ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိပ်မပျော်ခြင်း



ညဖက် အိပ်ရာဝင်ချိန် မတိုင်မီ လေးနာရီမှ ခြောက်နာရီအတွင်း ကဖိန်းဓာတ်ပါသော အစာ၊ အရည်များ ကို သောက်သုံး လျှင် အိပ်မပျော်နိုင် ဖြစ်တတ်ပါတယ်. . . .အရက်၊ ယမကာ စသည်တို့သည် အိပ်ပျော်စေရန် မကူညီနိုင်ပါ. . . . အရက် စသည် မူးယစ်စေတတ်သော အရာများ မှာ အစဦးပိုင်းတွင် အိပ်ပျော်စေသယောင် ဖြစ်သော်လည်း ရေရှည်တွင် အိပ်မပျော်ရုံမက စိတ်ကို ပါ ကစဥ့်ကလျား ဖြစ်စေတတ်ပါသည်.

အိပ်ရာမ၀င်ခင် ကဖိန်းဓာတ် ၅၀ရာ ခိုင် နှုန်းပါသော အစာများကို ည ၇ နာရီမအချိန်တွင် စားသုံးမိပါက ည ၁၁ နာရီ ခန့်အထိ ခန္ဓာကိုယ်က လန်းဆန်းမှုကို ရရှိနေနိုင်ပါသည်. . အဖျော်ယမကာနှင့် ဆေးဝါး တော်တော်များများတွင် ကဖိန်းဓာတ်ပါဝင်နေသောကြောင့် ၄င်းတို့ကို အိပ်ရာမ၀င်မီ မသုံးစွဲရပါ.

အိပ်ရာဝင်ချိန် မတိုင်မီ မိနစ် ၉၀ အလိုတွင် မည်သည့် အရည်၊ ရေများကို မဆို သောက်သုံးခြင်းသည် ညလယ်ပိုင်းမှာ တရေးနိုး ဆီးသွားစေနိုင်ပါသည်. . အထူးသဖြင့် သက်ကြီးပိုင်း အရွယ်များမှာ အဓိကဖြစ်တတ်ပါသည်. . .

အိပ်ခါနီးတွင် ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းမှလည်း ရှောင်ကြဉ် ရပါမည်. . . အအိပ်မှီ သုံးနာရီအတွင်းကာယ လေ့ကျင့်ခန်းပြုလုပ်သူများသည်. . . အာရုံနိုးကြားခြင်းကို တိုးမြှင့်သကဲ့သို့ ဖြစ်ပြီး အိပ်၍ မပျော်သော ဆိုးကျိုးကိုသာ ရရှိပါလိမ့်ပါမည်. . .

အိပ်ရာဝင်ခါနီး အချိန်တွင် ကာဗိုဟိုက်ဒရိတ်ဓာတ် ကြွယ်ဝသော အစားအစာများဖြစ်သည့် ပေါင်မုန့်၊ ခေါက်ဆွဲ ၊ဂျုံစပါး ကောက်နှံနှင့် ဘီစကွတ် မုန့်များစသည်ကို စားသုံးသင့်ပါသည်

လွတ်လပ်စိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ကိုကိုမောင်(ပန်းရနံ့)July 1, 2011 at 3:49 AM

    အိပ်ရာဝင်ခါနီး အချိန်တွင် ကာဗိုဟိုက်ဒရိတ်ဓာတ် ကြွယ်ဝသော အစားအစာများဖြစ်သည့် ပေါင်မုန့်၊ ခေါက်ဆွဲ ၊ဂျုံစပါး ကောက်နှံနှင့် ဘီစကွတ် မုန့်များစသည်ကို စားသုံးသင့်ပါသည်။

    စားကြည့်ဦးမယ်။

    ခင်မင်လျက်

    ReplyDelete
  2. ဗဟုသုတလေး ဖတ်မှတ်သွားပါတယ်ကွယ်။ အမှတ်တမဲ့ မသိသူများဆင်ခြင်နိုင်တာပေါ့နော်။ မျှဝေပေးတာကျေးဇူးတင်ပါတယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဟုတ်ကဲ့ရှင်..
    ညစဉ်ညတိုင်း ရီရီသန့်နဲ့အိပ်ရတာတွေများနေပြီရှင့်
    (အိပ်၍မပျော်သော..ညတစ်ည..သံသရာလည်နေလို့)
    ဗဟုသုတလေးတွေ ဖတ်၊မှတ်သွားပါတယ်ရှင်။
    လူတိုင်းအိပ်ပျော်နိုင်ပါစေရန်ဆန္ဒပြုလျှက်..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။