အဲဒီမှာ သူ့နိုင်ငံအမည် စာရင်း ပါမလာတာကြောင့် အကြီးအကျယ် စိတ်ဆိုး ဒေါပွသွားပြီး သူပိုင်ဆိုင်တဲ့ နန်းဆောင်ကြီး တစ်ခုလုံးကို နို့ရည်နဲ့ ဆေးကြောပြမယ်. . . နို့ရည် မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀၀၀ ကျော် အသုံးပြုပြမယ်ဆိုပြီး သူပိုင်တဲ့ ၀က်ဘ်ဆိုက်ကနေ အင်တာနက်က တစ်ဆင့် ကမ္ဘာကို ပြန်ကြေငြာလိုက်သတဲ့ . . .
ဘုရင်ကြီးဟာ မြို့သူ မြို့သားတွေ အကုန်လုံးကို တစ်ယောက်ကို နို့တစ်ပုံးကျ ယူဆောင်လာစေပြိး မက်ထရစ်တန်ချိန် ဂါလံပေါင်း သိန်းထောင်ချီဆန့်တဲ့ ဧရာမကန်ကြီး ကို ပြင်ဆင်ပြီး ထည့်ခိုင်းသတဲ့. . . . ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစား လာကြည့်တဲ့သူတွေ ၊ ကမ္ဘာ့နိုင်ငံတကာ သတင်းထောက်တွေဟာလည်း သတင်းထူးမို့ ဦးဦးဖျားဖျား သတင်းလာယူကြ၊ ဘုရင်ကြီးကို အင်တာဗျူးကြနဲ့. . .
ဆင်းရဲသား မိသားစုက ငါတို့မိသားစု ရေတစ်ပုံးစီ ရောတာလောက်နဲ့ ဘုရင်ကြီးကန်ထဲက နွားနို့တေါ မသိသာပါဘူး လို့ တွေးတယ် . . ပုဏားကြီးကလည်း သူ့ရေတစ်ပုံးနဲ့ နွားနို့တစ်ကန်လုံး ဘာမှ မဖြစ်ပါဘူး လို့ စဉ်းစားတယ်. . . သူဌေးကြီး လင်မယားကလည်း ငါတို့ရေပဲထည့်မယ်. . . မသိသာပါဘူး ကွာလို့ဆိုတယ်. . . ဖိနပ်ချုပ်တဲ့ကောင်ကလည်း ရေ. . . အရက်ပုန်းရောင်းတဲ့လူကလည်း ရေ. . . မြို့စားကြီးကလည်းရေ. . ရဲမက်တွေကလည်းရေ. . . ဘီယာစတေရှင်ဖွင့်ထားတဲ့လူကလည်း ရေ. . . သီချင်းဆိုတဲ့လူကလည်း ရေ. . . ဗေဒင်ဆရာကလည်းရေ. . . ကျောင်းဆရာကလည်းရေ. . . နွားပွဲစားကလည်းရေ. . . ရွှေကုန်သည်ကလည်း ရေ. . .
ဒီလိုနဲ့ ရေတစ်ပုံးလောက်များမသိသာပါဘူး ဆိုပြီး အတွေးတူ စိတ်ကူးတူတွေနဲ့ နွားနို့အစား ရေတွေတစ်ပုံးပြီး တစ်ပုံး ထည့်သွားကြတာ မိဖုရားခေါင်ကြီးကိုယ်တိုင်ရေတစ်ပုံးထည့်ခဲ့သတဲ့. .
ဘုရင်ကြီးလည်း နိုင်ငံတကာ သတင်းမီဒီယာတွေကြားမှာ ခွက်ခွက်လန်ပါတော့သတဲ့ကွယ်. . . အဲဒီတော့မှ လူ့ လောက ကမ္ဘာက လူတွေအကြောင်းကို ဘုရင်ကြီး ကောင်းကောင်း သိသွားတော်မူသတဲ့ကွယ်. .
ရယ်စရာ မဂ္ဂဇင်း
အားလုံးကိုချစ်ခင်လေးစားလျှက်...
အဓိပ္ပါယ်လေးက နက်နဲတယ်ဗျာ ...
ReplyDeleteကျွန်တော်လည်း သဘောပေါက်သွားပြီ ...
I also......!!!!! ha.....ha!
ReplyDeletenice post. carry on
have a good one.
အကြမ်းထည်
စာကပေးသွားတဲ့ message က အရမ်းကောင်းတာပဲ။ ကျေးဇူးပါ ညီမလေး may16 ရေ...
ReplyDeleteလူတွေအကြောင်း ဖတ်ရပါတယ်၊ ကောင်းကောင်း သိသွားပါတယ်
ReplyDeleteလူတွေ စိတ်ထားအကြောင်းပေါ့နော် ..း)
ReplyDeleteဗေဒင်ဆရာလည်း ပါသေး..တဲ့ ဟားဟား
ReplyDeleteလာဖတ်သွားပါတယ်ရှင်
ReplyDelete