ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အပြိုင် . . . အဆိုင် . . . . အနိုင်



ဆိုင်တာတွေရှိလို့ ပြိုင်တာတွေရှိနေရတာပါ. . . ဆိုင်လို့ ပြိုင်ရတာ ဖြစ်ပါတယ်. . . . လောကကြီးမှာ . . . ဘယ်သူနဲ့မှ မပက်သက်၊ ဘယ်သူနဲ့မှ မဆိုင်ရင် ဘာကိုမှ ပြိုင်စရာ မလိုပါဘူး. . . မဆိုင်တဲ့အတွက် မပြိုင်ရတာပဲ ရှင်းပါတယ်. . . လူနဲ့မဆိုင်ရတောင် သဘာဝလောကကြီးထဲမှာ နေထိုင်ရလို့ သဘာဝနဲ့ရင်ဆိုင်ရပါမယ်. . .

အဆိုင်ရှိလို့ အပြိုင်ရှိ၊အပြိုင်ပေါ်လို့လည်း အနိုင်တွေဆော်နေကြတာ. . . လူရော သတ္တ၀ါအားလုံးပါ အရှူံးဆိုတာကို မလိုချင်ဘူး . . . .ဘာလေးဖြစ်ဖြစ်နိုင်ချင်တဲ့ စိတ်ဆန္ဒဟာ လူ့သဘာဝပါ. . . ဘယ်သူက မှ အရှုံးကို မြတ်နိုးခုံမင်တဲ့လူ မရှိပါဘူး. . .

ငွေကြေးမပါတဲ့ စစ်တုရင် ထိုးတမ်းကစားတာလေးကလည်း နိုင်ချင်တာပဲ၊ ကားပေါ်တက်ထိုင်လည်း ကိုယ့်အတွက် ထိုင်ခုံရချင်တာပဲ၊ လုတတ်တာပဲ၊ မဲဖောက်လည်း ကိုယ်မဲပေါက်ချင်တာပဲလေ . .. အဲသည်ရချင်မှုဟာ နိုင်ချင်မှုပဲပေါ့ . . . အများနဲ့ ဆိုတာ က အပြိုင်အဆိုင် သဘောမျိုး ဖြစ်နေတာပဲ မဟုတ်လား . . . ကိုယ်မရလည်း သူများရသွားမှာက သဘောတရားပဲ . . . . အပြိုင်ရှိသမျှ အနိုင်ရှိမှသာ. . . . လူရာဝင်သလိုဖြစ်နေတာပါ. . .

အပြိုင်အဆိုင်တိုင်း မကောင်းတာလည်း မဟုတ်ပါဘူး. . . ကောင်းတဲ့ အပြိုင်အဆိုင်များလည်းရှိပါတယ်. . . ရိုးသားမှုကို ပြိုင်တာ. . ၊ကြိုးစားမှုကို ပြိုင်တာ ၊ အလုပ်ကို ပြိုင်တာ ၊ အလှူအတန်းကို ပြိုင်တာတွေက ကောင်းသော ပြိုင်ဆိုင်ခြင်းပါ. . . .

ပြိုင်နေသူတွေဟာနှစ်ဦး နှစ်ဖက် တိုးတက်ပါတယ်. . အပြိုင်ရှိမှ အလုပ်ကို ဂရုစိုက် ဇွဲရှိတာပါလို့ လုပ်ငန်းရှင်တွေ ကပြောကြပါတယ်. .. အပြိုင်အဆိုင်လုပ်ရာကနေ ကြွယ်ဝချမ်းသာလာတဲ့ ကမ္ဘာ့မီလျံနာကြီးတွေဟာ လုပ်ငန်းပြိုင်ကြပေမယ့် လူပုဂ္ဂိုလ်ချင်းမှာ သိပ်ကို ခင်မင်ကြပါတယ် လို့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးပါတယ်. .

အလုပ်ကိုင်ပြိုင်တာနဲ့ လူချင်းပြိုင်တာ မတူပါဘူး . . . . လူချင်းပြိုင်ဆိုင်မှု ဟာ လုပ်ငန်းပြိုင်ဆိုင်တာထက်ကို ပိုကျယ်ပြန့်ပါတယ် . . . ဘာဖြစ်လို့လည်း ဆိုတော့ နာမည်ကောင်းရရေးအတွက် လုံးပမ်းရတဲ့ အဖက်ဖက် က စိတ်ပင်ပန်း လူပင်ပန်းလှပါတယ်. . လူချင်းပြိုင် ၊ အလုပ်ချင်းပြိုင်ပြီး ကြွားဝါတဲ့ သဘောမျိုးသက်ရောက်ရင် သိပ်ဆိုးတယ် . . . ကြားဝါခြင်းလောက် လူချင်း မုန်းတီးမှုကို ဖြစ်စေတာ မရှိပါဘူး . . . . ကြွားဝါပြီး ထင်ပေါ်လိုတဲ့ ဆန္ဒဟာ မှန်ကန်တဲ့ ပြိုင်ဆိုင်ခြင်း မဟုတ်သလို အနိုင်ယူမှုလည်း မမှန်ပါဘူး . . .

လူဆိုတာ သူများရဲ့ ၀ါကြွားမှုကို ခံယူချင်တဲ့ သဘောမရှိပါဘူး အဲသည်လို အခြားသူရဲ့ ၀ါကြွားမှုကို မခံနိုင်တာက လူတွေဟာ ကိုယ်တိုင် ၀ါကြွားချင်လို့ပါ. . . ဒါလည်း လူ့သဘာဝပါ. . . ကြွားဝါပြီး ပြိုင်ဆိုင်တာဟာ ဆင်ခြင်မှု တရား နုံနဲ့တာ ဖြစ်တယ်. . . ကိုယ့်ကိုယ် ကို ထိန်းသိမ်းပြီး ဆင်ခြင်မှုများသူဟာ. . . ပြိုင်ဆိုင်ခြင်း အပေါ် မကြွားဝါတတ်ဘူး. . . လုပ်စရာရှိတာသာ ရိုးသားစွာ ပြိုင်ဆိုင် လုပ်ပြတတ်ပါတယ်. .. ကြွားဝါခြင်းသည် လူမှာ အသိညဏ် နည်းပါးသေးခြင်းရဲ့ အသီးအပွင့်ရယ်ပါ. . . အချို့သော ဆုံးရှူံးမှုများသည် ပြိုင်ဆိုင်မှုမှာ ကြွားဝါလွန်းရာက စတာဖြစ်ပါတယ်. . . .

ဒါ့ကြောင့် ကောင်းသော ပြိုင်ခြင်း ၊ ဆိုင်ခြင်း ၊ နိုင်ခြင်းများ ကို သာ ပြိုင်ဆိုင်နိုင်ကြပါစေ. .

ထူးအောင်မြင်


အားလုံးကိုချစ်ခင်လေးစားလျှက်...

1 comment:

  1. ဂွတ်တယ်ဗျာ.... (မနက်ကတည်းက မန့်နေတာ ကွန်က ဟန်းနေတာနဲ့...)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။