .

ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့ အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမ မြတ်စွာဘုရားကို ပြောပြ လျှောက်ထားကြတယ်. . ဒီအခါမှာ ဂေါတမ မြတ်စွာဘုရားက ရဟန်းတော်တွေကို. . . .

"မမေ့မလျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့. . မိမိစိတ်ကို စောင့်ရှောက်ကြလော့. . . ညွန်၌ နစ်နေသာ ဆင်သည်. မိမိကိုယ်ကို ညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြလို့ . . . .မိန့်တော်မူပါတယ်. . . . "

ဒီစကား က ကျွန်မတို့အားလုံးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စကားပါ. . . ဒါပေမယ့် . . ကျွန်မတို့မှာ ဖြစ်နေတာက ခိုင်ခန့်လွန်းလှတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်မတို့ကို ဘယ်သူများ လာပြီး သော့ဖွင့်ပေးပါ့မလဲ. . . ကိလေသာ ညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲ လို့မျှော်နေတဲ့ အဖြစ်လို ဖြစ်နေပါတယ်....
Justify Full
"ကာမထောင်တွင်း ၊ နှောင်သွင်းပိုင်ပိုင်၊ မှတ်ကရော့ ၊ ခတ်တေသာ့ သံချည်တိုင် "

အားလုံး ကိလေသာ ဆိုတဲ့ အနှောင်အဖွဲ့ကနေ ရုန်းဖြတ်ပြီးတော့ ထွက်နိုင်ကြပါစေလို့. .

နန္ဒသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...

9 comments:

  1. သံယောဇဉ်..တွေ၊ အနှောင်အဖွဲ့တွေ အားလုံးကနေ
    ရုန်းထွက်နိုင်ဖို့ သတိပေးသလိုပါပဲ..။
    သတိရသွားပါတယ်...ညီမလေး..
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  2. သံ ဝေ ဂ ရ ရုံ , တ ရား ကျ ရုံ နဲ့ သံ သ ရာ မှ မ လွတ် နိုင် ပါ။လေး စား စွာ ဖြင့်

    ReplyDelete
  3. ရုန်းဖို့တွေးရင်းနဲ့ ဒီ ဝဲ ထဲမှာ တလည်လည် ဖြစ်နေရသေးတယ်။

    ReplyDelete
  4. တို့ကတော့ အေးဆေးပဲ။ ရုန်းစရာမလိုအောင်ကို ဖြတ်ထားတာ။

    ဆင်ရောကို လွှတ်လိုက်တယ်. .. ဖြစ်နေသလားလို့

    သံဝေဂယူစရာပို့စ်လေးအတွက် ကျေးဇူးပါခင်ဗျာ

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  5. ကိုယ်တိုင်လည်း ရုန်းဖို့ခက်နေပါသေးတယ်
    ဘယ်တော့များမှ မသိ

    ReplyDelete
  6. ဒါလေးက စိတ်ဓာတ်ခွန်အားလေး မြင့်စေတယ်
်တီတီ ..း)

    မက်မက်လဲ ဘယ်တော့များမှ အင်အားပြည့်ဝ
    ပြီး ဒီဆင်ပြောင်ကြီးလိုမျိုး အခက်အခဲ တွေထဲက ရှုန်းထွက်နိုင်မလဲ
    မသိဘူးနော်။း)

    ဒီဆင်ပြောင်ကြီးအကြောင်း ဖတ်ရတော့
    တလောက ဗီစီဒီတချပ်မှာ ထွန်းအိနြာဗိုလ်ပြောတာ
    သတိရမိသွားတယ်။း)

    အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  7. ဒါလေးက စိတ်ဓာတ်ခွန်အားလေး မြင့်စေတယ်
်တီတီ ..း)

    မက်မက်လဲ ဘယ်တော့များမှ အင်အားပြည့်ဝ
    ပြီး ဒီဆင်ပြောင်ကြီးလိုမျိုး အခက်အခဲ တွေထဲက ရှုန်းထွက်နိုင်မလဲ
    မသိဘူးနော်။း)

    ဒီဆင်ပြောင်ကြီးအကြောင်း ဖတ်ရတော့
    တလောက ဗီစီဒီတချပ်မှာ ထွန်းအိနြာဗိုလ်ပြောတာ
    သတိရမိသွားတယ်။း)

    အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  8. အမရေ အနှောင်အဖွဲ့ကနေ တစ်နည်းတည်းသော ရုန်းထွက်နည်းကတော့ ဝိပဿနာကျင့်စဉ်ကို ကိုယ်တိုင်လက်တွေ့ ကျင့်ကြံခြင်းပဲလို့ ထင်ပါတယ်။

    ReplyDelete
  9. ကောင်းလိုက်တာ
    ကျေးကျေးပါမမ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။