ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘုရားအလောင်း ယသော်ဓရာနှင့် နန်းသိမ်းပွဲခံပုံ


ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော အခါ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် ဆွေတော် မျိုးတော်မင်းများ ထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးလေသည်. . သမီးရှင် မင်းကြီးများသည်. ဘုရားအလောင်းကို အဆင်းသာလှ၍ ပညာမတတ် ဟု ကဲ့ရဲ့ကာ သမီးရတနာကို မပို့ဘဲ နေကြလေသည်. . . ထိုအကြောင်းကို သုဒ္ဓေါဒနမင်းက သားတော်အား ပြောပြလေရာ ထိုအချိန်မှာ အခက်ဆုံး လေးအတတ်ကို ပြဘို့ရန် ၀န်ခံလိုက်လေသည်. . .

ထိုအခါ နေပြည်တော်တွင် ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေရာ လေးဆရာတို့ကို နန်းတော် မြေပြင်၌ စုရုံးစေကာ လေးဆရာ ၄ ယောက်ကို လေးမျက်နှာထား၍ ဘုရားအလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် ၊ အသင်တို့က ငါ့ကို တပြိုင်နက် ပစ်ကြလော့ ဟု ပြောလေသည်. . . ဆရာ ၄ ယောက်တို့ ပစ်သော မြှားတို့ကိုလည်း မိမိကို မထိအောင် မြှားတစ်စင်းတည်းဖြင့် ကာကွယ်နိုင်လေသည်. . . ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် ယသော်ဓရာ နန်းသိမ်းပွဲ ခံယူလေသည်. .

Wedding Ceremony of Prince Siddhattha

When the future buddha was sixteen years of age, his father King Suddhodana sent official intimation to hi relatives asking them to send their daughters to be married to his son. There arose the following discussing among his relatives, who were Rulers of their own states; "Siddhattha is of handsome appearance but is not well trained in any manly art." They did not , therefore comply with the request of King Suddhodana. The King told his son what his relatives had said about him, when the Prince agreed to show his proficiency as the best bowman of the day.Consequently the most distinguished bowmen of the city were assembled in the place grounds. The future Buddha placed them at four different points and directions round him while he stood in the centre. He then said to them. " you must shoot your arrows at me all at the same time". When the signal to shoot was given, the four archers shot their arrows at him all at once. The Prince defended himself by shooting an arrow which flew like lighting and hit all the four arrows coming in his direction. He thus exhibited his skill, such as none other bowmen could equal. Hi father's relatives then sent their daughters, beautiful maidens,of whom the Prince chose Princess Yasodhara whom he married by celebrating a grand wedding.

အားလုံးကိုချစ်ခင်လေးစားလျှက်...

3 comments:

  1. မင်္ဂလာပါခင်ဗျာ.. စာလုံးပေါင်းမှားနေတာလေးတခု တွေ့လို့မသင့်တော်တာနဲ့ အကြံပေးခဲ့ပါတယ်ခင်ဗျာ..ကျွန်တော် ဧရာဝတီစာကြည့်တိုက် ကို အမြဲအားပေးနေသူပါ.. အခုလို ဗဟုသုတတွေမျှဝေတဲ့အတွက်လဲကျေးဇူးတင်ပါတယ်.. အခု ဒီဆောင်းပါးမှာ ဘုရားအလောင်းတော်အကြောင်းဖြစ်တာကြောင့် ဂရုစိုက်စေလိုပါတယ်ခင်ဗျာ.. မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအဖို့ မသိသာပေမယ့် ..တခြားလူမျိုး တခြားဘာသာဝင်များ ပြောစရာဖြစ်မှာစိုးလို့ပါ... အင်္ဂလိပ်လိုရေးထားတဲ့ခေါင်းစဉ်မှာ နည်းနည်းစာလုံးပေါင်းလွဲနေပါတယ်ခင်ဗျာ... prince နဲ့ price မှားနေပါတယ်.. ပြန်ပြင်ပေးစေလိုပါတယ်ခင်ဗျာ..ကျေးဇူးပါ။
    အမြဲအားပေးလျက်
    leostar

    ReplyDelete
  2. လေးစွမ်းတွေ အမျိုးမျိုးပြတာကို ဖတ်ဖူးတယ်
    မိုးပေါ်ကို ပုံသဏ္ဍာန်မျိုးစုံ ပစ်ပြတာတွေ ရောပေါ့

    ReplyDelete
  3. ဘုရားလောင်းမို့လို့နဲ့တူတယ်...

းဝ)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။