ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ယောကျာ်းဟူသည်



ချစ်သူဘ၀. . . .

ကောင်မလေးနှင့်ကောင်လေး ချိန်းတွေ့ကြ၏. . . ကောင်းကင်မှာ ငှက်ကလေးတွေက တကျီကျီ မြည်တမ်းလျက် ပျံသန်းသွားကြသည်. . . ငှက်ကလေးတွေကိုကြည့်ပြီး ကောင်မလေး က မေးခွန်းတစ်ခု မေးလိုက်၏. . .

"ဘာငှက်လေးတွေလဲ မသိဘူးနော် . . မောင်ရော သိရဲ့လား . . . "

"အချစ်ငှက်လေးတွေပေါ့. . . .အချစ်ရာ. . . "

ဟု . . . ကောင်လေးက ချိုသာသော အသံဖြင့် ပြန်ဖြေသည်. . . ချစ်ရည်ရွှန်းသော အကြည့်တို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်၍ ပြိုင်တူ ပြုံးလိုက်ကြ၏. . .

အိမ်ထောင်ကျပြီးစ.

ကောင်မလေးက သူ့ယောကျာ်းကို ခေါ်ပြီး ရည်းစားဘ၀က အတူတူထိုင်၍ ကြည်နူးခဲ့ဖူးသော နေရာဟောင်းလေးသို့ အတူတူသွား၍ ထိုင်ကြသည်. . . ကောင်းကင်ယံမှာလည်း ငှက်ကလေးတွေ တချို့ ပျံသန်း သွားကြပြန်သည်. . . ကောင်မလေးက ကြည်နှူးစွာ မေးခဲ့ဖူးသော မေးခွန်းတစ်ခုကို အသစ်လုပ်ကာ ပြန်မေးလိုက်၏. . .

"ဘာငှက်လေးတွေလဲ မသိဘူးနော်. . မောင်ရော သိရဲ့လား . . . ."

"စာငှက်တွေလေကွာ. . "

ယောကျာ်းဖြစ်သူက စိတ်မပါစွာ ပြန်ဖြေလိုက်၏. . . ကောင်မလေးက မဲ့ပြုံးတစ်ချက် ပြုံးသည်. . .

ကလေးတစ်ယောက်ရပြီးသော အခါ. . .

သည်တစ်ခါလည်း သူတို့ အတူတူ ထိုင်ဖူးသော နေရာမှာပင် ထိုင်နေကြပြန်သည်. . သို့သော် အရင်နှင့်မတူတော. . . ကောင်မလေး၏ ရင်ခွင်မှာ ကလေးငယ်တစ်ယောက်ကို ထွေးပွေ့ထား၏. . . ငှက်ကလေးများကတော့ မပြောင်းလဲစွာ ပျံသန်းသွားကြပြန်သည်. . ကောင်မလေးက မေးခွန်းတစ်ခု မေးလိုက်ပြန်၏. .

"ဘာငှက်တွေလည်း မသိဘူးနော် တကျီကျီနဲ့ . . . "

ထိုအခါ ယောကျာ်းဖြစ်သူ၏ ဖြေစကားကြောင့် မိန်းကလေးမှာ မျက်ရည်များ ဝေ့သမ်းလာလေသည်. . . ယောကျာ်းဖြစ်သူ ပြောလိုက်သည်ကား. . . .

"ဟ . . . ဒီငှက်လေးရဲ့ နာမည်မှ မသိဘူးလား . . . မသိရင် မသေမချင်းမှတ်ထား. . လဒငှက်တဲ့ " ဟူသတည်း. . .


အားလုံးကိုချစ်ခင်လေးစားလျှက်...

10 comments:

  1. အကြာကြီးပြုံးသွားတယ် ယောက်ျားတိုင်း ဟုတ်ပါဘူးနော ... :)

    ReplyDelete
  2. ပြုံးစရာ ဒီလောကကြီးရဲ့ အဖြစ်မှန်တွေ

    ဒါပေမဲ့ အားလုံးနီးပါး ထိုနည်းလည်းကောင်း

    အိမ်ကလူလည်းဒီလိုပဲ
    ကိုယ်ကလည်း ခုထိအတုန်း

    ReplyDelete
  3. အဟားးးးးးးးးးးးးး
    အကျယ်ကြီးးးးးးးးးးးအော်ရယ်သွားပါတယ်။
    ယောကျာင်္းတိုင်းက ဒီလိုပဲနေမယ်။ အဟီးးးးးးး ( ရန်ကုန်သားက ထိပ်ဆုံးကဖြစ်မယ်။ ဟိဟိ )

    ReplyDelete
  4. ဖတ်သွားပါတယ်အစ်မရေ.. ပါရမီအချစ်နဲ့ချစ်နေမယ်ဆိုရင်တော့ ဒီလိုမျိုးဖြစ်မယ်မထင်ပါဘူးနော်..။ ပါရမီအချစ်နဲ့ ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်...။

    ReplyDelete
  5. အမှန်တွေရေးတတ်လို့ ခဏခဏ လာပြုံးမိတယ်.. ဒီ

    ReplyDelete
  6. အော် ဒါမျိုးလား ယောကျာ်းတွေဆိုတာ :))

    ReplyDelete
  7. ဟားဟား...

    သိတော့ သိနေသလိုပဲ...

    ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ...

    ပျော်ရွှင်ပါစေဗျာ.... ဟာသပဲဟာနော်... တကယ်မှမဟုတ်တာနော်...

    တချို့တွေက
    ဒါမျိုးတွေလားမေးကုန်ပြီနော်...

    ဖြေရှင်းပေးပါအုံး.... ;P :P :)

    ReplyDelete
  8. ရှင်းပါတယ် အစောတည်းက မချစ်ဘဲယူခဲ့လို့ပေါ့ဗျာ။ ဒါမှမဟုတ် မိန်းမက တုံးလွန်းလို့ပေါ့ဗျာ။ ဒါမှမဟုတ် သူမေးတဲ့အချိန်တိုင်းမှာ သူ့ယောင်္ကျားက စိတ်တိုနေလို့ပေါ့။

    ReplyDelete
  9. အဲဒီလို ယောက်ျားမျိုးထဲမှာ ကျနော်မပါတာ သေချာတယ်။ :D

    ReplyDelete
  10. ဟဲဟဲ အဲဒါဖတ်ဘူးတယ် :D :P

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။