ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မျက်နှာမြင်ချစ်ခင်ပါစေ



လူကြီးသူမများကို ကန်တော့ကြသောအခါ လူငယ်များအား "မျက်နှာမြင်ချင်ခင်ပါစေ" ဟု ဆုတောင်းပေးလေ့ ရှိကြသည်. . . မည့်သည့် မျက်နှာမျိုးသည် အလှပဆုံး ၊ ကျက်သရေအရှိဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်သည်ကို ထိုစကားက သက်သေခံနေပါသည်။

အခြားတစ်ဖက်မှလည်း မျက်နှာမြင် ချစ်ခင်ခြင်းခံရသည့် ဘ၀မျိုးသည် အကောင်းဆုံး ၊ အလိုလားအပ်ဆုံးဖြစ် ကြောင်း ညွှန်ပြနေသည်။ သို့သော် ထိုစကားသည် တိုက်ရိုက်ပြောသော စကားမဟုတ်။ သွယ်ဝိုက်၍ ပြောလိုက်သော စကားသာ ဖြစ်ချေသည်။ သူတို့ ရည်ညွှန်းပြောဆိုလိုသည့် အဓိပ္ပါယ်မှာ ဤသို့ဖြစ်ပါသည်။


၁။မာန်မာန ထောင်လွှားတက်ကြွခြင်းမရှိပါစေနှင့်၊ မိမိကိုယ်ကိုယ် နှိမ့်ချပါ။

၂။ ကြီးသူကို ရိုသေ၊ တန်းတူကို လေးစား၊ ငယ်သူကို သနားပါ။

၃။ လောဘ၊ဒေါသ၊ မာနတရားများကို ချိုးနှိပ်နိုင်အောင် ကြိုးစားပါ။

၎။ လူတကာနှင့် အပေါ်စီးကနေပြီး ဆက်ဆံခြင်းမပြုပါနှင့်။ သင့်တင့်မျှတအောင် ဆက်ဆံပေါင်းသင်းပါ။

၅။ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာတရားများ ပွားများနေထိုင်ပါ။

ဤတရား (၅)ပါးသည်သာလျှင် အလှပဆုံး ၊ကျက်သရေအရှိဆုံးသော မျက်နှာများ ဖြစ်လာအောင် ဖန်တီးပေးနိုင်ပါသည်။ ထိုမျက်နှာကို ပိုင်ဆိုင်သူသာလျှင် လူကြီးသူများပေးသော မျက်နှမြင်ချစ်ခင်ပါစေ ဆိုသော ဆုကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ထို့ကြောင့် လူတကာအလယ်တွင် တင့်တင့်တယ်တယ်၊ မျက်နှာပန်းလှလှ နေထိုင် အသက်ရှင်လိုသူတိုင်းသည် မျက်နှာမြင်ချစ်ခင်စေနိုင်သည့် နည်းလမ်းကောင်းများကို ကျင့်သုံးလိုက်နာမည်ဆိုလျှင်. . .

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. မျက်နှာမြင် ချစ်ခင်ပါစေ ဆုနဲ့ ပြည့်ကြတာ ရှေးက ကုသိုလ်ကံကြောင့်ပဲ ထင်ရဲ့နော်.. ရှေးကုသိုလ် မပါသူများ ကြတော့လည်း ခုဘဝမှာ ကြိုးစားယူရမှာပေါ့လေ..

    ReplyDelete
  2. မျက်နှာမြင် ချစ်ခင်ပါစေဗျာ ....

    ReplyDelete
  3. အဲဒီဆုတော့ မပြည့်သေးဘူး
    ကြိုးစားရင်လဲ ပြည့်ပါ့မလားမသိး)

    ReplyDelete
  4. မျက်နှာမြင်ရင်ချစ်ခင်ပါစေ...ဆိုတဲ့ဆု
    ကျမလဲအရမ်းပြည့်ချင်တာဘဲ..
    ခုတော့မပြည့်သေးဘူးထင်တာဘဲ

    ReplyDelete
  5. အဲတာ အရမ်းအသုံးဝင်တယ်..
    မျက်နှာမြင်တာနဲ့ ချစ်ခင်စရာကောင်းနေရင်..
    ဘာမဆို အဆင်ပြေတယ်..။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။