"မိုးနှင့်သူ"
မိုးကြီးသွန်းရွာ၊ ရေမပါဟု
ရင်မှာဒေါသ၊ အမျက်ရှလျက်
ငဆနင်ဘဲ၊ မိုးကိုမဲကာ
ဆိုဆဲပုတ်ခတ်၊ သူကျေနပ်မှ
မတ်တတ်ကလျှင်၊ ဆန်းစစ် မြင်သည်
ရေစင်ခံသည့် အိုးကိုတကား။
အလို. . . အို .. . . မိုးကြီးအတိတ်၊ တံစက်မြိတ်၌
တိတ်ဆိတ်လျက်ပေ၊ ကရွတ်ခွေဝယ်
ရေအိုးခမြာ၊ မှောက်လျက်သာတည့်
မိုးရွာတုန်းမှန်၊ ရေသွန်းခံလည်း
ရေခံအိုးအား၊ မှောက်လျက်ထားမိ
မှားပါပကော၊ လောဘ ဒေါသ
ငါ၌ လုံးဝ၊ ဆုံးရှုံးရဟု
တ လျက်မိုးကို၊ လာစေလို၍
ရှိုက်ငိုကျွမ်းကြွေ၊ မြည်တမ်းပေလည်း
နေခြည် ပြက်ပြက်၊ ကောင်းကင်ထက်ဝယ်
ယှက်သန်းခိုးမြူ။ မစိုးမူဘဲ
မိုးဖြူငြိမ်သက် တိတ်ဆိတ်လျှက်။
မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်..
တော်တော်လေး အဓိပ္ပာယ်ရှိတဲ့ ကဗျာပဲ... မျှပေးတာ ကျေးဇူးမမ
ReplyDeleteမိုးရွာတုန်း ရေမခံမိလို့ ဒုက္ခရောက်ရပုံလေးကို လှအောင် ဖွဲ့ထားတဲ့ ကဗျာလေးပဲ..
ReplyDeleteလသာတုန်းမှ ဗိုင်းမငင်လျင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
ReplyDeleteမိုးရွာတုန်းမှ ရေမခံလျင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
ပေးကားပေး၏၊ မရ။
ကျွေးကားကျွေး၏။ မ၀။
အဲဒီလို အဲဒီလို အတွေးတွေ ပွါးသွားပါတယ်။ သယ်ရင်းရေ....
ကဗျာလေးကလည်းအဓိပ္ပာယ်ရှိလိုက်တဲ့ကဗျာလေးပဲနော်
ReplyDeleteမိုးနှင့်သူတဲ့လား ကောင်းလိုက်တာ အမရေ မျှဝေပေးတာကျေးဇူးပဲနော်အမ။
ရှိုက်ငိုကျွမ်းကြွေ၊ မြည်တမ်းပေလည်း
ReplyDeleteနေခြည် ပြက်ပြက်၊ ကောင်းကင်ထက်ဝယ်
ယှက်သန်းခိုးမြူ။ မစိုးမူဘဲ
မိုးဖြူငြိမ်သက် တိတ်ဆိတ်လျှက်။
အဆုံလေး သတ်သွားတာ အရမ်းလှတယ် . . .
ဗညားရှိန်
ထိထိမိမိရှိတဲ့ကဗျာလေးကို ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်..
ReplyDeleteဒီရာသီနဲ့လည်း လိုက်ဖက်လှပါတယ်..
မိုးရွာတုန်းမှာ မမေ့မလျော့ ရေခံထားဖို့တော့ လိုအပ်တာပါဘဲနော်..
ကဗျာလေးက အသိတစ်ချို့ကိုပေးနေသလိုပါဘဲ..
အမရေ အမှန်ပဲနော် အခွင့်အရေးဆိုတာ တစ်ခါရတုန်း အသုံးချတတ်ရတယ်လို့ မှတ်သားသွားပါတယ် ပျော်ရွှင်ပါစေနော်း)
ReplyDeleteသိပ် ကောင်း လွန်း လို့....
ReplyDeleteကျေ နပ် စွာ ဖတ် မှတ် ခဲ့ ပါ တယ်။
”မိုး ရွာ တုန်း ရေ ခံ ကြ ပါ”
ပျော်ရွှင်ချမ်းမြေ့ နိုင် ကြ ပါ စေ :D
with reps;
အရမ်းကောင်းပါတယ်..အနှစ်သာရအပြည့် အ၀ရှိတဲ့ ကဗျာလေးကိုဖတ်ခွင့် ရတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်..
ReplyDelete