ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ငြင်းခုံခြင်း၏အပြစ်

လောကတွင် လူတော်များများသည် အကြောင်းအရာ တစ်ခုခုနှင့်ပတ်သက်၍ ငြင်းခုံဖူးကြပါသည်. .အသေးအဖွဲမှ အစ ကိစ္စကြီးများအထိ ငြင်းခုံလေ့ရှိကြပါသည်. . . . . ထင်မြင်ချက်တစ်ခုခုနှင့် ပတ်သက်၍ သူမှန်သည် ငါမှန် သည် ငြင်းခုံခြင်းသည် မခံချင်သော စိတ်ကို ပြ၏. . . သို့ဖြစ်လေရာ ငြင်းခုံခြင်းကို ၊ သူငယ်ချင်းနှစ်ယောက် အပျော်ငြင်းခြင်းမှ တစ်ပါး ရှောင်ကြဉ်သင့်ပါသည်. . .

"စီးပွားစပ်ငြား၊ စကားငြင်းဆို၊ သူ့မယားနှင့်၊ နှစ်ကိုယ်တည်းသာ မနေရ၊ မေတ္တာပျက်ကြောင်း" ပင် ဟုသော စကားရှိလေသည်. . .

မိမိ၏အကျိုးစီးပွား ကို မထိခိုက်လောက်သော အရေးများ၌ မငြင်းခုံပဲ အလျှော့ပေးခြင်းဖြင့် အကြီးအကျယ် အကျိုးခံစားရနိုင်လေသည်. . . အခါများစွာ သဘောကွဲလွဲလျှင် ထိုကိစ္စကိုခေတ္တဆိုင်း၍ထားပြီမှ မိမိလိုရာသို့ ရောက်အောင်ကြံစည် ပြောဆိုရပါမည်. . .

ဤနည်းအားဖြင့် တစ်ဖက်သားမှာ စဉ်းစားရန်အချိန်ရ၍ မိမိကိုယ်တိုင်မှာလည်း နောက်ဆုံး၌ အဆင်ပြေမည့် နည်းလမ်းကောင်များရှာဖွေတွေ့ရှိလာနိုင်ပါသည်. . .

တစ်ဖက်သား ကန့်ကွက်သော အချက်ကို ၄င်းထက် သေချာအောင် မိမိက ထပ်လောင်းပြောပြနိုင်ရပါမည်. . . ထိုအခါ မိမိဆိုလိုချက်ကို သူတစ်ဖက်သားက အလိုလိုသိပြီး မိမိဘက်ကို ပါလာပါလိမ့်မည်. . . .

မိမိသဘောမကျသော အချက်တစ်ခုခုကို တစ်ယောက်ယောက်က သဘောပါအောင်ပြောလျှင် သဘောမကျကြောင်းကို ဆိတငြိမ်စွာနေခြင်းဖြင့် ပြနိုင်၏. . . ထိုအခါ တစ်ဖက်သား လိုက်လျောလိမ့်မည်. . ပြုံးသောမျက်နှာနှင့်လည်း သဘောမကျကြောင်း ပြနိုင်လေသည်. .

ငယ်သားများက တစ်စုံတစ်ရာကို တိုင်တောသည့် အခါ ၄င်းတို့ကို ကူညီလိုသောစိတ်နှင့် အားပေးလျှက်နားထောင်ရမည်. . .

လူတစ်ယောက်က ဒေါသဖြစ်၍ ဆူပွပြောဆိုနေလျှင် ဆိတ်ငြိမ်စွာ သတိနှင့် နားထောင်နေပါက အလိုလိုအေးသွားလိမ့်မည်. . . အေးရုံမက နားထောင်သူအပေါ်၌ ကြင်နာစိတ်များပေါ်၍ လာပါလိမ့်မည်. . .

အထက်ပါ နည်းလမ်းများ ဖြင့် ပြုမူ ပြောဆို နေထိုင်ပါက တစ်ဖက်သားနှင့် ငြင်းခုံမှာ အလိုလိုလျော့ပါး သွားပါလိမ့်မည် . . .

မိမိကိုယ်တိုင်လည်း အကျိုးမရှိ၊ သူတစ်ပါးကို လည်း အကျိုး မဖြစ်စေသော ငြင်းခုံခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါသည်. . . .


ပီမိုးနင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. ကောင်းတယ် ၂

    စောစောကသာသိခဲ့ရင် ဟိုလူနဲ့ ဘယ်ငြင်းနေလိမ့်မလည်း

    တတ်နိုင်ဘူးလေ နောင်မဖြစ်အောင်တော့ ကျင့်နိုင်သေးတယ်

    ဧရာဝတီက မမေ၁၆ကို ကျေးဇူးတင်ပါတယ်။

    chan

    ReplyDelete
  2. မှတ်သားစရာ လိုက်နာစရာ ကောင်းတဲ့ လူ့ ကျင့်ဝတ်လေးတွေ ကို လေးလေးစားစား ဖတ်ရှု မှတ်သားသွားပါတယ်
    ခင်တဲ့
    ရန်ကုန်သား :))

    ReplyDelete
  3. ငြင်းခုံခြင်းဟာ အကျိုးမရှိဘူး။ အလကားဘဲ။
    ဒါပေမဲ့
    လူတွေက သိသိကြီးနဲ့ ဆက်ငြင်းခုံနေကြဆဲ။

    ReplyDelete
  4. အိ...... မမတို့ ရေ.....
    သမီးကို တိုက်ရိုက်ကြီး ဆုံးမလိုက်ပြန်ဘီ။ ဟိဟိ
    အကျိုးမရှိမှန်း သိသိကြီးနဲ့ ငြင်းခုန်နေမိဆဲ။
    ပြုပြင်ရန်ကြိုးစားပါမည်။ ကျေးဇူးနော်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။