ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အသစ်လာ အဟောင်းကိုမေ့
တစ်နေ့မှာ ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်. . . ညနေချိန်ရောက်တော့ အဲဒီတောင်ဆိတ်တွေကိုပါခေါ်ပြီး သူနေတဲ့ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်. . .
နောက်တစ်နေ့မှာ ရာသီဥတုက အတော်လေးဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး. . . သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့. . .
ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာဝရုံလေးပဲ ကျွေးပြီး အသစ်ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်. . .
ရာသီဥတုသာယာတဲ့အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်. . .တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်းထွက်ပြေးသွားပါရော. . . . ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်. . .
အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက. . . . " ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီရောက်လာခဲ့တယ်. . . ဒီတုန်းက ခင်ဗျားရဲ့ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်းကျွေးထားတယ်. . . ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးရလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ . . . " လို့ပြောခဲ့ပါတယ်. . . .
(မိတ်ဆွေဟောင်းတွေထက် မိတ်ဆွေသစ်ကျွန်ုပ်တို့ကို ပိုမို အရေးတယူပြုစုခံရမယ်. . . . ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေဖြစ်သွားတဲ့ အခါမှာတော့. . အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာလိမ့်မယ်. . . အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်. . )
အီစွတ်ပုံပြင်
အားလုံးကိုချစ်ခင်လေးစားလျှက်...
8 comments:
  1. အင်းနော်
    ဟုတ်တာပဲ ..း)
    ReplyDelete
  2. ဖတ်သွားတယ် မရေ....
    ရင်ထဲ တစ်မျိုးကြီးပဲ။ မိတ်ဆွေ သစ်ပဲဖြစ်ချင်လောက်အောင်
    အတ္တကြီးမိတယ်။ ဟူးးးးးးး
    ReplyDelete
  3. မှတ်သားစရာမို့ မှတ်သားသွားပါတယ်။
    ReplyDelete
  4. ဆိတ်ကျောင်းသားလိုမဖြစ်ချင်ဘူး ... အရင်ရောက်တဲ့ဆိတ်တွေလိုလဲ မဖြစ်ချင်ဘူး ....
    ReplyDelete
  5. ဖတ်ပြီး တခုခု ကျန်ခဲ့တယ်ဗျ ကျေးဇူးပါ မျှဝေပေးတာတွေအတွက်
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  6. အသစ်မြင် အဟောင်းမေ့တာကတော့ သဘာဝပဲ.. အဟောင်းဆိုတာလည်း မသစ်တော့သလို အသစ်ဆိုတာလည်း တစ်ချိန်ကျဟောင်းသွားမှာပဲလေ။ အဟောင်းတိုင်းလည်း မပစ်ပဲ တန်ဖိုးထားသင့်သလို အသစ်တိုင်းလည်း တဏှာမစွဲဘဲ ရောင့်ရဲတင်းတိမ်စိတ်လေးနဲ့ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အခုလို တန်ဖိုးရှိတဲ့စာတွေ ဖတ်ခွင့်ရတာ အရမ်းကျေးဇူးတင်ပါတယ်။
    ခင်လျက်
    ReplyDelete
  7. အီစွတ်ပုံပြင်တိုင်းက အမှန်တရားမဟုတ်လောက်ဘူးနဲ့တူတယ်နော်.. နေ့အိပ်မက်က မိတ်ဆွေအသစ်ဘယ်လောက်ရရ ငယ်ငယ်ကသူငယ်ချင်းဟောင်းတွေကိုပဲလွမ်းတယ်..
    ReplyDelete
  8. မှန်သောစကားကို ဆိုခြင်းပဲ ဖြစ်ပါမယ်။
    ကျွန်တော်တောင် မရောက်တာကြာတော့ blog list ကနေတောင် ပျောက်သွားပီ။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။