ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလုပ်သမားနေ့


မေလ (၁) ရက်နေ့သည် ကမ္ဘာ့ အလုပ်သမားနေ့ ဖြစ်သည်. . ၁၈၈၆ ခုနှစ် မေလ (၁) ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ရှိ စက်ရုံအလုပ်ရုံမှ အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရေးအတွက် အရင်းရှင်တို့အား ယင်းနေ့တွင် တညီတညွတ်တည်း သပိတ်မှောက်ခဲ့ ကြသည်. .

ဤသို့ သပိတ်မှောက်ရာတွင် အမေရိကန် ပြည်ထောင်စုရှိ ချီကာဂိုမြို့ ဆန္ဒပြပွဲ၎င်း၌ ပုလိပ်များက အကြမ်းဖက် နှိမ်နင်းရာ အလုပ်သမားများနှင့် ပုလိပ်အချို့သေကြေခဲ့ရသည်. . . . အလုပ်သမားခေါင်းဆောင် လေးဦး ကိုလည်း အစိုးရက ဖမ်းဆီးစစ်ဆေးပြီး ကြိုးပေးသတ်လိုက်သည်. . . သို့သော် အလုပ်သမားထုသည် အလျှော့မပေး ဆက်လက်တိုက်ပွဲဝင်ခဲ့သည်. . .နောက်ဆုံးတွင် အစိုးရကလျှော့ပေးပြီး အလုပ်ချိန်ကို တစ်နေ့ ၈ နာရီဟု တရားဝင် သတ်မှတ်လိုက်ရသည်. . .

ဤအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် ၁၈၈၉ ခုနှစ် တွင် ပြင်သစ်နိုင်ငံ ၊ ပါရီမြို့၌ ကမ္ဘာ့အလုပ်သများ အသင်းချုပ်ကြီး ညီလာခံ ကျင်းပရာ ထိုညီလာခံကြီးမှ အမေရိကန် အလုပ်သများတို့၏ သွေးမြေကျ တိုက်ပွဲဝင်ခဲ့သော မေလ ၁ ရက်နေ့ကို "မေဒေး" ဟု အထိမ်းအမှတ်ပြုကာ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်. .

အလုပ်သမားနေ့သည် လုပ်အားတန်ဖိုးမြှင့်တင်ပေးသောနေ့၊ တရားမျှတမှုအတွက် တော်လှန်ရုန်းကန်မှုများ ပေါ်ပေါက်အောင် တပ်လှန့်လိုက်သော နေ့ဖြစ်သည်. . . ထို့ကြောင့် မေဒေးသို့မဟုတ် အလုပ်သမားနေ့ကို အလုပ်လုပ်သော ပြည်သူတိုင်းက ထာဝစဉ်တန်ဖိုးထားအပ်ပေသည်. .

ဒေါ်နုကြည်

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. သူတို့တွေ့ စွန့်လွှတ်ခဲ့ကြလို့ ကျွန်တော်တို့တွေ ခုလို နားရတာ ... ဒါတောင် အလုပ်က ပေးမနားချင်ဘူး ...

    ReplyDelete
  2. အလုပ်သမားနေ့လည်း အလုပ်တက်နေရတယ်ရှင်..

    ReplyDelete
  3. အပေါ်က ကွန်မန့်လေးတွေ ဖတ်ပြီး ပြုံးမိတယ်... မေဒေးမှာ အနားရသင့်ပါတယ်လေ......

    ReplyDelete
  4.ီDear Poet& editors,
    I would like to request you that how about if I want to copy some poem of yours?
    I copied the short one poem but it is unable to read though I changed it in zawgyi fort because I don't know your fort.
    thanks

    ReplyDelete
  5. အလုပ်သမားနေ့တော့ အလုပ်ပိတ်သင့်ပါတယ်နော်.....

    ဘာလို့ပေါ်လာလဲဆိုတာကို မျှဝေပေးလို့ ကျေးဇူးပါမမရေ

    ReplyDelete
  6. Dear Anonyous
    စာတွေအားလုံး ကူးယူလို့ရပါတယ်ရှင်.
    ဖတ်လို့မရတာ ဘာကဗျာလည်းရှင် သိပါရစေ ပြောင်းလို့မရရင် မေးနဲ့ ပို့ပေးပါ့မယ် လိပ်စာလေး ထားခဲ့ပေးပါ ..
    အားပေးတာကျေးဇူးပါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။