ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လေသင်ဓုန်းနှင့် လူမှုစီးပွားရေး


ကမ္ဘာပေါ်မှာ တတိယအသေပျောက်အများဆုံးဖြစ်သော အကြောင်းအရာထဲထွင် လေသင်ဓုန်း(သို့) လေဖြတ်ခြင်းရောဂါ သည်လည်း
အရွယ်ကောင်းခိုက် လေဖြတ်သွားသူများလည်း မနည်းပေ. . . လေဖြတ်ပြီး နဂိုမူလ လူကောင်းတစ်ဦးနှယ် ပြန်ကောင်းသူနည်းသွားပြီး မစွမ်းမသန်ဖြစ်ကြရသူတွေ ၊ အိပ်ရာထဲလဲသွားကြသူတွေများသည်. . . လေဖြတ်သည်နှင့် တစ်ပြိုင်နက်တည်းမှာ ကွယ်လွန်သွားသူပင်ရှိပါသည်. .

ယခင်တုန်းက လေဖြတ်သည် ၊လေသင်ဓုန်း ဖြတ်သည် ဆိုလျှင်ကုမရတော့ဟု ယူဆခဲ့ကြသည်. . . အချို့မှာလည်း ကောင်းနိုးရာရာ မြန်မာဆရာတွေနဲ့ နှိပ်ကြနင်းကြသည်. . . ယနေ့ပြောင်းလဲလာသော ခေတ်ကာလတွင် လေဖြတ်ခြင်းကို ကုသလာနိုင်ခဲ့ပါသည်. . . . အမှန်စင်စစ် လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်၌ သညာအသိ ကင်းမဲ့သွားခြင်းပင်ဖြစ်သည်. .

လေဖြတ်ခြင်း မှာ.ဦးနှောက်သည် သွေးအလုံအလောက်မရ၍ သညာ သတိမဲ့ရခြင်းဖြစ်သည်. . . အကြောင်းအရင်းမှာ သွေးကြောပိတ်၍သော် လည်းကောင်း ၊ သွေးကြောပေါက်ထွက်၍သော်လည်းကောင်း ဖြစ်သည်. .. သွေးအလုံ အလောက်မရနိုင်သည့် အခြေခံ အကြောင်းတရားများကို သိထားလျှင် ယင်းအခြေအနေကို ရှောင်ကွင်းနိုင်ရန် ဆင်ခြင် နိုင်မည် ဖြစ်သည်. . . သွေးတိုးရောဂါသည်များသည်.သွေးဆောင့်တိုးသော အရှိန်ကြောင့် သွေးကြောပေကါထွက်တတ်သည် ဖြစ်ရာ ၊ သွေးတိုးသမားများသည် သွေးအတက်အကျကို ပုံမှန်ထိန်းထားရန် မလွဲမသွေလိုအပ်ပါသည်. . . ဆီးချိုသများများသည်လည်း သွေးတွင်း သကြားဓာတ်ကို မပိုရန်ဂရုစိုက်ရမည်. . . ဆေးလိပ်၊ အရက်၊ အ၀လွန်ခြင်း ၊ အဆီအဆိမ့်စာများ စားခြင်းများကိုလည်း ရှောင်ကြဉ်ရမည်. . .

ဂရုစိုက်နေသည့်ကြားမှာ လေသင်ဓုန်းဖြတ်လျှင် သွေးကြောင့်ဖြစ်က သွေးရည်ကြည်အဖြစ် ပြန်ပျော်သွားနိုင်သည့် ဆေးများ၊ သွေးကြောပေါက်၍ သွေးခဲနေသည့်နေရာက ဦးခေါင်းခွံအောက်မှာ ဖြစ်လျှင် ဖောက်ထုတ်သောနည်းလမ်းများ ရှိလာသည်. . . CAT SCAN ဟုခေါ်သော Computerized နည်းပညာဖြင့် ဦးနှောက်သားကို ထွင်းဖောက်မြင်နိုင်သော နည်းလမ်းများ ပေါ်ပေါက်နေပြီဖြစ်သဖြင့် ထိခိုက်သော နေရာအတိအကျနှင့် ဖြစ်ရသည့်အကြောင်းရင်းကို သေချာ စွာ ရှာတွေ့နိုင်မည်ဖြစ်ရာကိုထုံးများကို များစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်. .

လေဖြတ်ပြီးနောက် မစွမ်းမသန်ဖြစ်ကြရပြီဆိုလျှင်တော့ ထိုလူနာနှင့် ဆက်စပ်မိသားစု ပတ်ဝန်းကျင်မှာ ၀န်ပိသွားမည်ဖြစ်သည်. . လေဖြတ်ပြီးနောက် ဂရုစိုက်ခြင်းကို သေချာမဆောင်ရွက်နိုင်လျှင် အပရိကရောဂါများ ၀င်ပြီး အသက်အန္တရယက်ကို ပါ ထိခိုက်နိုင်ပါသည်. . . အဓိကမှာ ရောဂါခံကို ကုသမှု အပြည့်အ၀ရှိရမည်. . . . လူနာဖက်ကဆေးဝါး ပမာဏ အတိအကျ သောက်ရန် မိသားစုက အထူး ဂရုစိုက်ရမည်. . . လူနာနေရာထိုင်ခင်း အဆင်ပြေစေရန်လည်း ဂရုစိုက်ရမည်. . . .ထို့ပြင် လုံးဝမထနိုင်ပဲ လဲနေသူများ အတွက် ဖိမိသော နေရာများတွင် သွေးမလျှောက်ဘဲ အနာကြီးတွေဖြစ်သွားကာ ကုမရဖြစ်တတ်တယ်. . . မိသားစုမှ လေ့ကျင့်ခန်းများလည်း လုပ်ပေးရပါသည်. .

တစ်နွယ်ငင်တော့ တစ်စင်ပါဆိုသလို မိသားစုထဲက တစ်ယောက် လေသင်ဓုန်းဖြတ်လျှင် မိသားစု တစ်ခုလုံးမှာ အလုပ်ပျက် အကိုင်ပျက်နှင့် ပြုစု ကြရသည်. . . . ဆေးတန်ဖိုးများလည်း ၀င်ငွေထက်မက ကုန်ကျရသည်. . . လူနာတစ်ဦး ၊ မိသားစု တစ်စုအဆင့်မှ စကာ လူမှုရေး နှင့် စီးပွားရေးကိုပါ ထိခိုက်စေတသာ လေသင်ဓုန်းဖြတ်ခြင်း မဖြစ်စေရန်အတွက် ဆောင်ရွက်သင့်သည်များကို ၊ မပြတ်သတိနှင့် ဆင်ခြင် အသိရှိကြစေချင်ပါသည်. . . .

ဒေါက်တာစံပယ်ဖြူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

4 comments:

  1. ကျန်းမာရေး ပညာပေး ဗဟုသုတကို မျှဝေပေးတာ ကျေးဇူးပါအမရေ "လေသင်ဓုန်း" ဆိုတာ "လေဖြတ်ခြင်းရောဂါ" ပါလား။ အခုမှကြားဘူးတား)

    ReplyDelete
  2. ဟုတ်တယ်.. တစ်ယောက်ကသာ လေဖြတ်သွားရင် ပြီးရောပဲ.. ခံပေတော့ တစ်မိသားစုလုံး... ဒါကြောင့် စားသတိ သွားသတိ ရှိသင့်တယ်ဗျာ......

    ReplyDelete
  3. အဖွားက လေဖြတ်နေတယ်ဗျာ သူ့ကို ပြုစုရတာနဲ့ တစ်မိသားစုလုံး အလုပ်ရှုပ်ကြရတယ်။ ဒါပေမဲ့ သက်သာလာပါပြီ။ ကျွန်တော်တို့လည်း လေမဖြတ်ဘူးလို့ မပြောနိုင်ဘူး ..။ လန့်တယ်။

    ReplyDelete
  4. ငယ်ငယ်လေးနဲ့ လေဖြတ်သွားတဲ့ သူတွေ တွေ့ဘူးပါတယ်။ ဟုတ်တယ်နော် ကျန်းမာရေးကို သတိလေးနဲ့ အမြဲဂရုစိုက်သင့်ပါတယ်။

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။