သင်္ကြန်ဟူသော စကားသည် သင်္ကန္တဟူသော ပါဠိမှ ဆင်းသက်၍ ရွတ်ဆိုသော အခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည်. . . အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်သည်. . . . . ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်းပါသည်…
သင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်. . . သင်္ကြန်ရေပက်ဖျန်းခြင်းသည်. . လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်. . ရေသည် မေတ္တာဓာတ်ကို တင်စားသည် ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာဓာတ်ကို တင်စားခြင်းဖြစ်သည်. . . . ရှေးက ဤအနက်အဓိပ္ပါယ်ကို ၀ိသေသထူးစေခြင်းဌာ "ထုံသင်း နံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်" သော အမွှေးအကြိုင်တို့တွင် ဖလားတွင် ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်. . . ဤသို့ ရေကစားခြင်း၌ ကလေးလူကြီးမရွေးအလွန်ပျော်ရွှင်ကြသည်. . .
လူကြီးများကား သင်္ကြန်နှစ်သစ်ကူး အခါတော်တွင် ကိုယ်နှုတ်နှလုံးသုံးပါးစုံ စင်ကြယ် စေသည်ဟူသော အထိမ်းအမှတ် ဖြင့် ဦးခေါင်းကို ဆေးကြလျှော်ကြသည်. . . . . သင်္ကြန်တွင်းတွင် ဦးခေါင်းဆေးမင်္ဂလာအနေဖြင့် လူငယ်များက လူကြီးတို့၏ ဦးခေါင်းကို သရော်ကင်ပွန်းတို့ဖြင့် ဆေးလျှောပေး၍ ကုသိုလ်ယူကြသည်. . . တရားဓမ္မဦးဆောင်လမ်းပြဖြစ်သော လူကြီးသည် မိမိတို့၏ သားသမီးမြေးမြစ် ငယ်ရွယ်သူတို့ကို ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်၍ ဥပုသ် သီတင်းသီလဆောက်တည်စေသည်. . . . အချို့ကလည်း ကုသိုလ်တရားပွားများအောင် သင်္ကြန်ကာလတွင်း၌ပင် ပဉ္ဖင်းခံရှင်ပြု အလှူအတန်းတို့ကို ဆောင်ရွက်လေ့ရှိပါသည်. .
သို့ရာတွင် ပုထုဇဉ်တို့၏ ဓမ္မတာမှာ ပျော်ရွှင်လိုကြသော ဓမ္မတာဖြစ်၏. . ထို့ကြောင့် သင်္ကြန်ပွဲတော်ကို အတီးအမှုတ် အကအခုန်များဖြင့် ဆင်နွဲကြ၏ . . . အလှကား ၊ အလှယာဉ်တို့ဖြင့် မြို့တွင်းသို့ လှည့်လည်ကြ၍ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ကို ထုတ်ဖော်ပြသကြသည်မှာ အလွန်ကြည်နူးဖွယ်ရာဖြစ်သည်. .
အတာရေဖြင့် အားလုံးအေးချမ်းပျော်ရွှင်ပါစေရှင်...
အားလုံးကိုချစ်ခင်လေးစားလျှက်...
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..
ReplyDeleteနှစ်ဟောင်းက ရိုးရာသင်္ကြန်စစ်စစ်လေးတွေကို သတိရမိတယ်..
မင်္ဂလာနှစ်သစ်ပါညီမတို့ရေ....
ReplyDeleteနှစ်သစ်နဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနဲ့ပြည့်စုံကြပါစေ။
ဒီနှစ်တော့ ကဆုန်မှ သင်္ကြန်ပွဲကျင်းပနိုင်တယ်းP နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
ReplyDeleteနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ReplyDeleteနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ
ReplyDelete