ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့

ယဉ်ကျေးသိမ်မွေ့၍ တန်ဖိုးရှိသောလူ ဖြစ်လိုလျှင် မိမိကိုယ်တိုင် မိမိ အောက်ပါနည်းလမ်းများ ဖြင့် ဆန်းစစ်ကြည့်နိုင်ပါသည်။


၁. ဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာ တို့၏ ဂုဏ်ကျေးဇူးအနန္တကို ယုံကြည်သူဖြစ်ပါသလား။

၂. မကုန်နိုင်သော သိစရာ၊သင်စရာ၊တတ်စရာ၊ မှတ်စရာ များကို ဆည်းပူးစုဆောင်း ရှာဖွေသူအဖြစ် အမြဲ ရပ်တည်နေပါသလား။

၃. ရှက်စရာကိုရှက်တတ်ပြီး ကြောက်စရာကို ကြောက်တတ်ပြီး ၊စိတ်၌ ဟီရိသြတ္တပ္ပတရားကို ကိန်းဝပ်သူဖြစ်ပါသလား။

၎. ကလေးလူငယ်၊ သက်ကြီးရွက်အို၊ မှီခိုသူ၊ ဆင်းရဲသူတို့အား ကူညီမစခြင်း၊ ပေးကမ်းစွန့် ကြဲခြင်း တို့ အပေါ်၌ စိတ်ချမ်းသာသူ ၊ ၀မ်းမြောက်ဝမ်းသာဖြစ်တတ်သူဖြစ်ပါသလား။

၅. ကိုယ့်ထက်ချမ်းသာသူကို မြင်လျှင် မနာလိုစိတ်ကင်း၍ ၀မ်းမြောက်ဝမ်းသာ စိတ်ဖြစ်ပါသလား။

၆. မိမိနီးစပ်သူများနှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ် ကင်းကင်းဖြင့် မေတ္တာထားနိုင်ပါသလား။

၇.မိမိထက်နိမ့်ကျသူများနှင့် တွေ့ဆုံပါက နိုင်ထက်စီးနင်းပြောဆို ဆက်ဆံပြုမူချင်သော စိတ်မထားပဲ သနားကြင်နာစိတ် ထားနိုင်ပါသလား။

၈. အာရုံခံစားမှုလွန်ကဲသူမဟုတ်ဘဲ အတွေ့ကို သတိထား၍ ရပ်တည်နိုင်ပါသလား။

၉. လူ့လောကထဲ၌ ကိုယ်တိုင်ယဉ်ကျေးသူ ၊ နာမည်ကောင်းရသူ ၊ ဘ၀တန်ဖိုးရှိသူအဖြစ် နေပြချင်သည့် စိတ်ရှိပါသလား။

အထက်ပါ အချက်ကိုးချက်ဖြင့် မိမိကိုယ် စမ်းစစ်၍ ဘ၀တွင် တန်ဖိုးရှိသူများ အဖြစ်နေထိုင် နိုင်ကြပါစေ. . .

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. အချက်တွေအားလုံးနဲ့ ကိုက်ညီဖို့တော့ ကြိုးစားရဦးမယ်။
    အခုလို ဝေမျှပေးတာ ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  2. ကိုယ့်ကိုယ်ကို ဆန်းစစ်သွားတယ်နော်။
    ကျေးဇူးလဲတင်တယ်။

    ReplyDelete
  3. အင်း ပြောရမှာတော့ ခပ်ခက်ခက်ဘဲ။
    ပုထုဇဉ်ကိုးဗျ။ တစ်ခါတစ်ခါကိုက်ညီလိုက်။ တစ်ခါတစ်ခါ ဆန့်ကျင်လိုက်။
    ကြိုးစားရဦးမယ်။

    ReplyDelete
  4. ၃ အချက်ကိုတော့ မေးခွန်းထုတ်စရာ ရှိတယ်ဗျ။ ၈ အချက်ကတော့ ခုထိ မဖြစ်နိုင်သေး။ ၉ အချက်ကိုတော့ လုံးဝ ငြင်းတယ်ဗျာ။ နေပြချင်တယ် ဆိုတဲ့စိတ်ထက် သူ့အလိုလိုနေတတ်သွားတာက ပိုကောင်းမယ် ထင်ပါတယ်။ Debate လုပ်တာပါနော်။ ကန့်လန့်တိုက်တာ မဟုတ်ရပ်ါဘူး။

    ReplyDelete
  5. ရှာရှာဖွေဖွေ စုစည်းတင်ပြထားတာလေး မှတ်သားသွားတယ်။
    ကောင်းပါတယ်။

    ကျင့်ရမှာတွေ။
    ဒီ

    ReplyDelete
  6. ဆန်းစစ်ကြည့်လိုက်တော့
    ဒက်ထိပဲ ပြင်ရမှာတွေ အားကြီးပဲ။
    ပုံလေးနဲ့ စာသားလိုက်ဖက်တယ်။

    မျှဝေတာကျေးဇူး

    ReplyDelete
  7. နောက်တစ်ခေါက်လာဖတ်သွားတယ် ...
    အရင်တစ်ခေါက်ကလိုပဲ နံပါတ် ၉ က နေပြ ဆိုတာကြီးကို သဘောမကျဘူး .... ကျန်တာလေးတွေတော့ တတ်နိုင်သလောက် ကြိုးစားနေပါတယ်...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။