ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကတိ


"မင်းမှာကတိ ၊ လူတွင် သစ္စာ" ဟုသော စကားအတိုင်း အလုပ်လုပ်တဲ့လုပ်ငန်းခွင် မှာပဲ ဖြစ်ဖြစ် လူမှု ဆက်ဆံရေး နယ်ပယ် မှာပဲ ဖြစ် ဖြစ် ကတိ တည်ဖို့ က အလွန်အရေးးကြီးပါသည်. . . . မည်သည့် အလုပ်ကိစ္စဖြင့် ချိန်းချိန်း၊ ချိန်းထားပြီးရင် မပျက်အောင် သတိထားရပါ့မယ်. . . . လာခဲ့မယ် ဟု ပြောထားပြီး အကြောင်းကြောင်းကြောင့် မသွားနိုင်လျှင် အချိန်မှီအကြောင်းသင့်ပါသည်. . . .

မိမိကြောင့် တဖက်လူက သူ့ အချိန်၊ အလုပ်များကို ဖျက်ပြီး စောင့်စားနေရခြင်း ဖြစ်လျှင် ပို၍ ကတိတည်သင့်ပါသည်. . . အချိန်အပြင် ၊ အစားအစာများ ၊ ပြင်ဆင်ထားပါက အချိန်ရော ငွေပါကုန်စေသည် ပြင်ဆင်မှုများ ရှိကောင်း ရှိနိုင်ပါသည်. . .

ကိုယ်က အကူအညီပေးရမည့် ကိစ္စဖြစ်နေစေကာမူ အကူအညီယူမည့် လူ က စောင့်ရမှာပဲ ဆိုသည့် တင်စီးသည့် အတွေးများကို မတွေးသင့်ပါ. . . . . . . . အပြန်အလှန် လေးစားမှု ပြုသည့် အနေဖြင့် မိမိ ချိန်းဆိုထား သည့် ကိစ္စ ဖြစ်စေ၊ အကူအညီပေးမည် ဟု ကတိခံထားသော ကိစ္စများ တွင် အထူး သတိထား ၍ ကတိတည်သင့်ပါသည်. . .

မည်သည့် လုပ်ငန်းကိစ္စများတွင် မဆို ကတိစကား ကို တည်ကြည်စွာ ပြောဆိုဆက်ဆံလျှင် မိမိရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများ အပေါ်တွင် တဖက်လူမှ ယုံကြည်စွာဖြင့် မိမိပေါ်တွင် လေးစားစွာလက်တွဲ လုပ်ကိုင်နိုင်၍ အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါလိမ့်မည်. . . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...


7 comments:

  1. ကတိပျက်ကြလို့ စိတ်တိုခဲ့ရတာတော့ အများကြီးပဲ.. အဓိကက ချိန်းထားတဲ့အချိန်ကို အတိအကျရောက်လာဖို့ ပေးတဲ့ ကတိတွေပဲ.. အသက်က ငယ်သေးတော့ ကြီးကြီးမားမား ကိစ္စတော့ မကြုံသေးဘူးပေါ့.. ဒါပေမယ့် အဲလို အချိန်နောက်ကျတဲ့ ကိစ္စကတော့ တအားတင်းတယ်...

    ReplyDelete
  2. ကတိတည်အောင် ကြိုးစားနေပါ့မယ်း)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. တစ်ခါတစ်လေတော့လည်း .. ပညာရှိသတိဖြစ်ခဲ ဖြစ်တတ် တယ်လေ.. ။ အဲ့လို မဖြစ်အောင်.. စာလာဖတ်တာ..။ သတိရှိသွားအောင်..။



    သိုင်းသိုင်း
    မေ ၁၆

    ReplyDelete
  4. ဟုတ်တယ်ဗျ... လူတွေက ကတိတည်ဖို့ခက်တယ်...
    ဖျက်ရတာ လွယ်တယ်...
    အကောင်းဆုံးကတော့ ကိုယ်ကပဲ ကတိတည်နိုင်အောင် ကြိုးစားတော့မယ်...

    ReplyDelete
  5. ကတိ မတည်နိုင်ရင် ကတိ မပေးတာ အကောင်းဆုံးပါ။

    ReplyDelete
  6. ဟုတ်ကဲ့.. ဟုတ်ကဲ့.. လိုက်နာပါ့မယ်...

းဝ)

    ReplyDelete
  7. အထူးသဖြင့် မြန်မာပြည်မှာပေါ့လေ... ကတိတလုံး အတော်သုံး၊ သုံးပြီးသကာလ ပြန်ဖျက်ကြ ဆိုသလိုပဲလွယ်လွယ်ပဲ ကတိပေးကြသလို၊ လွယ်လွယ်ပဲဖျက်ကြတာ ထမင်းစား၊ရေသောက်တာထက်တောင် လွယ်ကြလွန်းလို့ ခက်ကုန်ပြီ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။