ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိတ်ဖွင့်ပေးသောကဗျာ

အိတ်ဖွင့်ပေးသောကဗျာ

ဖြစ်ကြပျက်ကြ၊ နိယာမကို
သင်ကဘာကြောင့် ကြောက်သနည်း။

လက္ခဏာရေးသုံးပါး၊ ထိုတရားကို
တို့ကားရှောင်ကွင်း၊ မရခြင်းကို
သွင်းထားနှလုံး၊ မှတ်ယူသုံး၍
နိဂုံးချုပ်လျှင်၊ အမှန်မြင်က
ရင်၌အေးမြ ချမ်းမြေ့မည်။

စိတ်ဓာတ်ကိုမြှင့်၊ ရင်ကော့ဖွင့်၍
အသင့်ရင်ဆိုင်၊ တိုက်ပွဲနိုင်အောင်
ခိုင်မာဆုံးဖြတ် မတ်မတ်ရပ်ပါ။

ဖြတ်သန်းခရီး၊ ကန္တာရကြီးတွင်
လောက်ငခြိုးခြံ၊ အနေမှန်လျက်၊
တရားဖက်မြဲ ၊သင်ရောင့်ရဲပါ၊
သင့်ပွဲ၌လျှင်၊ သင်အောင်မြင်လိမ့်။

ဖြစ်ကြ ပျက်ကြ၊ နိယာမကို
သင်က ဘာကြောင့်ကြောက်သနည်း။ ။

ထီလာစစ်သူ

(ကွယ်လွန်သွားသော ဆရာထီလာစစ်သူအား ဂုဏ်ပြုလျှက် )

အားလုံးကိုချစ်ခင်လေးစားလျှက်...





5 comments:

  1. ဒေါက်တာ ထည့်လိုက်ဦးလေ။ ဒေါက်တာထီလာစစ်သူတဲ့။ ဟဲဟဲ

    ReplyDelete
  2. ဖြစ်ကြ၊ ပျက်ကြတဲ့ နိယာမကို မကြောက်အောင် ထီလာစစ်သူ ရဲ့ အိပ်ဖွင့်ပေးသောကဗျာ လာဖတ်ပါတယ်။

    ReplyDelete
  3. အမရေ ကဗျာလေးလာဖတ်သွားပါတယ်ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

    ReplyDelete
  4. အမရေ ကဗျာလေးလာဖတ်သွားပါတယ်ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

    ReplyDelete
  5. ကဗျာလေးက ပြည်.တယ်ဗျာ ... ထီလာစစ်သူကိုလည်း အားကျတဲ.သူပါ အစ်မရေ ... :)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။