ဟိုးရှေးအခါတုန်းက ဗာရာဏသီပြည်မှာ ဒဠဓမ္မ မင်းစိုးစံနေတယ်. . . ထိုမင်းမှာ သြဠဗျာဒိ ဆိုတဲ့ ဆင်မတစ်ကောင်ရှိတယ်. . . အဲဒီဆင်မက ယူဇနာ တစ်ရာခရီးကို နေ့ချင်းပေါက်ရောက်အောင် သွားနိုင်တယ် . . ခြေမြန်တမန်တော် အမှုကို ကောင်းမွန်စွာ ပြုလုပ်ပေးနိုင်ပါတယ်. . . ရန်သူတို့ကိုလည်း အောင်မြင်အောင် နှိမ်နင်း စစ်ထိုးနိုင်တယ်. . . ဒီတော့ မင်းကြီးဟာ ဆင်မကို အခြွေအရံတွေများစွာ ပေးထားပြီး ကောင်းစွာ ချီးမြှောက်ထားတယ်. . .
ဆင်မကြီး အိုမင်းလာတဲ့အခါမှာ ဘုရင့်အမှုတော်ကို ငယ်စဉ်တုန်းကလို တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ် မထမ်းဆောင်နိုင်တော့ဘူး. . . ဆင်မကြီးကို အသုံးမချတော့ဘူး . . ပေးထားတဲ့ အခြွေအရံတွေကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်တယ်. . . . . ဆင်မကြီးဟာ တောအရပ်မှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေကိုသာ ရှာဖွေစားသောက် အသက်မွေးနေရရှာတယ်. . .
တစ်နေ့ မင်းကြီးဟာ အိုးထိန်းသည် တစ်ယောက်ကို ခေါ်ယူလိုက်တယ်. . "ငါ့ရဲ့ နန်းတော်ထဲမှာ အိုးတွေ မလုံမလောက် ဖြစ်နေတယ်. . . အိုးတွေ အမြန်လုပ်ပြီးယူလာခဲ့လော့. . . . " ဟု အမိန့်ပေးလိုက်တယ်. . . .အိုးထိန်းသည်က "အရှင်မင်းကြီး အိုးဖုတ်ဖို့အတွက် လောင်စာ နွားချေးတိုက်လိုပါတယ်. . . နွားချေးတိုက်ယူရန် လှည်းဆွဲမဲ့နွား မရှိပါဘူး. . . " လို့လျှောက်တင်လိုက်ပါတယ်. . .
"သြဠဗျာဒိ ဆင်မအိုကြီးရှိတယ်မလား သူ့ကို ယူပြီးတိုက်လေ . . "ဟု မင်းကြီးက မိန့်လိုက်ပါတယ်. .
တစ်ချိန်က လျှမ်းလျှမ်းတောက် ချီးမြှောက် ခြင်းခံခဲ့ရတဲ့ ဆင်မကြီးဟာ ခုတော့ နွားချေးလှည်း ဆွဲနေရပါတယ်. . ဆင်မကြီးဟာ တွေးကြည့်ရင်း ၀မ်းနည်းလာပါတယ်. . .တစ်နေ့တော့ ပညာရှိ အမတ်ကြီးနဲ့ ဆုံဆည်းမိတဲ့အခါ ငိုကြွေးပြီး ရှိခိုး ဦးတင်လျှောက်ထားလိုက်ပါတယ်. .
"အမတ်ကြီး ကျွန်ုပ် နုပျိုသန်စွမ်းစဉ်က စည်းစိမ်တွေ အခြံအရံတွေ ပေးထားပါတယ်. . အိုမင်းလာတဲ့ အခါမှာ စည်းစိမ်၊ အခြံအရံတွေ ပြန်လည် ရုပ်သိမ်းသွားပါတယ်. . . ကျွနုပ်ကိုလည်း အမှတ်မရကြတော့ပါ. . . ကျွန်ုပ်ဟာ တောထဲမှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေစား အသက်မွေးနေရပါတယ်. . . ဒီထက်ပိုဆိုးတာက ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာကိုမှ မထောက် ယခုအခါ နွားချေးလှည်း ဆွဲခိုင်းထားပါတယ်. . . ကျွန်ုပ်ကို သနားကြင်နာရင် အရင်ကလို စည်းစိမ်နဲ့ အခြံအရံတွေ ပြန်ရအောင် မင်းကြီးကို လျှောက်တင်ပေးပါ . . ." ဟု ပြောလေသည်. .
နောက်တစ်နေ့ ညီလာခံတွင် "အရှင်မင်းကြီး လူတွေဟာ မိမိအတွက် အကျိုးပြုနိုင်သူကို ၊ အသုံးချလို့ရတဲ့ အချိန်မှာ အသုံးချပြီး ၊ အသုံးမ၀င်တော့တဲ့အခါမှာ သြဠဗျာဒိဆင်မလို လျစ်လျူရှုစွန့်ပစ်ထားလိုက်ကြတယ်. . . ရှေးက မိမိအပေါ် အကျိုးစီးပွား ဆောင်ရွက်ခဲ့သူအား တုန့်ပြန်ကြည့်ရှု စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်. . . ကျေးဇူး မသိတတ်ကြသူတွေ ကြံစည်လုပ်ဆောင်သမျှ ပျက်စိးတတ်ကြပါတယ်. . ကျေးဇူးဆပ်ရမှာကို သိတဲ့သူတွေက ကသာ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းကြပါတယ်. . . ယခုမင်းပရိသတ် အပေါင်းဟာလည်း သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်ပြီး ကျေးဖူးဆပ်ကြမယ်ဆိုရင် နတ်ပြည်ကို ရောက်က နတ်စည်းစိမ်ကို ကြာရှည်စွာ ခံစားနေနိုင်ကြပါလိမ့်မယ်. . ." လို့ အမတ်ကြီးက လျှောက်တင်လိုက်ပါတယ်. . .
မင်းကြီးဟာ ပြန်လည်သတိရလာတယ် . . . သြဠဗျာဒိ ဆင်မအိုကြီးအား ယခင်းအတိုင်း ပေးမြဲအခြံအရံနဲ့ စည်းစိမ်တွေကို ထပ်မံပေးလိုက်ပါတယ်. . မင်းကြီးနဲ့တကွ အမတ်အားလုံးဟာ အမတ်ကြီးရဲ့ ဆုံးမစကားနဲ့ အညီ နေထိုင်သွားကြတာမို့ ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်ခဲ့ကြရပါတယ်. . .
(ဒဠဓမ္မဇာတ်)

"ကျေးဇူးတရားအပေါ် ထောက်ထားညှာတာခြင်းဟာ
လူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်. "
လူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်. "
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပုံပြင်ထဲက ဘုရင်ဟာ ပထမပိုင်းမှာ ကျေးဇူးမသိတတ်ပေမယ့် သိတတ်တဲ့ အမတ်ပညာရှိတို့ရဲ့ တန်ဘိုးရှိတဲ့ စကားကို လေးစားလိုက်နာပြီး နေထိုင်သွားတာပဲ။ ညီမတို့တိုင်းပြည်လည်း အဲဒီလို ဘုရင်မျိုးလောက် ရှိရင် တော်ပါပြီ အမရယ်..
ReplyDeleteခင်မင်လေးစားလျှက်
ကျေးဇူးတရားကို မေ့ထားလို့မရပါဘူး တချိန်မှာတော့ အမှန်တရားဆိုတာ ပေါ်လာတာပါပဲ။ ဘုရင်ကလဲ ဘုရင်ပီသစွာ မှားတာကို မှားမှန်းလက်ခံလို့ ပြုပြင်တယ် မှူးမတ်ကလဲ ပြောသင့်ပြောထိုက်တဲ့ စကားကို ရဲဝင့်စွာ ပြောဆိုတယ် မှတ်သားသွားပါတယ်
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
အဲလိုလူတွေ လောကမှာ အများသားပဲ..
ReplyDeleteဆင်မကြီးဖက်ကစဉ်းစားပြီးဝမ်းနည်းလိုက်တာ
ReplyDeleteခုခေတ်မှာကတော့ ကျေးဇူးကန်းမိမှန်းသိသိကြီးနဲ့ ပြန်မတောင်းပန်ကြတော့ဘူး။ မတောင်းပန်ဆို ကျေးဇူးကို ကျေးဇူးမှန်းမသိကြတော့ဘူးလေ။
ReplyDeleteဘုရင်ကြီးလိုသာ ကျေးဇူးကို ပြန်အမှတ်ရပြီး သူ့ကျေးဇူးကို အထူးသိတတ်ကြရင်တော့ လောကကြီးလုံးဝ အေးချမ်းသာယာနေမှာပါ။
အဆင်ပြေပါစေ။
အဘ ( မင်းသိင်္ခ ) က သင်ကြားပါတယ် လူတစ်ယောက်ကို ကျေးဇူးပြုပြီဆိုရင် အဲဒီပြုထားတဲ့ ကျေးဇူးကို မေ့ပစ်ထားရတယ်၊ ကျေးဇူးပြုခြင်းအတွက် ရလဒ်ဆိုတာ ကျေးဇူးပြုခြင်းပဲ ဖြစ်တယ်။ တခြားဘာမှ မရှိဘူး။ မျှော်လည်း မမျှော်လင့်အပ်ဘူး...တဲ့။
ReplyDeleteမမေ့အပ်တဲ့ ကျေးဇူးတရားကို မေ့မေ့လျော့လျော့ နေတတ်သူတွေ အတွက် သတိပေးထားတဲ့ မှတ်သားသင့်တဲ့ ပုံပြင်လေးနော်
ReplyDeleteစဉ်စားမိတယ်နော် အခုလို ငယ်ရွယ်ချိန်မှာ သူများဝန်ထမ်းလုပ်ပြီး အားကြိုးမန်တက် အလုပ်လုပ်နေတယ် အသက်ကြီးလာရင် အဲဒီ ဆင်မကြီးလို အပယ်ခံရရင် တော့
ReplyDeleteဒီ post လေးအတွက်အထူးကိုကျေးဇူးတင်ပါတယ်ရှင်။ :)
ReplyDelete"ကျေးဇူးတရားအပေါ် ထောက်ထားညှာတာခြင်းဟာ
ReplyDeleteလူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်. "
ဒီစာသားလေး မှတ်သားနှလုံးသွင်းသွားပါတယ်..။ အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေအစ်မရေ..။
"ကျေးဇူးတရားအပေါ် ထောက်ထားညှာတာခြင်းဟာ
ReplyDeleteလူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်. "
ဟုတ်တယ်... အမှန်ပါပဲ...