
ညီမငယ် နေ့အိပ်မက် က ကိုယ်ယုံကြည်ရာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာတွေယုံကြည်ချက်ရှိလည်း ဆို ပြီး ရေးဖို့ Cbox မှာ လာအော်ထားပါတယ် . . . ဘလော့ဂ်ဂါ တော်တော်များများကို လည်း တဂ်ထားတာကိုတွေ့ပါတယ်. . တဂ်ကြွေးရယ် ကြေပါစေတော့ဆိုပြီး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးရတာပေါ့ရှင်. . .
" ယုံကြည်ချက်သည် မရှိမဖြစ်လိုအပ်သော အင်အားဖြစ်သည်. "
(Confidence is the key to success)
ဆိုတဲ့ စာသားလေးကို ကျွန်မလက်ခံပါတယ်. . . . မည်သည့်အလုပ်ဖြစ်ပါစေ ယုံကြည်ချက်မရှိပဲ စတင်လုပ်ကိုင်နိုင်စွမ်းမရှိနိုင်ပေ. . . .(Confidence is the key to success)
ကျွန်မကတော့ ဘာတွေယုံကြည်လည်းဆိုတော့ ဘုရား၊တရား၊သံဃာ၊ မိဘ၊ဆရာသမား အနန္တောအနန္တငါးပါးကို ဦးစွာယုံကြည်ပါတယ်. . . ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ ၏ သစ္စာလေးပါးတရားများကို အထူး ယုံကြည်ပါသည်. . . သစ္စာလေးပါးတရားများကို မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်မှ နိဗ္ဗာန်တရားတော်မြတ် ကိုရမယ် ဆိုတာကိုယုံကြည်ပါတယ်. . . .
ပြီးတော့ တုနှိုင်းမရတဲ့ မိဘနှစ်ပါးရဲ့ မေတ္တာကိုလည်း အကြွင်းမဲ့ယုံကြည်ပါတယ် . . . သားသမီးများ (၁၀) ယောက်ရဲ့ အနွံအတာ ကိုမိဘနှစ်ပါး က ခံနိုင်ပေမယ့် မိဘနှစ်ပါးရဲ့ အနွံအတာကို တော့ သားသမီး ၁၀ယောက် က ခံနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး . . . ဒါကြောင့် ကြီးမားလှတဲ့ မိဘမေတ္တာ ကိုလည်း ယုံကြည်ပါတယ်. . .
မိမိ ကျောင်းနေစဉ် ငယ်ဘ၀မှ သိပံ္ပ၊ ၀ိဇ္ဖာ အတတ်ပညာ၊ အသိပညာ၊ အလိမ္မာများကို စေတနာ၊ ၀ါသနာ၊ အနစ်နာ အစရှိတဲ့ နာသုံးနာနဲ့ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၏ စေတနာနှင့် မေတ္တာကို လည်းလေးစားသက်ဝင် ယုံကြည်ပါသည်. . .
မိမိကိုယ်တိုင်လည်း ယုံကြည်မှုထားပါတယ် . . . ကိုယ့်ကိုယ် ကို ယုံကြည်မှုထားခြင်းသည်လည်း လောကတွင် မိမိလုပ်ချင် သော အရာများကို အောင်မြင်နိုင်ရေးတွင် ၇၅ % အောင်မြင်စေပါသည်.။စာပေဟောပြောပွဲ တွင် လည်း ဆရာ လယ်တွင်းသားစောချစ်က လူငယ်များကို အောင်မြင်လိုလျှင် အောင်စိတ် ကို မွေးမြူ၍ မိမိကိုယ်ကို ယုံကြည်ခြင်း၊ ယုံကြည်ချက်ထားခြင်း သည်လည်း ကောင်းကြောင်း ဟောကြားခဲ့ရာ မိမိကိုယ်တိုင်လည်း ယုံကြည်စိတ် ထားသင့်တယ်လို့ မှတ်သားခဲ့ရပါတယ်။
မေတ္တာတရားနှင့် သစ္စာတရားကို လည်း ယုံကြည်ပါသည်. . . မိမိကို မည်မျှပင် မုန်းတီးသူဖြစ်ပါစေ ၄င်းတို့ အပေါ်တွင် မေတ္တာဖြင့် ဆက်ဆံပေးပါက မိမိကိုယ်တို်င် အေးချမ်းယုံမက. . . တစ်ပါးသူတို့တွင်လည်း အေးချမ်းမှုကို ဖြစ်ပေါ်စေပါသည်. . . ဒီအချက်ကို ကျွန်မ ကိုယ်တိုင် အမြဲကျင့်သုံးသလို ယုံလည်း ယုံကြည် ပါတယ်. . .
စေတနာ အကျိုးပေးခြင်း ကိုလည်း ယုံကြည်ပါတယ်. . . . တစ်ဘက်မှ မည်မျှပင် မကောင်းသည့်စိတ်ရှိနေပါစေ မိမိလုပ်သော အလုပ်တွင် စေတနာထားပြီး လုပ်ကိုင်ပါက အားလုံး အဆင်ပြေ ချောမွေ့စေပါသည်. . . ကျွန်မတို့ အကိုငယ် ပြောနေကျစကားတစ်ခွန်းအမြဲရှိပါတယ် "ကောင်းတာလုပ်ရင် ၊ ကောင်းကျိုးပေးမယ်" ဆိုတာ ကိုလည်း ယုံကြည်ပါတယ်. . .
အတိတ်ကံရဲ့ အကျိုးပေးဆိုတာကိုလည်း ယုံကြည်လက်ခံပါတယ်. ဘာလို့လည်း ဆိုတော့ စေတနာနဲ့ လုပ်ပေးလိုက်ပေမယ့် အရာမထင်တဲ့ ကိစ္စတွေဖြစ်လာရင် တော့ ဘုန်းဘုန်း ဦးသုမင်္ဂလ တရားထဲကလိုပါပဲ အကြောင်းမကောင်းရင် အကျိုးမကောင်းဘူး . . . ဒီဘ၀မှာ ဘာတွေပဲ ကောင်းတာလုပ်လုပ် ကောင်းတာတွေ ဖြစ်မလာသေးဘူးဆိုရင် အတိတ်ဘ၀က မကောင်းကံတွေအကျိုးပေးနေတယ် ဆိုတာတွေကိုပါ. . . .
ရိုးသားခြင်းကိုလည်း ယုံကြည်သလို ကိုယ်ကိုယ်တိုင် ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ဆိုသည့် အတိုင်း နေနိုင်အောင် အမြဲကြိုးစားနေလျှက်ပါ. . . .
ယုံကြည်မှုသည် လူ့ဘ၀တွင် အရေးကြီးဆုံး အချက်တွင် ပါဝင်ပေသည်. . ထိုယုံကြည်မှုကြောင့် ဘ၀တိုးတက်ရေး ၊ အောင်မြင်ရေးကို ဦးတည်သကဲ့သို့ ၊ လွဲမှားသော ယုံကြည်မှုလွဲမှားလျှင်လည်း မိမိတို့ ဦးတည်ချက်များ ပျောက်ပျက်သွားတတ်ပါသည်. . . . . ယုံကြည်မှုပြင်းထန်လျှင် အောင်မြင်ခြင်းများသည် မိမိနှင့် မဝေးသော အနာဂတ်တွင်ရှိပြီး ကံကောင်းခြင်းများ မိမိထံသို့ မလွဲမသွေရောက်ရှိလာမည် ဖြစ်ပါသည်. . .
ညီမငယ် နေ့အိပ်မက် ရေ... ၀ါး. . . . တက်ဂ်စာ တော့ စားပြီးပြီ နော်. . . . . . . . (ယုံကြည်ချက်တွေအားလုံး အကောင်အထည်ဖော်နိုင်အောင် အန်နာဗွန်စီ ကို အမြဲဆောင်ထားဖို့တော့လိုမယ်နော် :P )





မမယုံတာအကုန်လုံး နေ့အိပ်မက်လည်း ယုံတယ်... :) ထည့်သာမရေးတာ. အဲဒါအကုန်ယုံတယ်... ကျေးဇူးနော်မမ.. ရေးပေးတာ.. ချစ်ဖို့ကောင်းလိုက်တာ မမက(နောက်ထပ်တဂ်ဖို့ ဖားထားတာ.. :P)
ReplyDeleteယုံကြည်ချက်မရှိတဲ့ လူဟာ လမ်းမသိပဲ လမ်းလျှောက်နေသလို ဖြစ်နေမှာပါ။ ဒီအတွက် လူတိုင်းဟာ ယုံကြည်ချက်လေးတွေ ရှိပြီး ရှေ့ကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြပါစေ။
ReplyDeleteတော်သေးတာပေါ့ အန်နာဗွန်စီ သောက်လို့း) အိုဗီမင် ဆိုလား ဘာလား မှားပြီး မသောက်တာ ကံကောင်း အဟေးဟေးးး
လေးစားလျက်
တောင်ပေါ်သား
:)
ReplyDeleteအစ်မရဲ့ ယုံကြည်မှုလေးတွေ လာလေ့လာသွားတယ်နော် ..း))
ပျော်ရွှင် ချမ်းမြေ့ပါစေး)
အစ်မတို့ ရဲ့  ယုံကြည်ရာ ခံယူချက်လေးတွေကို လာခံစားကြည့်
ReplyDeleteသွားတယ်ဗျာ . . . အဲတစ်ခုတော့ သိချင်တယ် မမေ နဲ့ မပန်း
နှစ်ယောက်စလုံးခံစားချက်ကို ပေါင်းရေးထားတာလား တစ်
ယောက်တည်း က ရေးတာလားဆိုတာ :D
ရေးထားတာကောင်းပါတယ်
ReplyDeleteဒီပို့စ်က နှစ်ယောက်ပေါင်းရေးတာဆိုတော့
မပန်းမေ ရေးသည်လို့ ပြောရမယ် ထင်မိပါကြောင်း။ ဒီ
ကောင်းသော ယုံကြည်ချက်တွေ တည်မြဲပါစေ
ယုံကြည်ချက်တွေ ခိုင်မြဲပါစေဗျား...။ လူဆိုတာ ယုံကြည်ချက်တော့ရှိရမယ်ဗျ ဒါမှလဲ ရှေ့ဆက်လှမ်းနိုင်မှားကိုးဗျ...နော
ReplyDelete"ရ" ပါသမျှ အတဂ့်ခံတာ မမလည်း ပါတာကိုးးးး
ReplyDeleteဟုတ်ပါတယ် မမရေ ... ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ဆိုတဲ့ မမရဲ့ အဆိုလေးကို ထောက်ခံပါတယ်။ ဒဏ္ဍာရီကတော့ ယုံကြည့်စရာတွေ များနေလို့ အကုန် မရေးလိုက်နိုင်တော့ဘူး။ ဒီတော့ အားလုံးထဲက အကောင်းဆုံးတွေကို လိုက်ပြီး မှတ်သား ကူးယူနေပါတယ် မမ။
ခင်မင်လေးစားလျှက်
ယုံကြည်ချက်လေးတွေ ခိုင်မြဲပါစေခင်ဗျာ။ ကိုယ့်ယုံကြည်ချက်နဲကိုလည်းအဆင်ပြေပါစေခင်ဗျာ။
ReplyDeleteယုံကြည်ရာလေး လာဖတ်သွားတာ.... :)
ReplyDeleteယုံကြည်တာတွေတူတယ် ... ထည့်ရေးထားတာ မရေးထားတာတော့ ကွာသွားတယ် .... :)
ပျော်ရွှင်ပါစေ...
ယုံကြည်မှုတွေ ယုံကြည်ချက်တွေ ခိုင်မြဲပါစေတီတီမေနဲ့တီတီပန်းရေ...
ReplyDeleteအာဝါးးးး
လက်ခ့ပါတယ်အမရေ..
ReplyDeleteမိဘတစ်ဦးက သားသမီး ဆယ်ရောက်ကို လုပ်ကျွေးနိုင်တယ်
သားသမီး ဆယ်ယောက်က မိဘ တစ်ဦးကို မလုပ်ကျွေးနိုင် ဘူးဆိုတာ မျက်မှောက်လောကမှာ မြင်နေရတာပဲ..
ကိုကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာကိုတော့ ယုံကြည်တယ်..
သူများတွေကို မကောင်းမပြောသလို ကို့ကိုပြောလာရင်လည်း သသည်းခံပါတယ်
ဟုတ်ပါတယ်.... မိမိကိုယ်ကို ယုံကြည်မှုရှိမယ်ဆိုရင် ဘာမဆို အောင်မြင်နိုင်ပါတယ်.. မတော်လို့ ရှုံးခဲ့ရင်တော့.. ဒါဟာ အဖြေမထွက်တဲ့ ပုဒ်စ္ဆာရဲ့ ချွင်းချက်လို့ ယူဆလို့ရပါတယ်..
မနေနိုင်လို့ သူများစက်ကနေ လာမန့်တာ အမရေ..
တစ်ခါတစ်လေ မမန့်ရရင် စကားမပြောတတ်တဲ့ လူအလို ဖြစ်နေတယ်..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
1220B68632
ReplyDeleteTakipçi Satın Al
Tinder Promosyon Kodu
Candy Crush Can Hilesi
Eba Puan Hilesi
Youtube Abone Hilesi
SMM Panel
VP Satın Al
En İyi Filmler
Abone Hilesi