"လိုရင်း"
သူများထက် အရင်ဦးချ၊
သူများထက် အရင်ရောက်ချင်၊
သူများထက် အရင်နေရာရချင်၊
သူများထက် အရင်အဆင်ပြေချင်လို့။
လောလော လောလောနဲ့ လုပ်ရင်းက၊
သူများထက် အရင်သေသွားရင် ဘယ်လိုလုပ်မလဲ။
လောမကြီးဖို့၊ ပျာယာမခတ်ဖို့၊
ဗျာမများဖို့သာ လိုရင်းပါ။
"စကား၊ အစားနဲ့ တရား"
တရားမကောင်းရင်တော့
စကားကောင်းကောင်းပြောလာပြီ။
အစားလည်းကောင်းကောင်းစားလာပြီ။
တရားနဲ့မပျော်တော့ရင်
စကားပြောဖော်ရှာလာပြီ။
အစားကောင်းလည်း မျှော်လာပြီ။
စကား အကူးအသန်းလုပ်နေသမျှ
အစားဘီလူးခန်း ဖွင့်နေသမျှ
တရားထူးရဖို့ လမ်းပွင့်မည်မဟုတ်ပါ။
မြသန်းစံ
ဖတ်ဖူးတယ်...ပြန်ရှဲတဲ့အတွက်ကျေးဇူးပါ..
ReplyDelete"စကား၊ အစားနဲ့ တရား"
ကြိုက်တယ်စကားလုံးလေးတွေကချိတ်ဆက်ထိမိတယ်နော်
အမရေ... ကျေးဇူးတင်ပါတယ်.. တကယ့်ကို တန်ဘိုးရှိတဲ့ စကားလေးပါ.။
ReplyDeleteခင်မင်လေးစားလျှက်
ကောင်းလိုက်တဲ့စာလေးဗျာ..... အရမ်းကြိုက်သွားပြီ....
ReplyDeleteခင်မင်တဲ့
ဂျပန်ကောင်လေး
မှတ်သားဖွယ်ရာ စာသားလေးတွေပဲ ထိထိမိမိမို့ မှတ်သားသွားတယ် အမရေ။
ReplyDeleteအမရေ တကယ်ကိုကျေးဇူးတင်ပါတယ် မျှဝေပေးတဲ့အတွက်လေ မှတ်သားစရာနဲ့ ထိထိမိမိရှိလှတဲ့စကားလုံးတွေပါပဲအမရေ။ ပျော်ရွှင်ပါစေအမ။
ReplyDelete"စကား၊ အစားနဲ့ တရား"
ReplyDeleteပွိုင့်လေးကိုမှတ်သွားတယ်အမ :)
အတော်ကောင်းတယ်။
ReplyDeleteတော်တော်လဲ တိုက်ဆိုင်နေတယ်။
ပန်းကဗျာတကယ်တော်သွားပြီ။ ဒီလို တန်ဖိုးရှိတဲ့ စကားစုလေး တင်ပေးတာ။
ဟုတ်တယ်ခင်ဗျာ...
ReplyDeleteတရားရှိ မှ ဖြစ်မယ် ...
မှတ်သားစရာမို့ မှတ်ထားလိုက်ပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.*