ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စာပေဟောပြောပွဲ



ကျွန်မတို့ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယနေ့ (၂၇.၁၀.၂၀၀၉)နေ့တွင် . "ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို မနက် ၉နာရီမှ ၁၂ နာရီထိ ကျင်းပခဲ့ပါတယ်. . . ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဆရာကြီးမင်းယုဝေ၊ စာရေးဆရာ လယ်တွင်းသားစောချစ် နှင့် ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) တို့မှ ဟောပြောခဲ့ပါတယ်. .



"ကျေးဇူးကြီးလှ မိနှင့်ဖ"

ကျေးဇူးကြီးလှ မိနှင့်ဖ၏
ဆုံးမစကား၊ နာယူကြားလျက်
မှတ်သားလိုက်နာ၊ ကျင့်ဆောင်ပါ၍
စိတ်မှာ ရိုကျိုး၊ ရှိရှင်ခိုးကာ
မြတ်နိုးပြုစု၊ လုပ်ကျွေးပြုသည့်
ကုသိုလ်အလှ ၊မြတ်ပုညကို
သမိုင်းတွင်ဖို့၊ ကြိုးပမ်းစို့။

ဆရာမင်းယုဝေ
ကျေးဇူးကြီးလှ မိနှင့်ဖ ဒုတိယအကြိမ် ကဗျာတိုပြုင်ပွဲ ဒုတိယဆုရကဗျာ

" စီးလာပစေ လာမသုတ်နဲ့ "

ကျေးဇူးတော်ကြီးမားလှ
ကျယ်ပြောစွ မြစ်ပင်လယ်
အခက်အခဲ ကြုံလာတိုင်း
တံတိုင်းကြီးသဖွယ်၊
စမ်းရေသို့ အေးမြတယ်
စန္ဒာနှယ် ပ၀င်း။
မိဘမေတ္တာ ဂုဏ်သတင်း
ပျံ့ထုံနံ့သင်း။

အဖေဆူ အမေချော့
အမေရိုက်တော့ အဖေကာ၊
နှိုင်းယှဉ်ကာ တုမရ
အနန္တ မေတ္တာ၊
လူယဉ်ကျေး လူလိမ္မာ
ဖြစ်စေရာ တစ်သက်လုံး။
ခြိမ်းမောင်းကာ ဆိုဆုံးမသော်လည်း
ချစ်ကြမဆုံး။

ပဲပြုတ်တောင်း အမေရွက်
ကျောင်းစာကျက် သားလေးရေ
ဆိုက်ကားကို အဖေနင်း
ချစ်ခြင်းတူနေ၊
စီးကျစမ်းပစေ
သည်ချွေးတွေ စိုစိုရွှဲ
သားချစ်မောင် ရွှေသွေးရဲ့
ရှေ့ရေးအတွက်ပဲ။ ။

လှိုင်ဌေးအောင် (ရွှေတံတား)

စာပေဟောပြောပွဲတွင် ပေးသော လက်ကမ်းစာစောင်ထဲမှာ ကဗျာများကို ထုတ်နှုတ်တင်ပြအပ်ပါတယ်.

အားလုံးကိုချစ်ခင်လေးစားလျှက်...


4 comments:

  1. ဆုရ ကဗျာလေးက ဘ၀သရုပ် မိဘမေတ္တာပေါ်လွင်လိုက်တာဗျာ . . .

    ReplyDelete
  2. မေနှင့်ပန်းကဗျာတို့ကော ဟောပြောပွဲမှာ ဟောပြောကြမလားမသိဘူး။

    ReplyDelete
  3. အလွန်ကောင်းတဲ့ ကဗျာတွေ တင်ပေးလို့ ကျေးဇူးတင်ပါတယ်

    ဒီအတိုင်းဆို ဖတ်ရမှာမဟုတ်ဖူးလေ...ဒီ

    ဧရာဝတီသားတွေ ကျန်းမာပါစေ

    ReplyDelete
  4. ဒီကဗျာလေး တွေ ဖတ်မိတော့ မမြင်ဖူးလိုက်တဲ့ အဖေနဲ့  ဟိုး ကီလို မီတာ ထောင်ပေါင်းများ စွာ အကွာမှာရှိတဲ့ မိခင် ကိုလည်း လွမ်း သလိုလို ဖြစ်သွားတယ်ဗျာ..။

    ကံမကုန် ရင်တော့ ပြန်ဆုံကြတာပေါ့ လို့ 

    မောင်ငရ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။