အကောင်းဆုံးကံကြမ္မာ
ကံကောင်းအောင် ကံကြမ္မာက မဖန်တီးပေးဘူး လူကပဲ ဖန်တီးပေးတယ်. .
ကံပွင့်တယ် . . . ကံမြင့်တယ်ဆိုတဲ့ . . . အရာဝတ္တုတိုင်းဟာ ကိုယ့်ဘာသာ ကိုယ် လုပ်ယူရတဲ့ကိစ္စများဖြစ်ပါတယ်. .
မိမိရဲ့ အတိတ်ဘ၀ပေါင်းများစွာက ပြုခဲ့တဲ့ ကောင်းမှုတွေ . . . ပစ္စုပ္ပန်ဘ၀မှာ ပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ အမြဲတမ်း ပွင့်လန်းလာစေဖို့ရာ အမြဲတမ်း စေတနာကောင်းရှိရပါတယ်. . .
စေတနာကောင်းနဲ့ လုပ်နေတဲ့သူတွေဟာ ကံကောင်းတဲ့ သူတွေပါပဲ. . .
ဒါပေမယ့် . . . (တစ်ခါတစ်ခါ)
သစ်ပင်မျိုးစေ့ကောင်းကို မြေသြဇာကောင်းကျွေးပြီး စိုက်ပျိုးတာတောင်မှ ပေါင်းပင်များထွက်လာတာ ရှိသေးတာ ပိုးကျသလို အဖြစ်မျိုးတွေ ရှိတာကိုလည်း တွေ့ရလေ့ရှိပါတယ်. . .
အဲဒီအချိန်မှာ သစ်ပင်စိုက်တဲ့လူဟာ ပေါင်းသင်ပေးရပါတယ်. . . ပိုးသတ်ပေးရပါတယ်. . မြေသြဇာထည့်ပေးရပါတယ်. . . . .
သည်လိုပါပဲ . . ကုသိုလ်ကံကောင်း အကျိုးပေးနေတဲ့ အချိန်အခါမျိုးမှာလည်း သောကတွေ ဖိစီးမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်. . အဲဒီအခါမှာ သောကနဲ့ ဖိစီးမှုကို စေတနာကောင်းနဲ့ ပယ်သတ်ဖို့ ကြိုးစားပါ. . . .
အိန်ဂျယ်(လ်)
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
Subscribe to:
Post Comments (Atom)
မိမိရဲ့ အရိပ်လို ကပ်ပါလာတဲ့ အတိတ်ကံကို ကောင်းအောင် ဆိုးအောင် မြင့်အောင် နိမ့်အောင် ပြုလုပ်နိုင်တဲ့သူဟာ မိမိသာဖြစ်တယ်ဆိုတာ အမှန်ပဲနော်။ မှတ်သားဖွယ်ရာလေးတွေ မျှဝေပေးတာကျေးဇူးတင်ပါတယ်ကွယ်။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
မှန်လိုက်တာ။ ဒါဟာ သဘာဝတရားဘဲပေါ့။
ReplyDeleteခင်မင်လျက်
မှတ်သားသွားပါတယ်ဗျာ....
ReplyDeleteခင်မင်လျက်
နေ၀ဿန်
ကံကောင်းအောင် ကံကြမ္မာက မဖန်တီးပေးဘူး လူကပဲ ဖန်တီးပေးတယ်. .
ReplyDeleteကံပွင့်တယ် . . . ကံမြင့်တယ်ဆိုတဲ့ . . . အရာဝတ္တုတိုင်းဟာ ကိုယ့်ဘာသာ ကိုယ် လုပ်ယူရတဲ့ကိစ္စများဖြစ်ပါတယ်. .
ဒီစကားလုံးကို ကျနော် နှစ်သက်တယ် မမေး)
ခင်မင်စွာဖြင့်
ဗညားရှိန်
သာကနဲ့ ဖိစီးမှုကို စေတနာကောင်းနဲ့ ပယ်သတ်ဖို့ ကြိုးစားပါ. . . .
ReplyDelete