ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လူ့လောက ကမ္ဘာ နွားနို့ပုံပြင်



တစ်ခါက ပါချောချောနဲက ပေါချာချာ ဘုရင်ကြီးတစ်ပါးရှိသတဲ့. . . အဲ့ဒီဘုရင်ကြီးဟာ သူနေထိုင်တဲ့ နိုင်ငံက နွားမွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် နွားနို့လည်း အလွန်ပေါဆိုပဲ. . . သူ့ရဲ့နိုင်ငံသာလျှင် ကမ္ဘာပေါ်မှာ နွားနို့အထွက်များဆုံး နိုင်ငံဆိုပြီး အမြဲ ဂုဏ်ယူဝင့်ကြွားနေတယ်. . . တစ်နေ့မှာတော့ အင်တာနက်ဖွင့်ကြည့်ရင်း ကမ္ဘာက နွားနို့အထွက်များဆုံးဆိုတဲ့ နိုင်ငံတွေရဲ့ စာရင်းကို သွားတွေ့သတဲ့. . .

အဲဒီမှာ သူ့နိုင်ငံအမည် စာရင်း ပါမလာတာကြောင့် အကြီးအကျယ် စိတ်ဆိုး ဒေါပွသွားပြီး သူပိုင်ဆိုင်တဲ့ နန်းဆောင်ကြီး တစ်ခုလုံးကို နို့ရည်နဲ့ ဆေးကြောပြမယ်. . . နို့ရည် မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀၀၀ ကျော် အသုံးပြုပြမယ်ဆိုပြီး သူပိုင်တဲ့ ၀က်ဘ်ဆိုက်ကနေ အင်တာနက်က တစ်ဆင့် ကမ္ဘာကို ပြန်ကြေငြာလိုက်သတဲ့ . . .

ဘုရင်ကြီးဟာ မြို့သူ မြို့သားတွေ အကုန်လုံးကို တစ်ယောက်ကို နို့တစ်ပုံးကျ ယူဆောင်လာစေပြိး မက်ထရစ်တန်ချိန် ဂါလံပေါင်း သိန်းထောင်ချီဆန့်တဲ့ ဧရာမကန်ကြီး ကို ပြင်ဆင်ပြီး ထည့်ခိုင်းသတဲ့. . . . ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစား လာကြည့်တဲ့သူတွေ ၊ ကမ္ဘာ့နိုင်ငံတကာ သတင်းထောက်တွေဟာလည်း သတင်းထူးမို့ ဦးဦးဖျားဖျား သတင်းလာယူကြ၊ ဘုရင်ကြီးကို အင်တာဗျူးကြနဲ့. . .

ဆင်းရဲသား မိသားစုက ငါတို့မိသားစု ရေတစ်ပုံးစီ ရောတာလောက်နဲ့ ဘုရင်ကြီးကန်ထဲက နွားနို့တေါ မသိသာပါဘူး လို့ တွေးတယ် . . ပုဏားကြီးကလည်း သူ့ရေတစ်ပုံးနဲ့ နွားနို့တစ်ကန်လုံး ဘာမှ မဖြစ်ပါဘူး လို့ စဉ်းစားတယ်. . . သူဌေးကြီး လင်မယားကလည်း ငါတို့ရေပဲထည့်မယ်. . . မသိသာပါဘူး ကွာလို့ဆိုတယ်. . . ဖိနပ်ချုပ်တဲ့ကောင်ကလည်း ရေ. . . အရက်ပုန်းရောင်းတဲ့လူကလည်း ရေ. . . မြို့စားကြီးကလည်းရေ. . ရဲမက်တွေကလည်းရေ. . . ဘီယာစတေရှင်ဖွင့်ထားတဲ့လူကလည်း ရေ. . . သီချင်းဆိုတဲ့လူကလည်း ရေ. . . ဗေဒင်ဆရာကလည်းရေ. . . ကျောင်းဆရာကလည်းရေ. . . နွားပွဲစားကလည်းရေ. . . ရွှေကုန်သည်ကလည်း ရေ. . .

ဒီလိုနဲ့ ရေတစ်ပုံးလောက်များမသိသာပါဘူး ဆိုပြီး အတွေးတူ စိတ်ကူးတူတွေနဲ့ နွားနို့အစား ရေတွေတစ်ပုံးပြီး တစ်ပုံး ထည့်သွားကြတာ မိဖုရားခေါင်ကြီးကိုယ်တိုင်ရေတစ်ပုံးထည့်ခဲ့သတဲ့. .

ဘုရင်ကြီးလည်း နိုင်ငံတကာ သတင်းမီဒီယာတွေကြားမှာ ခွက်ခွက်လန်ပါတော့သတဲ့ကွယ်. . . အဲဒီတော့မှ လူ့ လောက ကမ္ဘာက လူတွေအကြောင်းကို ဘုရင်ကြီး ကောင်းကောင်း သိသွားတော်မူသတဲ့ကွယ်. .

ရယ်စရာ မဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. အဓိပ္ပါယ်လေးက နက်နဲတယ်ဗျာ ...
    ကျွန်တော်လည်း သဘောပေါက်သွားပြီ ...

    ReplyDelete
  2. I also......!!!!! ha.....ha!
    nice post. carry on

    have a good one.
    အကြမ်းထည်

    ReplyDelete
  3. စာကပေးသွားတဲ့ message က အရမ်းကောင်းတာပဲ။ ကျေးဇူးပါ ညီမလေး may16 ရေ...

    ReplyDelete
  4. လူတွေအကြောင်း ဖတ်ရပါတယ်၊ ကောင်းကောင်း သိသွားပါတယ်

    ReplyDelete
  5. လူတွေ စိတ်ထားအကြောင်းပေါ့နော် ..း)

    ReplyDelete
  6. ဗေဒင်ဆရာလည်း ပါသေး..တဲ့ ဟားဟား

    ReplyDelete
  7. လာဖတ်သွားပါတယ်ရှင်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။