ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မွေးနေ့အလှူ

ပုသိမ်မြို့ ဘိုးဘွားရိပ်သာ

အသက် (၈၄) နှစ် အဘိုးနှင့် အသက် (၉၅) နှစ် အဘွားက မွေးနေ့ဆုတောင်းပေးပုံ







ယနေ့ မေလ ၁၆ရက်နေ့ က ကျွန်မ မေ16 ရဲ့ မွေးနေ့ဖြစ်ပါတယ်. . . . ကျွန်မမွေးနေ့မှာ ပုသိမ်မြို့ စက်တော်ရာ ဘုရား အနီးမှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ မနက်စာ ကို ဒီနေ့မနက် (၆) နာရီ မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်. . . .

ပုသိမ်မြို့ ဘိုးဘွားရိပ်သာမှာ စုစုပေါင်း အဘိုး၊ အဘွား (၃၇) ယောက်ရှိပါတယ်. . . အသက်အရွယ်အားဖြင့် ၇၀ ကျော် ကနေ အသက် (၉၅) နှစ်ထိရှိတဲ့ အဘိုးအဘွားများကို တွေ့ခဲ့ရပါတယ်. . . အဲဒီထဲက (၂၅) ယောက်ကတော့ ကောင်းကောင်းမွန်မွန် သွားလာ လှုပ်ရှားနိုင်ပြီး ကျန် တဲ့ ဘိုး၊ဘွား (၁၁) ယောက်ကတော့ သူတို့ နေရာမှာ ကိုသွားပြီး စားစရာများကို ယူသွားပေးရပါတယ်. . . . .. သူတို့ တွေက လှုပ်ရှားမှု အများကြီး မလုပ်နိုင်တော့လို့ပါ.

မနက်စာအနေနဲ့ အဘိုးအဘွားများကို မုန့်ဟင်းခါး ၊လက်ဖက်ရည်၊ ကော်ဖီ၊ အီကြာကွေး၊ ပလာတာ ၊ဘဲသားမုန့် စသည်တို့ အပြင် မိမိတို့ လှူဒါန်းလိုသည့် မုန့်များကိုလည်း လှူဒါန်းနိုင်ပါတယ်.. . .အဘိုးအဘွားများကို မနက်စာ အပြင် နေ့လည်စာ၊ ညနေစာ တို့ကို လည်း လှူဒါန်းနိုင်ပါတယ်...

ကျွန်ကတော့ ဒီနေ့ မနက်စာကို ကော်ဖီ၊ အီကြာကွေးနဲ့ ဘဲသားမုန့် များကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်. . . ထို့အပြင် အဘိုးအဘွားများ နှစ်သက်သည့် အချိန်စားနိုင်ရန် ခေါက်ဆွဲခြောက်ထုပ်များကို လည်း လှူဒါန်းခဲ့ပါတယ်. . .

ကျွန်မတို့တစ်တွေလည်း တစ်နေ့မှာ အသက်အရွယ်အိုမင်းလာကြမှာပါ. . . ထို့ကြောင့် အဘိုးအဘွားများကို ကိုယ့်ရဲ့ ဆွေမျိုးသားချင်းများ လို ကိုယ်တတ်နိုင်တဲ့ဘက် မှ ပြုစုစာင့်ရှောက်ခြင်းအား ဖြင့်လည်း ကုသိုလ်များကို ရယူနိုင်ပါတယ် . . . . . .

ဒီနေ့မှာ ကျရောက်တဲ့ ကျွန်မမွေးနေ့ အလှူကို စာဖတ်သူ ညီအကို မောင်နှမများကို ကုသိုလ် အမျှ ပေးဝေ လိုပါသောကြောင့် ဒီပို့စ်လေးကို မွေးနေ့ အမှတ်တရ အနေနဲ့ရေးသားဖော်ပြလိုက်ရပါတယ်ရှင်.

အားလုံးကိုချစ်ခင်လေးစားလျှက်...

18 comments:

  1. မေလေးရယ် ... မွေးနေ့မှာ အခုလိုမျိုးကုသိုလ် တွေလုပ်ခွင့်ရတော့ (အထူးသဖြင့် အသက်ကြီး ရွယ်အိုတွေကို အစားအသောက်လှူဒါန်းရတာ ဟာ) ပိုမို မွန်မြတ်ပါတယ်ကွယ်

    ထာရ၀ပျော်ရွှင်ပါစေနော်

    ReplyDelete
  2. မွေးနေ့အလှူအကြောင်းလေး ဖတ်ရတာ စိတ်ကြည်နူးလိုက်တာ
    ဒီနေ့မှစလို့ ပျော်စရာ ရက်ပေါင်းများစွာကို ပိုင်ဆိုင်ပါစေ
    ချစ်သူခင်သူများနဲ့ ထာဝစဉ်ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ
    ဆန္ဒတွေအားလုံး ပြည့်ဝပါစေနော်..

    ခင်မင်စွာ

    မချော

    ReplyDelete
  3. မွေးနေ့မှာ ခုလိုသက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့
    တကယ့်ကိုကောင်းမြတ်တဲ့ အလှူဘဲဖြစ်ပါတယ်ခင်ဗျာ။
    မွေးနေ့မှာပျော်ရွင်ပါစေ၊ စာပေများကိုလည်း ယခုထက် ပိုပြီးရေးသားအကျိုးပြုနိုင်ပါစေလို့ မွေးနေ့မှာဆုတောင်း ပေးခဲ့ပါတယ်။
    ခင်မင်လျှက်
    တောသားလေး

    ReplyDelete
  4. သာဓု . . သာဓု . . သာဓု ပါဗျာ။

    ReplyDelete
  5. ညီမရေ.. Happy Birthday ! ပါနော်။
    မွေးနေ့ ကုသိုလ်လေးအတွက်လည်း သာဓု ၃ကြိမ်ခေါ် ပါတယ်။
    မွေးနေ့မှ နောင်နှစ်များတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပြီး စာကောင်းပေကောင်းများဆက် လက်ရေးသားနိုင်ပါစေ။

    ReplyDelete
  6. သာဓုပါအစ်မရေ.. မွေးနေ့လုပ်တဲ့ပုံလေးတွေ ကြည့်မိပြီး ပီတိဖြစ်မိပါတယ်။ ဘုရားရှင်ရဲ့အဆုံးမနဲ့အညီ အသက်ဂုဏ်ဝါကြီးတဲ့သူတွေကို ထောက်ပံ့လှူဒါန်းခြင်းဟာ မင်္ဂလာတစ်ပါးဆိုတဲ့ အတိုင်းပါပဲ။ မွေးနေ့မှာဘုရားသာဓုခေါ်တဲ့အလုပ်တွေ များများလုပ်ရင်း အစ်မတစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေ..။

    ReplyDelete
  7. မမေရေ မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေဗျာ

    ဗညားရှိန်
    http://www.lynnkhitdeno.blogspot.com/

    ReplyDelete
  8. Happy Birthday !!!! ပါး) မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ပါစေ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  9. တို့လည်း..မဖိတ်ပါလား။ နောင်ရိုး မှာ လက်ဘက်ရည် တိုက်မယ် ထင်လို့ မနက် ၆ နာရီထဲက သွား ထိုင်
    စောင့်နေတာ ၊ လက်စ သတ်တော့ ..ဘိုးဘွားရိပ်သာမှာ သွားလှူတာကိုး။ သာဓု ၃ကြိမ်ပါဗျား။

    ပျော်ရွှင်ချမ်းမြေ့နိုင်တဲ့ မွေးနေ့မင်္ဂလာဖြစ်ပါစေ။

    ReplyDelete
  10. နောက်ကျ မွေးနေ့ ဆုတောင်းဖြစ်သွားတယ် မမေရေ..။ အလှူဒါနတွေအတွက် သာဓုအနုမောဓနာ ခေါ်ဆိုပါတယ်။ နောင်လဲ လှူနိုင်တန်းနိုင်ပါစေ။ မင်္ဂလာရှိသော မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ကုသိုလ်တရား ပွားများနိုင်ပါစေဗျာ။

    ReplyDelete
  11. ညီမရေ.. မွေးနေ့မှာ ပါတီတွေလုပ်ပြီး ပျော်ပါးတာထက်... ခုလိုမျိုး ကုသိုလ်ရေးလုပ်လို့ ရတဲ့ ကြည်နူးမှုက အရမ်းကို အဓိပ္ပါယ်ရှိပါတယ်... သာဓု.. သာဓု.. သာဓုပါ... နောက်လဲ ခုလို လှူဒါန်းနိုင်ပါစေ...

    ReplyDelete
  12. အမမေ ထူးမြတ်တဲ့ ရက်မြတ်မွေးနေ့မှာ မွေးနေ့ဆုတောင်း ပျက်ကွက်ခဲ့တဲ့အတွက် sorry နော်။ ရင်ထဲက ဆန္ဒနဲ့မို့ နောက်ကျပေမဲ့ အမနားလည်ပေးမှာပါနော် " အမမေရဲ့ ထူးခြားမွန်မြတ်တဲ့ ကုသိုလ်ဒါနလေးအတွက် သံသရာဝဋ် ဆင်းရဲမှ ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မရောက်မီ စပ်ကြား ဘဝပေါင်းများစွာမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် ရပ်တည်နိုင်ပါစေ" ....

    ReplyDelete
  13. မွေးနေ့ကုသိုလ်လေးကို မျှဝေရင်း...မောင်နှမများရဲ့ ဆုတောင်းမေတ္တာပို့သပေးမှုကြောင့် ၀မ်းသားကြည်နှုးရပါတယ်။ မမေနဲ့အတူ မောင်နှမများလည်း ကုသိုလ်များ ထပ်တူထပ်မျှရကြပါစေ။ ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေ။ လို့ ပြည်လည် ဆုတောင်းမေတ္တာပို့သပါတယ်။

    ReplyDelete
  14. မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ
    ဘဝနှင့် ဆန္ဒ တစ်ထပ်တည်းကျနိုင်ပါစေ။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  15. နောက်ကျသွားပေမယ့် 
    မွေးနေ့ မှာ အခုလို ကြည်နူးခဲ့ ရတယ်ဆိုတာ
    သိရလို့  ၀မ်းသာမိပါတယ်မမရေ
    ဘ၀မှာ ချစ်ခင်တဲ့ သူတွေနဲ့ အတူ
    ပြည့်စုံအောင်မြင်ခြင်းတွေနဲ့ 
    ပျော်ရွှင်စွာ ဖြတ်သန်းကုန်လွန်နိုင်ပါစေနော်

    ခင်မင်စွာနဲ့ 

    ညီမလေး

    ပန်းခင်း :)

    ReplyDelete
  16. မွေးနေ့တူတဲ့ မမ လား ညီမလေး လား တယောက်ရေ
    Happy Birthday ပါနော်
    နဲနဲနောက်ကျပေမယ့်
    ကုသိုလ်တူတူ လာယူပါတယ်ရှင် ..

    ReplyDelete
  17. နောက်ကျသွားတာခွင့်လွှတ်ပါညီမရေ..
    မွေးနေ့မှာစုံစုံညီညီနဲ့မုန့်တွေအများကြီးစားသွားတယ်။
    မွေးနေ့မှစပြီးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍လိုရာပြည့်စုံ
    ပြီးသာသနာပြုနိုင်ပါစေ၊မိဘကိုလည်းအလုပ်အကျွေး
    ပြုနိုင်ပါစေ..စာပေအကျိုးဆက်လက်ထမ်းရွက်နိုင်ပါစေ..
    လို့ဆုတောင်းပေးပါတယ်..
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။