ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

- ရန်သူကိုဖြစ်စေ၊ မိတ်ဆွေကိုဖြစ်စေ အလွန်အမင်း အကျွမ်းမ၀င်ရာ။
- မိတ်ဆွေပင်ဖြစ်လင့်ကစား အမျက်ထွက်သည်ရှိသော် သင့်အပြစ်မှန်သမျှကို
ထုတ်ဖော်ပြတတ်၏။


- One Should not love either enemy or friend too much.
- Even though a friend, when one becomes angry, one may reveal all of
your faults.


- မီးကိုလည်း အကြွင်းမထားရာ။
- ကြွေးမြီကိုလည်း အကြွင်းမထားရာ။
- ရောဂါကိုလည်း အကြွင်းမထားရား
- ထိုသည်တို့ကား အဖန်တလဲလဲတိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။


- Do not leave remnants of fire.
- Do not leave remnants of debt.
- Do not leave remnants disease.
- As those may increase times no remnants should be left.


- မျက်နှာမူကား ပဒုမ္မာကြာ။
- နှုတ်ထွက်စကားက စန္ဒကူးနံ့သာ။
- စိတ်နှလုံးကား အဆိပ်ပမာ။
- ထိုသို့သဘောရှိသူကို မပေါင်းအပ်ရာ။


- Whose face is like lotus lily.
- Whose words are as cool as sandal-wood.
- Whose heart is full of poison.
- One should not associate with such a person of that nature.


- ရက်စက်ကြမ်းကြုတ်သော ။
- မနာလိုဝန်တိုသော။
- မချီးမြှောက်မထောက်ပံ့တတ်သော။
- ဖိနှိပ်ချုပ်ချယ်သော အရှင်သခင်မျိုးကို လုပ်ကျွေးမှီခိုခြင်း မပြုရာ။


- Who is severe.
- Who is niggardly.
- Who is uncharitable.
- Who is oppressive, One should not serve and rely on such a master.



အားလုံးကိုချစ်ခင်လေးစားလျှက်...





2 comments:

  1.ိဧရာဝတီ စာကြည့်တိုက်ရဲ့ ..မှတ်သားဖွယ်ရာ လောကနှီတိကောက်နူတ်ချက်များ ဖတ်မှတ်သွားပါတယ်။
    ကျွန်တော့်အတွက်တော့ ကြွေးမြီ ကိုလည်း...အကြွင်းမထားရာ...နီတိ မဖြစ်နိုင်ဘူးဗျ..။အကြွေးမရှိတဲ့ဘဝ က စောစောအိပ်မပျော်တတ်လို့ :)

    ပျော်ရွှင်ချမ်းမြေ့ ကြွေးမြီကင်းကြပါစေ(အဲ)
    အစဉ် ဝမ်းမြောက်နိုင်ကြပါစေ။

    ReplyDelete
  2. လောကနီတိဆိုတာ လောကလူသားတွေအတွက် ကျင့်ကြံလိုက်နာစရာတွေဘဲပေါ့။ တန်ဖိုးရှိလှပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။