အကြောင်းရှိရာ၊ အကျိုးလာ၏
ကောင်း ငှာ ဆိုး ငှာ ရှေးကြမ္မာလျှင် ခွင့်သာရောက်ငြား၊ ထိုသူအား
ဘုရားမကယ်နိုင်စွာတည်း။
(မဃဒေ၀-၂၆)
ပုဗ္ဗပုညံ၊ ကောင်းမှုကံလျှင်
အခံရှိထ၊ ရှေးကမ္မထက်
လုံ့လပညာ၊ နှစ်ဖြာ ပင့်ထောက်
သမ္မာလျှောက်၍၊ မီးတောက်လေကူ
တူ၏ပမာ၊ များမကြာခင်
ပညာဥစ္စာ၊ ကြီးပွားရာ၏။
(မဃဒေ၀-၂၆)
မသေမီ အချိန်တွင်
ကုသိုလ်၊ အကုသိုလ်
ကံနှစ်ပါးသာ
ငါ့ဥစ္စာ ဟု အမြဲဆင်ခြင်။
(စံကျောင်း ဆရာတော်)
ကံကောင်းအောင် လုပ်ဖို့အတွက်
ရတနာသုံးပါးအားထားစရာ ရှိနေခြင်းက
ကံ ကောင်းလှပါတယ်..
ပစ္စုပ္ပန်ကြီးပွားဖို့ ညဏ်ဝီရိယ
မွမ်းမံလိုက်ရင်
အတိုင်းထက်အလွန် ဖြစ်ပါတယ်။
( သမ္မာဒိဠိဒီပနီ၊ လယ်တီ)
ယုတ်မြတ်များစွာ
သတ္တ၀ါအား
ကံသာ မယွင်း
တောင်းဆိုခြင်းမှာ
ကြောင်းရင် ကမ္မသကာတည်း။
(မဃဒေ၀ -၂၆၅)
အားလုံးကိုချစ်ခင်လေးစားလျှက်...
သင်္ကြန်မှာ ကံအကြောင်းလေးတွေတင်ထားတာ အဓိပ္ပါယ်ရှိတယ်။ ဒါမှ သတိရတဲ့သူတွေ နှစ်သစ်ကူးချိန်မှာ ကုသိုလ်ကံတွေ များများစုဆောင်းဖြစ်ကြမှာ။
ReplyDeleteနှစ်သစ်မှာ
ReplyDeleteစိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ ..
လိုအင်နဲ့ဆန္ဒ ထာဝရထပ်တူကျနိုင်ပါစေ ..
ခင်မင်စွာနဲ့
ဝင်းဇော်
ကောင်းလိုက်တာဗျာ.. ကံအကြောင်း အခုလို တိုတိုထိထိနဲ့ ဖတ်ရတာ။ မာဃဒေဝက လင်္ကာလေးကိုတော့ အကြိုက်ဆုံးဗျာ။
ReplyDelete