ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အပ္ပမာဒ တရားတော်



ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်မှာ (၂၇) ကြိမ်မြောက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယဓမ္မ စာဖြေစာပြန်ပွဲတော်ကြီးရဲ့ နောက်ဆုံးညမှာ သီတဂူဆရာတော် ကြီး က " အပ္ပမာဒ " တရား ခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့ပါတယ်. . . .

ကိုယ့်မြို့မှာ ကျင်းပတဲ့ တရားပွဲများကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြချင်ပေမယ့် ပန်းကဗျာရော မေ16 ရော ရုံးဆင်းမှ တရားပွဲကို အမှီသွားရတာရယ်.. . . . ၊ ရတဲ့နေရာကနေ တရားနာခဲ့ရတဲ့အတွက် ဓာတ်ပုံတွေရိုက်လို့ မရခဲ့ပါဘူး . . . တရားပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ၁၃.၁.၂၀၁၀ ရက်နေ့ က သီတဂူဆရာတော်ကြီး ရဲ့ တရားနာ ပရိသတ်ကလည်း မနည်းပါဘူး . . . ကွင်းထဲမှာ လူတွေ ထိုင်စရာနေရာမရှိအောင်ကို တရားနာ ပရိသတ်က များပြားလှပါတယ်. . . .

ဆရာတော်ဟောကြားတော်မူသော အပ္ပမာဒ တရားတော်ကို ဓမ္မမိတ်ဆွေများအား ဓမ္မလက်ဆောင် အဖြစ် ဖြန့်ဝေပေးလိုက်ပါတယ် . . .

တရားနာလိုသူများ အတွက် အပ္ပမာဒ တရားတော်ကို "အပ္ပမာဒ(၁)" နှင့် "အပ္ပမာဒ (၂)" စသည်တို့ဖြင့် တရားတော်များ နာယူမှတ်သားနိုင်ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...





7 comments:

  1. ပန်းကဗျာတို့ကတော့ တရားပွဲဆို နောက်မကျကြေး ဆိုသလိုဘဲ။ တရားတွေ အရမ်းနာပြီး သီလရှင်ဝတ်ချင်စိတ်ပေါက်သွားရင်ဦးမယ်နော်။ :D။

    ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

    ReplyDelete
  2. အခုအချိန် ဒေါင်းရင် အင်တာနက်ကွန် မကောင်းလို့ မနက်စောစောမှ ဒေါင်းတော့မယ် ကျေးဇူးနော်

    ReplyDelete
  3. ဓါတ်ပုံတွေမရိုက်ဖြစ်ပေမယ့်၊ တရားမျှဝေတာကိုပဲ ကျေးဇူးကြီးလှပါပြီ။ သာဓုခေါ်ပါတယ် ညီမတို့ရေ..
    အဆင်ပြေပျော်ရွှင်ကြပါစေ။

    ReplyDelete
  4. သီတဂူဆရာတော်ကြီးရဲ့ တရားကို ဒေါင်းသွားတယ်နော်.။ အမြတ်ဆုံး ဓမ္မဒါအတွက် ကျေးဇူးတင်သလို သာဓုလည်း ခေါ်ဆိုသွားတယ် မမ.။

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete
  5. ပုသိမ်သား SFJanuary 27, 2010 at 4:29 PM

    တရားတော်နာယူသွားပါတယ်
    ကျေးဇူးပါ..............

    ReplyDelete
  6. တရားနာဖို့ အေးဆေးမှလာဦးမယ်ဗျာ.. ဟီး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။