


ထို့ကြောင့် လူတိုင်းသည် တစ်ဦးတစ်ယောက် တစ်စုံတစ်ရာထံမှာ အကူအညီ တစ်မျိုးမျိုး ယူခဲ့ရခဲ့ကြသည် ချည်းပဲ ဖြစ်၏. . . . သို့သော် ထိုရခဲ့သော အရာအတွက် ပြန်လည်ပေးဆက်ခဲ့ရသူ၏ အဖြစ်ကား လူတိုင်းတွင် ဖြစ်နိုင်ရန် ခဲယဉ်းလှ၏. . . မှန်လှ၏. . . လူများစွာတို့သည် "ရယူသူများ "ဖြစ်ကြ၏. . . "ပေးဆပ်သူ အဖြစ်ကို မူ လူတိုင်း မရကြချေ. .
ကျေးဇူးခံ၊ ကျေးဇူးစားသဘောနှင့် စပ်လျဉ်း၍ ပြောကြသောအခါ လူအများစုသည် မိဘကျေးဇူး၊ ဆရာ့ကျေးဇူးလောက်ကိုသာ သတိရလေ့ရှိပြီး ကျေးဇူးရှိသော ၊ ကျေးဇူးတင်ထိုက်သော အခြားပုဂ္ဂိုလ်များကို မေ့လျော့နေကြ၏. . .
မိမိအိမ်ကထွက်တိုင်း လျှောက်နေရသော မိမိအိမ်ရှေ့လမ်းသည် မိမိ၏ကျေးဇူးရှင်ဖြစ်ကြောင်းကို တွေးခေါ်စဉ်းစားမိသူ နည်းမည်ထင်၏. . . တွေးခေါ် စဉ်းစားမိသည့်တိုင် ထိုလမ်းကလေးအပေါ် မိမိ ဘာပြန်ပေးရမလဲဆိုသည်ကို စဉ်းစားမိသူ အလွန်နည်းလေသည်. . . ထိုလမ်းကလေးဆီမှ မိမိသွားလိုရာ အချိန်တိုတွင်း လွယ်ကူစွာ သွားနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်. . .
သို့ဆိုလျှင် မိမိအကျိုး အတွက် ရယူနိုင်ခဲ့သော ထိုလမ်းကလေးအား ကျွန်ုပ်တို့သည်. . . ဘာများ ပြန်ပေးနိုင်ခဲ့ပါသလဲ . . .ကျောက်ခဲ့ တစ်ခြင်း ဖို့ပေးခြင်း ၊ ရေမြောင်းကလေးများ ရေစီးရေလာကောင်းအောင် ပေါက်ပြားနှင့် ဘယ်နှစ်ချက် ပေါက်ဆွပေးခဲ့ဖူးပါသလဲ. . .
ကျေးဇူးဟူသော သဘောသည် နက်ရှိုင်းသိမ်မွေ့လှ၏. . . သူ့ကျေးဇူး မိမိအပေါ်တင်ရှိနေကြောင်း ကို တစ်ချက်ကလေးမျှ ပြန်ပြောင်း သတိရ အောက်မေ့ခွင့်ရခြင်းသည်. ဖြစ်ခဲရခဲလှ၏. . . တစ်ဖန် သူ့ကျေးဇူးကို ပြန်၍ တုံ့ပြန်ပေးဆပ်ခွင့်ရခြင်း၊ ပေးဆပ်နိုင်ခြင်း သည် အဆတစ်ရာ၊ အဆတစ်ထောင်မျှ ခက်ခဲလှပါသည်. . . .
ကျေးဇူးမသိတတ်သူ ၊ သူ့ကျေးဇူးသဘောကို နားမလည်သူတို့၏. . ဘ၀ကျဆုံးမှုနှင့် တန်ဖိုး မဲ့မှုတို့ကို ပြလိုသဖြင့် "ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။""ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။" "ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။" ဟု လောကနီတိကျမ်းက ဆိုထား၏..
ထို့ကြောင့် လူတိုင်းကျေးဇူးတရားကို နားလည်ပြီး သတိတရဖြင့် ပြန်လည်ပေးဆပ်နိုင်သောသူများ ဖြစ်ပါစေ. .
ဦးဝမ်ထိန်
အားလုံးကိုချစ်ခင်လေးစားလျှက်...

အရမ်းကောင်းတဲ့စာလေးပါ။ ကျနော်လည်း နောက်ဆို လမ်းလေးကိုမပြုပြင်နိုင်တောင်မှ လမ်းလေးရဲ့ကျေးဇူးကို သတိတရရှိနေပါတော့မယ်။နောက်ကိုလည်း လာဖတ်ပါဦးမယ်။ဦးဝမ်ထိန်လည်းပျော်ရွှင်ပါစေဗျာ။
ReplyDeleteဦးဝမ်ထိန် လည်း ပျော်ရွှင်ပါစေ...
ReplyDeleteမေတစ်ခြောက် လည်း ပျော်ရွှင်ပါစေ...
ဖလားဝါးပိုဝမ် လည်း ပျော်ရွှင်ပါစေ...
ကျေးဇူးသိတတ်သူများ ဖြစ်ကြပါစေ...
းဝ)
အကျိုးရှိလှတဲ့ ဝေမျှချက်လေးပါ....
ReplyDeleteရယူတာတွေပဲ များခဲ့တယ်ထင်တယ်။
ReplyDeleteအခွင့်သင့်တိုင်း ပြန်ပေးနိင်ဖို့ ကြိုးစားရမှာပါပဲ။
သတိထားစရာတွေချည်းပါ ညီမရေ..။
ReplyDelete