

သားကြီး
No man is perfect တဲ့။
အပြစ်ကင်းသူ ဘယ်သူမှ မရှိပါဘူးကွယ်။
လူမှန်ရင် ဘယ်သူမဆို
တစ်ကွေ့မဟုတ် တစ်ကွေ့တော့
မှားကြတာချည်းပါပဲ။
အမှား လုပ်မိတဲ့အတွက်
စိတ်ပျက် အားငယ်သွားဖို့ မဟုတ်ပါဘူး။
အမှားကိုမြင် အမှန်ပြင်ပြီး
လမ်းမှန်ကို ပြန်လျှောက်နိုင်ဖို့ပဲ လိုတယ်။
သားဘ၀ရဲ့ လမ်းမှန်ကို ပြန်လျှောက်ဖို့
ဖေဖေဟာ သားအတွက် အားဆေး
ပြီးတော့ သားရဲ့ လက်စွဲတောင်ဝှေး
အချိန်မရွေးဖြစ်နေမှာပါ။
အားမငယ်ပါနဲ့ သားရယ် ။
ဘ၀ အမှောင်လမ်းမှာ
သားက စမ်းတ၀ါးဝါး ဖြစ်နေခဲ့ရင
ဖေဖေက လမ်းပြကြယ်ပေါ့
ဖေဖေ ညွန်ပြတဲ့ လမ်းကို
အားကိုးယုံကြည်စွာ လိုက်ခဲ့တော့နော်။
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မိဘမေတ္တာပြည့်ဝတဲ့ အဖေတိုင်း သားသမီးတွေကို ပြောမယ့် စကားလေးလို့ထင်ပါတယ်။
ReplyDeleteအပြစ်ကင်းသူ ဘယ်သူမှ မရှိပါဘူး
ReplyDeleteအပြစ်လုပ်မိရင် ၀န်ခံပြီး ပြုပြင်သင့်ပါတယ်။ ၀န်မခံဘဲ အပြစ်ကို သိသိကြီးနဲ့ ဆက်လက်ကျူးလွန်ရင်တော့ လမ်းမှန်ကို ရောက်ဖို့ မလွယ်ပါဘူး
အဖေတစ်ယောက်ရဲ့ ဆုံးမစကားလေးက အားတက်စဖွယ်ပါဘဲ
အမှားပြင်ခွင့်ရရင်ပိုကောင်းတာပေါ့၊ အမှားကိုပြင်ခွင့်မပေးပဲ အသေရိုက်ချင်တဲ့သူတွေရှိနေတယ်၊
ReplyDeleteမသိလို့ မှားတာ ပြဿနာ တော့မရှိဘူး... အမှား တစ်ခုကို ထပ်ခါ ထပ်ခါ မှားနေတာတို့.. ပြောပြရဲ့ သားနဲ့ နားလည်နိုင်စွမ်းမရှိတာတို့ ကြတော့လည်း စိတ်ပျက်စရာ အကောင်းသားဗျ။
ReplyDelete