ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သီလမြဲက ငယ်ကမသေ


ရှေးအခါက ကာသိတိုင်းတွင် ဓမ္မပါလရွာရှိ၏. . ရွာသားအားလုံးသည်. . ငါးပါးသီလ စောင့်ထိန်းကြ၏. . ငယ်ငယ်ရွယ်ရွယ်ဖြင့် သေသူမရှိပဲ ကြီးရင့်မှ သေကြ၏. ..

ဓမ္မပါလရွာသူကြီးသားသည်. . တက္ကသိုလ်ပြည်သို့ ပညာသင်သွား၏. . ပညာတော်သဖြင့် ဆရာကြီး၏ လက်ထောက်ဖြစ်လာ၏. . တစ်နေ့တွင် ဆရာကြီး၏ သားငယ်သေဆုံးသဖြင့် ဓမ္မပါလ အမျိုးသားက အလွန်အံ့သြ၏. .

"သီးကင်းစာတွေ တဖြုတ်ဖြုတ် ကြွေကျနေသလို ငယ်ငယ်ရွယ်ရွယ်နဲ့သေတာဘာဆန်းသလဲ. . . " ဟု အဖော်များက ပြောကြ၏. .

"တို့ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရိုး ထုံးစံမရှိပါ . . . . " ဟု ဓမ္မပါလ အမျိုးသားက ဆို၏. .

ထိုအကြောင်းကို တက္ကသိုလ်ဆရာကြီးက ကြားသဖြင့် စုံစမ်းလိုပါ၍ ဓမ္မပါလရွာသို့သွား၏. . ရွာသူကြီးကို ဆိတ်ရိုးများပြ၍ "သင့်သား ဓမ္မပါလ ကွယ်လွန်သွားပြီ. . . မီးသင်္ဂြိုလ်ပြီး အရိုးများ ယူလာခဲ့သည်. . "ဟု ဆို၏. . .

သူကြီးနှင့် ဆွေမျိုးများကရယ်မောပြီး "ဤအရိုးသည် ငါ့သား အရိုးမဖြစ်နိုင်ပါ. . အခြားအရိုးသာဖြစ်ပါလိမ့်မည်. . . " ဟု ဆို၏. .

"အရွယ်မရွေးသေမျိုးဖြစ်ပါလျက် သင်တို့အမျိုးမှာ အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြသနည်း . . . . " ဟု ဆရာကြီးကမေး၏. . .

"ကျွန်ုပ်တို့ ဓမ္မပါလရွာသားများသည်. . အမြဲမပြတ် အလှူပေးကြ၏. . သီလကို စောင့်ထိန်းကြ၏. . လူကြီးသူမစကားကို လူငယ်များက လိုက်နာကြ၏. . ရပ်ရွာအေးချမ်းသာယာမှုအတွက်လည်း ၀ိုင်းဝန်းလုပ်ဆောင် ကြ၏ . . . ထို့ကြောင့် ဤရွာသားများသည် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြရပါ. . . " ဟု သူကြီးက ရှင်းပြ၏. . . .

တက္ကသိုလ်ဆရာကြီးသည် ဓမ္မပါလ ရွာသူကြီးကို ကန်တော့ပြီး . .
"သင့်သား ဓမ္မပါလ မသေပါ. . ငယ်ရွယ်သူများ မသေကြဟု သင့်သားပြောသောစကားကို စုံစမ်းလို၍ လာခြင်းဖြစ်ပါသည်. . . "ဟု ပြော၏. . ထို့နောက် ဓမ္မပါလာ ရွာသားတို့ စောင့်ထိန်းသော ကျင့်ဝတ်သီလ တို့ကို မေးမြန်းမှတ်သားပြီး တက္ကသိုလ် ပြည်သို့ ပြန်၏. . ..

ဒေါက်တာမင်းတင်မွန် (လိမ္မာယဉ်ကျေး တို့ရင်သွေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. ဝေးးးးးးးးး
    မမတို့ရေ.. ပထမဆုံး လာဖတ်ပါတယ်။
    သီလမြဲရန် ကျင့်ကြံပါမည်။

    ReplyDelete
  2. အသိပညာပေးတွေဖတ်ရတာ စိတ်ချမ်းသာတယ်။

    ပြန်ပါဦးမယ် ဧရာဝတီ

    စိတ်ချမ်းသာကြပါစေ။ ဒီ

    ReplyDelete
  3. ငယ်ငယ်ကဖတ်ဘူးတယ် ပြန်ဖတ်ရလို့ ကျေးဇူး အမရေ :)

    ReplyDelete
  4. ခုခေတ်နဲ့များ ကွာပါ့နော်...

    ReplyDelete
  5. အခုလို စာလေးဖတ်ရတော့ ငယ်ငယ်တုန်းက ဘ၀လေးကို ပြန်သတိရလိုက်တာဗျာ.. ငယ်ငယ်ကဆို အရမ်းဝါသနာပါတာ.. အဲလို .... ဟိုးရှေးရှေးတုန်းကပေါ့... .ဆိုတဲ့စာလေးတွေ....

    ဘာသာရေး ဆောင်းပါးပို့စ်လေးအတွက် ကျေးဇူးပါ May 16

    ခင်မင်စွာဖြင့်
    ပြည့်စုံ

    ReplyDelete
  6. မှတ်သားသွားကြောင်းပါ
    ဗဟုသုတလေးတွေအတွက် ကျေးဇူးအနန္တပါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။