ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီလေးဖတ်ဖို့


သမီး. . .

ဖေဖေ့ရဲ့ အောင်မြင်မှု လှို့ဝှက်ချက်တစ်ခု ကို
သမီးလေးကို တိုးတိုးတိတ်တိတ် ပြောရဦးမယ်. .

များများလိုချင် များများပေး
ပေးလေလေ များလေလေပဲ

အဲ့ဒီစကားကို သေချာ စဉ်းစား
လက်တွေ့အကောင်အထည် ဖော်ကြည့်
အကျိုးရှိကြောင်း သိလာလိမ့်မယ်

ဘာတွေပေးရမှာလဲလို့
ဖေဖေ့ကို ပြန်မေးမလိုကလား
ရှိတာတွေ ပေးလိုက်ပါ သမီးရယ်. .

မေတ္တာ၊စေတနာ၊ အကြင်နာ၊ ကရုဏာတွေ
သမီးမှာ အလုံအလောက်ရှိပါတယ်. .
လိုအပ်နေတဲ့သူတွေ ပေးလိုက်ပါ. .

အ၀တ်အထည် ပစ္စည်းရွှေငွေတွေ
သမီးဘ၀မှာ ပိုလျှံလာတဲ့အခါ
ပေးသင့်တဲ့နေရာကို သွားပေးလိုက်ပါကွယ်.

ပေးလိုက်လို့ နည်းပါးသွားမှာ မပူပါနဲ့
ပေးလေလေ များလေလေပဲဆိုတာ
ယုံပါသမီးရယ်. . .
ဖေဖေ ညာမပြောပါဘူး

ကောင်းသန့်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ကိုကိုမောင်(ပန်းရနံ့)July 2, 2011 at 11:01 PM

    ဟုတ်တယ်။ ပေးလေလေ များလေလေပါဘဲ။ ခက်တာက မပေးကြတာ ခက်တယ်။
    ကိုယ်လဲ အပါအ၀င်ပါဘဲလေ။ ဆင်ခြင်သုံးသပ်စရာဘဲပေါ့။

    ခင်မင်လျက်

    ReplyDelete
  2. သမီးလေးဖတ်ဖို့ကို တို့လည်းဖတ်သွားပါတယ်
    များများပေးရင် များများရမယ်ဆိုလို့ ရှိတာတွေ အားလုံး ပေးလိုက်ရင်ကောင်းမလား စဉ်းစားမိသေးး)

    ReplyDelete
  3. များများပေးပါတယ်...ခက်တာက ရလေ ပိုလိုချင်လေ ဖြစ်နေတဲ့ သူတွေကြောင့် စိတ်ညစ်ရတယ်။ ကြာလာတော့ သူတို.ဘာသာ အားစိုက်ထုတ်ပြီး မရှာချင်ဘဲ....တကယ် မရှိလို. မပေးတော့ရင်တောင် ရန်ရှာခံရတယ်....

    ReplyDelete
  4. မရှိလို့ မပေး မပေးလို့ မရှိပြန် ရှိသလောက်ပေးပြန်တော့လည်း ရလေလိုလေ တစ္ဆေတွေရန်ကကြောက်ရ ဘယ်ဖက်ကမှမလွတ် .. မုန့်လုံးစက္ကူကပ်နေပါပေါ့လား.. :)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။