အရွယ်ကောင်းခိုက် လေဖြတ်သွားသူများလည်း မနည်းပေ. . . လေဖြတ်ပြီး နဂိုမူလ လူကောင်းတစ်ဦးနှယ် ပြန်ကောင်းသူနည်းသွားပြီး မစွမ်းမသန်ဖြစ်ကြရသူတွေ ၊ အိပ်ရာထဲလဲသွားကြသူတွေများသည်. . . လေဖြတ်သည်နှင့် တစ်ပြိုင်နက်တည်းမှာ ကွယ်လွန်သွားသူပင်ရှိပါသည်. .
ယခင်တုန်းက လေဖြတ်သည် ၊လေသင်ဓုန်း ဖြတ်သည် ဆိုလျှင်ကုမရတော့ဟု ယူဆခဲ့ကြသည်. . . အချို့မှာလည်း ကောင်းနိုးရာရာ မြန်မာဆရာတွေနဲ့ နှိပ်ကြနင်းကြသည်. . . ယနေ့ပြောင်းလဲလာသော ခေတ်ကာလတွင် လေဖြတ်ခြင်းကို ကုသလာနိုင်ခဲ့ပါသည်. . . . အမှန်စင်စစ် လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၌ သညာအသိ ကင်းမဲ့သွားခြင်းပင်ဖြစ်သည်. .
လေဖြတ်ခြင်း မှာ.ဦးနှောက်သည် သွေးအလုံအလောက်မရ၍ သညာ သတိမဲ့ရခြင်းဖြစ်သည်. . . အကြောင်းအရင်းမှာ သွေးကြောပိတ်၍သော် လည်းကောင်း ၊ သွေးကြောပေါက်ထွက်၍သော်လည်းကော
ဂရုစိုက်နေသည့်ကြားမှာ လေသင်ဓုန်းဖြတ်လျှင် သွေးကြောင့်ဖြစ်က သွေးရည်ကြည်အဖြစ် ပြန်ပျော်သွားနိုင်သည့် ဆေးများ၊ သွေးကြောပေါက်၍ သွေးခဲနေသည့်နေရာက ဦးခေါင်းခွံအောက်မှာ ဖြစ်လျှင် ဖောက်ထုတ်သောနည်းလမ်းများ ရှိလာသည်. . . CAT SCAN ဟုခေါ်သော Computerized နည်းပညာဖြင့် ဦးနှောက်သားကို ထွင်းဖောက်မြင်နိုင်သော နည်းလမ်းများ ပေါ်ပေါက်နေပြီဖြစ်သဖြင့် ထိခိုက်သော နေရာအတိအကျနှင့် ဖြစ်ရသည့်အကြောင်းရင်းကို သေချာ စွာ ရှာတွေ့နိုင်မည်ဖြစ်ရာကိုထုံးမျ
လေဖြတ်ပြီးနောက် မစွမ်းမသန်ဖြစ်ကြရပြီဆိုလျှင်ေ
တစ်နွယ်ငင်တော့ တစ်စင်ပါဆိုသလို မိသားစုထဲက တစ်ယောက် လေသင်ဓုန်းဖြတ်လျှင် မိသားစု တစ်ခုလုံးမှာ အလုပ်ပျက် အကိုင်ပျက်နှင့် ပြုစု ကြရသည်. . . . ဆေးတန်ဖိုးများလည်း ၀င်ငွေထက်မက ကုန်ကျရသည်. . . လူနာတစ်ဦး ၊ မိသားစု တစ်စုအဆင့်မှ စကာ လူမှုရေး နှင့် စီးပွားရေးကိုပါ ထိခိုက်စေတသာ လေသင်ဓုန်းဖြတ်ခြင်း မဖြစ်စေရန်အတွက် ဆောင်ရွက်သင့်သည်များကို ၊ မပြတ်သတိနှင့် ဆင်ခြင် အသိရှိကြစေချင်ပါသည်. . . .
ဒေါက်တာစံပယ်ဖြူ
အားလုံးကိုချစ်ခင်လေးစားလျှက်...
ကျန်းမာရေး ပညာပေး ဗဟုသုတကို မျှဝေပေးတာ ကျေးဇူးပါအမရေ "လေသင်ဓုန်း" ဆိုတာ "လေဖြတ်ခြင်းရောဂါ" ပါလား။ အခုမှကြားဘူးတား)
ReplyDeleteဟုတ်တယ်.. တစ်ယောက်ကသာ လေဖြတ်သွားရင် ပြီးရောပဲ.. ခံပေတော့ တစ်မိသားစုလုံး... ဒါကြောင့် စားသတိ သွားသတိ ရှိသင့်တယ်ဗျာ......
ReplyDeleteအဖွားက လေဖြတ်နေတယ်ဗျာ သူ့ကို ပြုစုရတာနဲ့ တစ်မိသားစုလုံး အလုပ်ရှုပ်ကြရတယ်။ ဒါပေမဲ့ သက်သာလာပါပြီ။ ကျွန်တော်တို့လည်း လေမဖြတ်ဘူးလို့ မပြောနိုင်ဘူး ..။ လန့်တယ်။
ReplyDeleteငယ်ငယ်လေးနဲ့ လေဖြတ်သွားတဲ့ သူတွေ တွေ့ဘူးပါတယ်။ ဟုတ်တယ်နော် ကျန်းမာရေးကို သတိလေးနဲ့ အမြဲဂရုစိုက်သင့်ပါတယ်။
ReplyDeleteခင်မင်လေးစားလျှက်
ဒဏ္ဍာရီ