လက်ဆောင်
ဘတ်စ်ကား တစ်စီးပေါ်မှာ. . .
အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်. .. သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက် ထိုင်ခုံမှာ မိန်းကလေး တစ်ယောက် ထိုင်နေသည်. .
ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်. . .
ခဏနေတော့ မှတ်တိုင် တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်. . . .
အဘိုးကြီးက အလျင်စလို ထက ပန်းစည်းကို ကောင်မလေး လက်ထဲ ထိုးထည့်သည် . .
"ယူပါကွာ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်. . . မင်းကိုပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလဲ ၀မ်းသာမှာပါ. . . . အဘသူ့ကိုပြောပြလိုက်ပ့ါမယ်. . . . "
ကောင်မလေးက ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်. . . ဘတ်စ်ကား ရပ်သည့် နေရာက သုသာန်တံခါးဝ အနီးမှာ ဖြစ်သည်. . . သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်. .
ဖေမြင့်
နှလုံးသားအာဟာရ
အားလုံးကိုချစ်ခင်လေးစားလျှက်. . .
Subscribe to:
Post Comments (Atom)
တစ်မျိုးပဲ ...။
ReplyDeleteတစ်ဖက်သားရဲ့ ဆန္ဒကိုဖြည့်ဆည်းခြင်းကြောင့် သုံးဦးရဲ့ ဆန္ဒများပြည့်သွားတာပေါ့နော်။ ပျော်ရွှင်အေးချမ်းပါစေကွယ်။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
ပန်းစည်းလေးကြောင့် လူ၃ယောက်ပျော်ရတယ်ဆိုရင်လဲ အကျိုးရှိတာပါဘဲ
ReplyDelete