ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသေးမွှားလေးများမှ အစ



လူတစ်ယောက်သည် လမ်းမအတိုင်း သုတ်ခြေတင် လျှောက်သွားနေစဉ် သူ့အိတ်ထဲမှ ငွေတစ်ပြား ထွက်ကျသွားပါသည်. . . လူငယ်လေးတစ်ယောက်သည်. ထိုပိုက်ဆံကို ကောက်ယူ၍ ငွေကျပျောက်သွားမှန်းပင် မသိခဲ့သူ၏ နောက်သို့ အပြေးလိုက်သွားပြန်ပေးလိုက်ပါသည်. .

သူသည် လူငယ်ကလေးကို ကျေးဇူးတင် စကားဆိုရုံမက လူငယ်ကလေး၏ နာမည်နှင့် လိပ်စာကိုပါ ရေးမှတ်ထားလိုက်ပါသည်. . .

ထိုလူငယ်လေး အထက်တန်းပညာ အောင်မြင်ခဲ့ပြီးသော အခါ တွင် ထိုသူသည် လူငယ်ကလေးကို ငွေကြေးများစွာ ကိုင်တွယ်ရသော ရာထူးတစ်ခု ပေးလိုက်ပါသည်.. ငွေတစ်ပြားမျှကိုပင် ပြန်ပေးသော လူငယ်အား ငွေကြေးဒေါ်လာ ပေါင်းများစွာဖြင့် စိတ်ချယုံကြည်နိုင်သည် ဟု သူယူဆခဲ့ပါသည်. . .

ထို့ကြောင့် မိမိ၏အပြုအမူ အသေးအမွှားက အစ မိမိတို့၏အကျင့် စာရိတ္တကို ဖော်ပြပါသည်. . ကျွန်ုပ်တို့သည်. . ကျွန်ုပ်တို့ ငှားရမ်းခဲ့သော ခဲတံများ၊ စာအုပ်များ ပြန်ပေးရန်နှင့် ငွေကြေးအနည်းငယ်ကို ပင် ပြန်ဆပ်ရန် အမြဲတစေ ဂရုစိုက်လျှင် ကျွန်ုပ်တို့သည် ရိုးသားမှုအကျင့် စရိုက်များ ပျိုးထောင်နေရာရောက်ပါမည်. . .

သို့ဖြစ်ပါ၍ မိမိတို့ နိစ္စဓူဝ ပြုမူနေကျ အရာလေးများသည်. . မိမိတို့၏ အကျင့်စရိုက်ကို ဖန်တီးပြီး မိမိတို့၏ ကံကြမ္မာကို ကွပ်ကဲပါသဖြင့် မိမိ၏ကိုယ်ကျင့်တရားကို အသေးအမွှားကိစ္စလေးများမှ အစဂရုတစိုက် ပြုပြင်သင့်ပါသည်. . .

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...





10 comments:

  1. ဟုတ်တယ်။ အသေးအမွှားကစပြီး စာရိတ္တကောင်းမွန်မှ ကျန်တာတွေကို ယုံကြည်စိတ်ချရမယ်မဟုတ်လား။

    ငယ်ငယ်တုန်းက ရွာဦးကျောင်းဆရာတော်သင်ပြဖူးတာရှိတယ်။
    "ခဲတံ ကျောက်တံ၊ ကောက်ရပြန်၊ ထိန်ချန်သိုဝှက်မထားနဲ့" တဲ့။

    ReplyDelete
  2. တပြားကောက်တွေ့တာ ပြန် ပေးပြီး....
    တသန်းတော့ လစ်ပြေးရင်ရော..ဟင်....

    ReplyDelete
  3. ကောင်းပါတယ်
    မှတ်သားသင့်
    လိုက်နာသင့်
    ကျင့်သင့်တာပေါ့
    အသေးအမွားလည်း
    အကျိုးကြီးပါတယ်လို့ ထောက်ပြတယ်။

    သီလတန်ဖိုး
    ချစ်မြတ်နိုးရင်
    ဆင်းရဲငြိမ်းနိုင်ပါတယ်လို့... ဒီ

    ReplyDelete
  4. ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ မှန်တယ်နော်
    ရိုးဂုဏ်လေးရဲ့ ကျေးဇူးပေါ့နော်
    လူတိုင်း လိုက်နာ နိုင်ရင် ကောင်းသား
    ငွေနည်းနည်းများရင် ပြန်မပေးဖြစ်ဘူးလားတော့ မသိဘူး (ပိုင်ရှင်မတွေ့လို့)

    ReplyDelete
  5. ကိုယ်ကျင့်သီလရဲ့  အကျိုးအာနိသင်အကြောင်းလေးဖတ်ရှု မှတ်သားသွားတယ်အစ်မတို့ ရေ
    ကျန်းမာကြပါစေ
    ခင်မင်လျှက်
    ရန်ကုန်သား :)

    ReplyDelete
  6. လူတယောက်ဟာ ၁၀ နှစ်အတွင်းမှာ ဆန့်ကျင်ဘက်တခုကို ပြောင်းလဲသွားနိုင်တယ် ဆိုတာ ဒီလူမသိလို့ဖြစ်မှာပါ...

    (ထော်လော်ကန့်လန့် တွေးကြည့်တာ...)

းဝ)

    ReplyDelete
  7. ဟုတ်တယ် ညီမလေးရေ လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကို လူတွေ အသေးအဖွဲလို့ထင်တဲ့ အရာလေးတွေပေါ်မှာ သူတုန့်ပြန်ပုံကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ ဝေမျှပေးတာ ကျေးဇူးနော်...

    ReplyDelete
  8. ကောမန့်တွေပါဖတ်မိပြီး အတွေးတွေက များသွားပြီ။း) ဘာပဲပြောပြော ရိုးသားခြင်းသည် တချိန်မှာ အောင်မြင်မူတွေ ရမှာမလွဲပါဘူး။ ဒါပေမဲ့ ရိုးသားနိုင်ဖို့ ခက်နေကြတယ် ကျနော်အပါအ၀င်ပေါ့


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  9. ကျေးဇူးပါ အစ်မ ..း) ဖတ်မှတ်သွားပါတယ် ..
    ရိုးသားတယ်ဆိုတာ ဂုဏ်တခုပါ .. ခုခေတ်ကျပြန်တော့ ရိုးသားဖို့ အတွက် အူမကလည်း တောင့်ဖို့ လိုနေပြန်ရောနော် ..
    ရိုးသားနိုင်ဖို့ ကြိုးစားပါ့မယ် ..း))

    ReplyDelete
  10. အင်း.. စဉ်းတော့ စဉ်းစားစ၇ာပဲ... အဲလို အပုံလိုက်ပေးပြီးမှ မပြေးတဲ့ သူတွေလဲ တပုံကြီးဗျ..။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။