ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆိုညည်းဖြစ်သော သီချင်းများ


ညီမငယ် ညခင်းက သူအတဂ်ခံရတာနဲ့ ကျွန်မဘက်ကိုပါမြှားဦးလှည့်ပါတော့တယ်. . . . သူ့ကိုတဂ်သမျှ မတဂ်တာပဲ ကျေးဇူးတင်ပါတယ်. . . .
လူကြီးလူငယ်မရွေး သီချင်းကြိုက်ကြတဲ့ အထဲမှာ ကျွန်မလည်း အပါအ၀င်ပေါ့ ငယ်ငယ်ကတည်း က သီချင်းတွေကြိုက်ပါတယ် ၊ရတာဆို အကုန်အော်တာပဲ. . သီချင်းဆိုလာထား အားလုံး နားထောင်ဖြစ်တယ်. . .
စိတ်ပျော်လည်းနားထောင်တယ်.. . စိတ်ညစ်လည်းနားထောင်တယ် . . . စိတ်အပန်းဖြေစရာ တွေ အများကြီးရှိတဲ့ အထဲက သီချင်းနားထောင်ပြီး စိတ်အပန်းဖြေရတာကို အနှစ်သက်ဆုံးပါ.. . .
လတ်တလော နားထောင်ဖြစ်တဲ့ သီချင်းခွေတွေလည်း အများကြီးပါ . . .
အငဲရဲ့ (ကိုး) အခွေ ၊ လေးဖြူရဲ့ (BOB) ၊ လမ်းဆုံ၊ Romonson Live Show၊ City FM ၊ ဟဲလေး၊၁၂ရာသီအချစ် ထဲ ကသီချင်းတွေများပါတယ်. . . သူငယ်ချင်းများပို့ပေးတဲ့ သီချင်းတွေလည်း နားထောင်တယ်.. အဲဒီထဲ က လတ်တလောဆိုညည်းဖြစ်တဲ့ သီချင်းတွေကတော့. . . .


ဘာလာလာအခွေထဲက

ဗီနိုထွန်းရဲ့ " ပြန်မဆုံဖြစ်ကြရင်"


နင်ဟာင့ါရဲ့ကမ္ဘာ. . . . နင်ဟာ ငါ့ရဲ့အသည်း နင်ဟာ ငါ့အိပ်မက်ပါ. . .
နင်ဟာငါ့မျှော်လင့်ချက်. . . ငါတို့ဝေးသွားရင်. .
ပြန်မဆုံဖြစ်ကြရင်. . .. . . မင်းနှလုံးသားမှာ . . . ငါအမြဲတမ်းရှိပါစေ. . . .


လမ်းဆုံအခွေထဲက


နေနေဆိုထားတဲ့ "မညီမျှခြင်း"

မိန်းကလေးအချစ်ပါ. . . ကိုယ့်ချစ်သူ ပျော်ရွှင်ဖို့ဆိုရင် . . .အားလုံး ကို စွန့်ပစ်လို့ ပေးဆပ်နေမှာ. . . မင်းအနားမှာ အတူနေဖို့ဆိုရင်. . . . . အရှုံးများစွာ ပွေ့ဖက်. . . နာကျင်ရင်းနဲ့. . .
ငါဟာမင်းအတွက် အရုပ်လေးလို. . .
တစ်ခါတစ်လေ မင်းကို ငါမင်းအချစ်ကို နားလည်တယ် . . . . . . .
အနိုင်ယူပါ မင်းရှေ့မှာ အဆင်သင့်ပဲ. . . . .


(လေးဖြူရဲ့ (BOB) )

လေးဖြူရဲ့ "ငါ့ရဲ့လမင်း"


တန်ဖိုးများမရှိတော့ဘူးလို့ . . . .ငါထင်နေတဲ့ဘ၀. . .
မင်းရဲ့လက်မှာ ငါတစ်ခါ ပြန်လည်ကာ အသက်ဝင်တောက်ပ. .
နင်ဟာ အရှူံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း...

ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း . . .
နင်ဟာငါ့အတွက်တော့. . ငွေလမင်း. . .

ကြယ်ပုံပြင်အခွေထဲက
အာဇာနည်ရဲ့ "နောက်ဆုံးရင်ခွင်"


မျက်လုံးခြင်းနဲ့မင်းနဲ့တွေ့ဆုံခိုက်. . . . အချစ်များနဲ့အားလုံးကို သိမ်းပိုက်
ဒီဘ၀ကို ပုံအပ်လိုက်မယ် ယုံထားလိုက်ကွယ်. . . .

ကိုယ်ဘေးနားမှာ မင်းလေးလှမ်းလာလိုက် . . .

လက်ကလေးက ဆွဲလို့ . . . . .ကိုယ်ထွေးပိုက်. . . .
ဘယ်တော့မှထွက်မသွားဘူးကွယ် ဒါနောက်ဆုံးရင်ခွင်ပါ. . .


ဇော်ဝင်းထွဋ်ရဲ့" အ၀ါရောင်လမ်းလေး"


အကြိမ်ကြိမ်ကိုယ်လာရာလမ်း. . .
အ၀ါရောင်ခြုံကလွှမ်း. . .
ရင်မှာခင်မင်လွမ်း
နှုတ်ဆက်တယ်လမ်းအိုလေး
နင်းလျှောက်ခဲ့ မင်းရင်ခွင်ပေါ်မှာ

ပျော်စရာနေ့ရက်များ အကြိမ်ကြိမ် ကိုယ်ရဖူးခဲ့တယ်
အချိန်တွေကုန်သွားတာမြန်တယ်. . .



ကြိုက်တဲ့သီချင်းတွေတော့ အများကြီးပါ. . . ဒါပေမယ့် ပို့စ်လည်းတော်တော်ရှည်သွားပါပြီ . . . ညီမညခင်းလည်း ကျေနပ်မယ်လို့ထင်ပါတယ်. . . . သီချင်းနဲ့ခံစားချက်တွေကို ဖော်ပြနိုင်ဖို့တဂ်တဲ့အတွက် ကျေးဇူးကမ္ဘာပါ. . .


အားလုံးကိုချစ်ခင်လေးစားလျှက်...





9 comments:

  1. သီချင်းနဲ့ခံစားချက်တွေကို ဖော်ပြနိုင်ဖို့တဂ်တဲ့အတွက် ကျေးဇူးကမ္ဘာပါ. . .

    တိန်... ခံစားချက်ကိုပါ ဖော်ပြတယ်တဲ့..:PPP ဟိုသီချင်းလေးကျန်သေးတယ်..ထည့်ရေးလေ...ငါသာစော်ဘွားဖြစ်ရင်ကွယ်...ငါသာစော်ဘွားဖြစ်ရင်ကွယ်...ဆိုတာလေ...ဟိဟိ..


    မမပန်းကဗျာ ကျေးဇူး တင်ပါတယ်ရှင့် ( နန္ဒာလှိုင်လေသံဖြင့်ပြော)

    ReplyDelete
  2. ဟုတ်တယ် မမရေ .. လေးဖြူသီချင်းလေးလည်း ကြိုက်တယ်။ ဇော်ဝင်းထဠ်ရဲ့ အ၀ါရောင်လမ်းလေးကိုလည်း အရမ်းကြိုက်တယ်။ ၂ ပုဒ် အကြိုက်ချင်းတူတယ်နော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. သီချင်းတွေက ခံစားချက်တွေချည်းဘဲနော်။ တိုက်ဆိုင်မှုရှိတဲ့ သီချင်းတွေ ထင်တယ်။

    ReplyDelete
  4. မမ.... ညီမလေး သီချင်းလန်းလန်းလေးတွေ လာခံစားသွားပါတယ်။

    ReplyDelete
  5. အော် ငါ့အမကြိုက်တတ်တဲ့ သီချင်းလေးတွေကို ကြည့်လိုက်တော့ ငါ့အမက အလွမ်းဓါတ်ခံ ရှိတယ်နဲ့ တူတယ်း) အဟေးးးး

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. အကုန်ကြိုက်ဒလယ် .. :D

    ReplyDelete
  7. အမရေ သီချင်းလေးတွေကို လာပြီးတော့ခံစားသွားပါတယ်နော်။ သီချင်းအကုန်လုံးကိုလည်းကြိုက်တယ် အဆင်ပြေပါစေနော်။

    ReplyDelete
  8. ဒီတဂ်ကို ရေးသမျှထဲမှာ အခုမမရေးတဲ့သီချင်းတွေပဲ နေ့အိပ်မက်နဲ့ကိုက်သေးတယ်.. :)

    ReplyDelete
  9. ခံစားချက်တွေလား သီချင်းတွေလား မကွဲပြားဘူး..အဟေးဟေး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။