ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အချိုရည်သောက်တဲ့အကျင့်ကို . . ဖျောက်ပါ



ရေငတ်လို့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနွယ်လို့ပဲ ဖြစ်ဖြစ် အချိုရည် ပုလင်းတွေ၊ သံဘူးတွေ သောက်ပါက သင်၏ သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်. . . တစ်နေ့လျှင် သစ်သီးမှရသော သကြားဓာတ် (Fructose) ၇၄ ဂရမ် စားသုံးပါက (အချိုရည် သံဘူး ၂ ဘူးခွဲနှင့် ညီမျှသည် ) သွေးဖိအား ၃၆ ရာခိုင်နှုန်း တက်လာစေနိုင်ကြောင်း သိရသည်. . .

အ၀လွန်နေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ၊ သွားပိုးစားခြင်း ပြဿနားများ လည်း ဖြစ်စေနိုင်သည်. . အချိုဓာတ်လျော့ထားသည်ဟု ဆိုသော ဖျော်ရည်ဘူး (Diet Soft Drink) များသည်လည်း စိတ်မချရပါ. .. ဟားဗတ်ဆေးကျောင်းတွင် လေ့လာမှုအရ သကြားအတုဖြင့် ဖျော်ထားသော အချိုရည်ဘူး ၂ ဘူးနှင့် အထက်သောက်သည့် အမျိုးသမီးများတွင် ကျောက်ကပ် လုပ်ငန်းစွမ်းရည် ကျဆင်းနိုင်သည့် အခွင့်အလမ်း ၂ ဆ ပိုများ ကြောင်း ကြာလျှင် ကျောက်ကပ် ပျက်စီးစေနိုင်ကြောင်း သိရပါသည်. .

မည်သည့် အချိုရည်ပဲ ဖြစ်ဖြစ် ကြောက်စရာကောင်းသည်က အဓိကဖြစ်သည်. . ထို့ကြောင့် အချိုရည်ဘူးများနှင့် ပက်သက်လာလျှင် အထူးဧည့်ခံပွဲမျိုးတွင်သာ တစ်ခါတစ်ရံ သောက်ခြင်း သို့မဟုတ် တစ်ဘူးလုံးကုန်အောင် မသောက်ဘဲ အနည်းငယ်မျှသာ ၊ သောက်တယ် ဆိုရုံမျှသာ သောက်သင့်သည့် အကျင့်ကို ပြုလုပ်သင့်ပါသည်. .

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်...

8 comments:

  1. အချိုရည်တော့ မကြိုက်လို့ မသောက်တတ်ဘူး.. ဒါပေမယ့် ခုတလောတော့ ညစာစားပြီးတိုင်း Ice Cream တွေ စားဖြစ်နေတာက ခက်တယ်.. ဟီးး diet ကတော့ ဖြစ်ဦးတော့မှာပဲ..

    ReplyDelete
  2. ဟုတ်တယ်.. ကျွန်တော်တော့ အချိုရည်ထက် အသီးကို ပိုစားမိတယ်.. နိုင်ငံခြားတွေမှာ CocaCola တွေ သိပ်သောက်တာပဲ..မကြိုက်ဘူး...

    ReplyDelete
  3. အဲ ဆင်ခြင်ဦးမှ
    ခုတစ်လော အချိုရည်အသောက်များနေတယ်...
    ကျေးဇူး

    ReplyDelete
  4. အချို ရည်မကြိုက်တာနဲ့ အတော်ဘဲ
    မသောက်ဘဲ နေလိုက်မယ်

    ReplyDelete
  5. ဆင်ခြင်သင့်တာလေးတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါအမရေ နေကောင်းကြတယ်ဟုတ်?

    ReplyDelete
  6. ဒို့လည်း အချိုရည် မကြိုက်ပါ

    ReplyDelete
  7. မြန်မာဖောင့်ဘာဖောင့်သုံးထားတာပါလဲဗျို့ အနော်ဘာမှ ဖတ်လို့မရလို့ပါ။ ဗျည်းတွေအက္ခရာပုံစံတွေတော့တွေ့နေပါတယ်။ ဒါပေမယ့် ဖတ်လို့မရဖြစ်နေလို့ပါနော်။ ပြောပြကျပါအုံးဗျို့....

    ReplyDelete
  8. အချိုကလည်း တအားကြိုက်တော ဒုက္ခပါပဲလားဗျာ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။