တစ်နေ့သ၌ ဘုရင်မင်းမြတ်သည် ခရမ်းချဉ်သီးဟင်းနှင့် ပွဲတော်တည်ရာ အပါးတွင် အမြဲခစားနေသော စကားတောင်စားအမတ်အား . . .
"ခရမ်းချဉ်သီးဟင်းနဲ့ ပွဲတော်တည်ရတာ အရသာရှိလိုက်ပါဘိ. . . "
"မှန်လှပါ . . . ခရမ်းချဉ်သီးဟာ အလွန်အရသာရှိပါတယ် ဘုရား . . ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေပါတယ် ဘုရား . . . ." ဟု စကားတောင်စားအမတ်က အလိုက်သင့်လျှောက်ထား၏. . .
သို့ရာတွင် နောက်တစ်နေ့၌ ဘုရင်မင်းမြတ်သည် စကားတောင်စား အမတ်ကြီးအား အပါးတော်သို့ ခေါ်တော်မူ၍ "ခရမ်းချဉ်သီးဟာ လေနာ ထသလား အမတ်ကြီး ၊ ကိုယ်တော်မြတ် အခုလေနာ ထနေပြီ. . . "
"မှန်လှပါ . . . ခရမ်းချဉ်သီးဟာ လေနာ၊ ရင်နာထတတ်တဲ့ အသီးဖြစ်လို့ ပွဲတော်တည်ရန် မသင့်ပါဘုရား . . . လေစား သက်သက် ဖြစ်ကြောင်းပါ. . . " ဟု လျှောက်တင်ပြန်သည်. .
ထိုအခါ ဘုရင်မင်းမြတ်သည်. . .
"သယ် . . ခုတစ်မျိုး . . ခုတစ်မျိုးပါလား . . . မနေ့တုန်းက တော့ ခရမ်းချဉ်သီးဟာ အစာကြေတယ်. . ဓာတ်လေးပါး ညီတယ် . ပွဲတော်တည်ဖို့ကောင်းတယ် လို့ လျှောက်တင်ခဲ့တယ်. . . ခုတော့ ခရမ်းချဉ်သီးဟာ ပွဲတော်တည်ဖို့ မသင့်ဘူး . . ဖြစ်ပြန်ပြီ. . . မောင်မင်းလျှောက်တင်တဲ့ စကား ရှေ့နောက်မညီပါကလား . . ."
"မှန်လှပါ . . . ကျွန်တော်မျိုးဟာ ခရမ်းချဉ်သီး က သူကောင်းပြုထားသူမဟုတ်ပါ. . . ဘုန်းတော်ကြီးလှသော ဘုရား သူကောင်းပြုထားတဲ့ ကျေးတော်မျိုး. . . ကျွန်တော်မျိုးသာ ဖြစ်တဲ့အတွက် ခရမ်းချဉ်သီးရဲ့ အလိုလိုက်ပြီး မတင်နိုင်ပါဘုရား . . အရှင်မင်းမြတ်ရဲ့ ကျွန်, တော်မို့ အရှင့်အလိုကို လိုက်ပြီး တင်ရကြောင်းပါဘုရား . . . "ဟု လျှောက်တင်၏။
စကားဆုံးလျှင် ဘုရင်မင်းမြတ်ပြုံးတော်မူ၍ အတွင်းတော်သို့ ၀င်၏။
စကားတောင်စားများ( သိမ့်သိမ့်နွေး)
အားလုံးကိုချစ်ခင်လေးစားလျှက်...
မမရေ ............ စာကားတောင်စား အမတ်ရဲ့ အဖြေလေးကို သဘောကျ နှစ်ခြိုက်လို့ ပြုံးမိပါတယ်။း)
ReplyDeleteခင်မင်လေးစားလျှက်
ခရမ်းချဉ်သီးက တကယ်လေနာထတတ်သလား မသိဘူး။
ReplyDeleteအခုနေခောတ်များတော့ ကြိုးစင်ပဲ... ဟင်းဟင်း..
ReplyDeleteခင်မင်တဲ့
ဂျပန်ကောင်လေး
အလျှောက်ကောင်းမှ အထောင်းသက်သာမှာ မဟုတ်လား အမရဲ့ :)
ReplyDeleteI VISITED HERE
ReplyDeleteပြောတတ်ဆိုတတ် ပေါင်းသင်းတတ်မှ..
ReplyDeleteအဆင်ပြေမယ်ဆိုပါတော့နော်...
ဟုတ်ပါတယ်..အလျှောက်ကောင်းတော့ အထောင်းသက်သာ ဆိုသလိုပေါ့ခင်ဗျာ
ပျော်ပါစေ
*.*.*
လူဆိုတာ အခြေနေနဲ့အချိန်ခါသိရတယ် ဆိုတဲ့သဘောပေါ့အစ်မရေ..။
ReplyDeleteး)
ပေါင်းတတ်သင်းတတ်မှ
ReplyDeleteအရာရာ အဆင်ပြေနိုင်မယ် ...
သူ့ ဆန်စားရဲမှ ... ဆိုသလိုပေါ့ နော်
ဒါနဲ့  စကားမစပ် ...
ညီမလေးလည်း ခရမ်းချဉ်သီးအရမ်းကြိုက်တယ်
သိလား ... :P
ငါ့အစ်မတို့၊ ငါ့ညီမတို့လည်း ခရမ်းချဉ်သီး ကြည့်စားဦး။ အဟေး
ReplyDeleteအော်.. သွေးလှူတာတဲ့။ ရက်စက်ပါပေ့။
ReplyDeleteအဲလိုနည်းနဲ့ ညာစားနေသူတွေ ကောင်းစားနေကြတာပေါ့...
ReplyDeleteးဝ)
အယ်.... မမိုက်ပါဘူး မမရယ် နော်
ReplyDelete