ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လိုရင်း



"လိုရင်း"


သူများထက် အရင်ဦးချ၊
သူများထက် အရင်ရောက်ချင်၊
သူများထက် အရင်နေရာရချင်၊
သူများထက် အရင်အဆင်ပြေချင်လို့။
လောလော လောလောနဲ့ လုပ်ရင်းက၊
သူများထက် အရင်သေသွားရင် ဘယ်လိုလုပ်မလဲ။

လောမကြီးဖို့၊ ပျာယာမခတ်ဖို့၊
ဗျာမများဖို့သာ လိုရင်းပါ။

"စကား၊ အစားနဲ့ တရား"

တရားမကောင်းရင်တော့
စကားကောင်းကောင်းပြောလာပြီ။
အစားလည်းကောင်းကောင်းစားလာပြီ။

တရားနဲ့မပျော်တော့ရင်
စကားပြောဖော်ရှာလာပြီ။
အစားကောင်းလည်း မျှော်လာပြီ။

စကား အကူးအသန်းလုပ်နေသမျှ
အစားဘီလူးခန်း ဖွင့်နေသမျှ
တရားထူးရဖို့ လမ်းပွင့်မည်မဟုတ်ပါ။

မြသန်းစံ
အားလုံးကိုချစ်ခင်လေးစားလျှက်...





8 comments:

  1. ဖတ်ဖူးတယ်...ပြန်ရှဲတဲ့အတွက်ကျေးဇူးပါ..
    "စကား၊ အစားနဲ့ တရား"
    ကြိုက်တယ်စကားလုံးလေးတွေကချိတ်ဆက်ထိမိတယ်နော်

    ReplyDelete
  2. အမရေ... ကျေးဇူးတင်ပါတယ်.. တကယ့်ကို တန်ဘိုးရှိတဲ့ စကားလေးပါ.။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. ကောင်းလိုက်တဲ့စာလေးဗျာ..... အရမ်းကြိုက်သွားပြီ....

    ခင်မင်တဲ့
    ဂျပန်ကောင်လေး

    ReplyDelete
  4. မှတ်သားဖွယ်ရာ စာသားလေးတွေပဲ ထိထိမိမိမို့ မှတ်သားသွားတယ် အမရေ။

    ReplyDelete
  5. ကိုတိုးလေးFebruary 1, 2010 at 8:17 PM

    အမရေ တကယ်ကိုကျေးဇူးတင်ပါတယ် မျှဝေပေးတဲ့အတွက်လေ မှတ်သားစရာနဲ့ ထိထိမိမိရှိလှတဲ့စကားလုံးတွေပါပဲအမရေ။ ပျော်ရွှင်ပါစေအမ။

    ReplyDelete
  6. "စကား၊ အစားနဲ့ တရား"
    ပွိုင့်လေးကိုမှတ်သွားတယ်အမ :)

    ReplyDelete
  7. အတော်ကောင်းတယ်။
    တော်တော်လဲ တိုက်ဆိုင်နေတယ်။
    ပန်းကဗျာတကယ်တော်သွားပြီ။ ဒီလို တန်ဖိုးရှိတဲ့ စကားစုလေး တင်ပေးတာ။

    ReplyDelete
  8. ဟုတ်တယ်ခင်ဗျာ...
    တရားရှိ မှ ဖြစ်မယ် ...
    မှတ်သားစရာမို့ မှတ်ထားလိုက်ပါတယ်ခင်ဗျာ
    ပျော်ပါစေ
    *.*.*

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။