ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပေါင်းသင်းဆက်ဆံရေး၏ သော့ချက်


လူသည် မိမိအကြိုက်ကို လိုက်၍ ပြောဆို ဆက်ဆံခြင်းကို သဘောကျတတ်ကြ၏. . . မိမိအကြိုက်ကို ဆန့်ကျင်ဖီလာ ဆက်ဆံလာသူများကို ရွံမုန်းတတ်ကြ၏. . ထို့ကြောင့် လူတစ်ဖက်သား ကိုယ့်ဘက်ပါစေလိုလျှင် ထိုလူအကြိုက်ကို ဆောင်၍ ပြောဆိုဆက်ဆံခြင်းသည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် အရေးပါလှသော အကြောင်း တစ်ရပ်ဖြစ်၏. . .

တစ်ခါက အရပ်ထဲ၌ မည်သူနှင့်မျှ မတည့်ဘဲ အထီးထီးသော လူကုံတန် လူကန့်လန့် သမားတစ်ယောက်ကို တွေ့ဖူး၏.. . ရပ်ရေးရွာရေးတွင် မပါဝင် ၊ မပက်သက်ဘဲ သူ့မိသားစု၏ . . အရေးလောကိကိုသာ ဂရုစိုက်တတ်သူ ဖြစ်၍ ရွာသားများကလည်း သူနှင့် ကင်းကင်းရှင်းရှင်း နေကြ၏ ရပ်ရေးရွာရေး ကိစ္စအတွက် အလှူငွေများ ထည့်ရန်ပင် တွန့်တိုတတ်သူ ဖြစ်၏. . သူ့ကို တစ်ရွာလုံးက တစ်ကိုယ်တော် လူကန့်လန့်ဟု အမည်ပေးထား၏. .

တစ်နေ့တွင် ထိုလူကန့်လန့်၏ ရာဘာခြံမြေသည်. ရွာစည်းရိုးနှင့် ဆက်စပ်နေသဖြင့် ထိုမြေပေါ်တွင် ကျေးရွာမူလတန်းကျောင်းတစ်ဆောင် ဆောက်လုပ်ရန် အရေးကိစ္စပေါ်လာ၏. . . ထိုလူကန့်လန့်နှင့် ဆက်သွယ်ဆောင်ရွက်ရန် အခြေအနေမပေးသဖြင့် မူလတန်းကျောင်း ဆောက်လုပ်ရန် ကိစ္စသည် မစနိုင်ဘဲ ရှိနေ၏. . . ကျေးရွာလူကြီးများကလည်း မည်သို့ ဆောင်ရွက်ရမည်ကို နည်းလမ်း ရှာနေကြ၏. . . သူတို့အထဲတွင် လူ့သဘော၊ သူ့မနောကို နားလည်သူ လူကြီးတစ်ယောက်ရှိရာ ထိုသူက ထိုရာဘာခြ့ပိုက်ရှင် လူ့ကန့်လန့်ထံသို့ ရောက်သွား၏. .

ထိုလူကြီးသည် မြို့က ၀ယ်လာသော ဆေးတံ အကောင်းစား တစ်လက် ကိုယူသွားပြီး လက်ဆောင်ပေး၏ . . . ထိုလူကန့်လန့်မှာ ဆေးတံကြိုက်သူ ဖြစ်၍ သူ့အိမ်စားပွဲပေါ်တွင် ခေတ်အမျိုးမျိုးက ဆေးတံများကို အလှပြကာ တင်ထားကာ ၀င့်ကြွားဂုဏ်ယူတတ်၏. . . ထို့ကြောင့်ကျေးရွာ လူကြီးက ထိုလူ့ကန့်လန့်အား ဆေးတံလက်ဆောင်ပေးခြင်း ဖြစ်၏. . . . သူသည် လက်ဆောင်ပေးရုံသာမဟုတ် . . . ထိုလူ၏ ဆေးတံများ မည်မျှ တန်ဖိုးကြီးကြောင်း . . . ယခုအခါဤဆေးတံများကို ဘယ်နေရာမှာမ မတွေ့နိုင်ကြောင်း တခမ်းတနား ပြောဆိုရာ ထိုလူကန့်လန့်သည် ကျေးရွာလူကြီး အားခင်မင်ရင်းနှီးသွား၏. . . . . ထို့နောက် မိမိ ရာဘာခြံမြေထဲမှာ ကျေးရွာမူလတန်းကျောင်း ဆောင် တစ်နေရာကို သဒ္ဓါ ထက်သန်စွာဖြင့် ပေးလှူလိုက်သည်. .

ဤ အဖြစ်ရပ်လေးကို ကြည့်လျှင် တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရေးတွင် သူ့အကြိုက်ကို ဆောင်ပေးခြင်းသည်. . မည်မျှ အရေးပါအရာရောက်လှကြောင်းနှင့် မိမိလိုရာဘက်ကိုပင် ဆွဲဆောင်ပေးနိုင်ကြောင်း တွေ့ရမည်ဖြစ်ပါသည်. .

ဦးဝမ်ထိန်.


အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. ဒါလည်း စည်းရုံးရေးတမျိုးပဲ.. အတုယူသင့်တယ်...

းဝ)

    ReplyDelete
  2. ကွေးလူထိုApril 18, 2010 at 11:14 PM

    အကျိုးလိုလို ညောင်ရေလောင်းတယ် ဆိုပေမယ့် အလွန်အကျွံဖြစ်သွားရင်တော့ အကြံသမား ငဖား ဖြစ်သွားတတ်တယ်နော်...

းဝ)

    ReplyDelete
  3. ဟုတ်ပါတယ်။ လူတိုင်းနီးပါး ကိုယ့်အကြိုက်လိုက်တဲ့သူကို ပိုခင်မင်တတ်ကြတာပါဘဲ။ ဒါပေမဲ့ ပြောရတာလွယ်သလောက် လုပ်ရတာ ခက်တယ်။
    ဒါပေမဲ့...
    အချင်းချင်းအဆင်မပြေဖြစ်နေကြတဲ့ လူနှစ်ယောက်တို့ရဲ့ အကြိုက်ကို တစ်ပြိုင်ထဲ လိုက်နေရတာက ပိုခက်မယ်ထင်တယ်။

    နှစ်သစ်မှာ
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  4. သူတစ်ဖက်သားကြိုက်အောင် ပြောဆိုမြှောက်ပင့်တာမှာ ဘာသာရေးကကြည့်ရင် မုသာဝါဒကံမြှောက်တတ်ပါတယ်.... ငါးပါးသီလ မလုံတာဖြစ်လို့ အပေါင်းအသင်းကောင်းအောင် ဒီနည်းမဟုတ်ပဲ တခြားနည်းနဲ့လုပ်ကြပါစို့... ဥပမာ.. သူများပြောတဲ့စကားကို အသေအချာဂရုစိုက်နားထောင်တာတို့... သူများကို အမြင်မကြည်လင်ရင် ၀ုန်းဒိုင်းထမပြောပဲ နှုတ်ဆိတ်နေတတ်ဖို့ပေါ့....... တကယ်တော့ လူ့လောကမှာနေချိန်မှာ ငါးပါးသီလကို လုံဖို့ တကယ်ကို ခဲယဉ်းပါတယ်... အဓိကကတော့ အဲဒီ မုသာဝါဒပေါ့..... နေ့တိုင်း ညှိနေတာပဲ...း((

    ReplyDelete
  5.ိုတို့ကိုတော့...ဆေးတံ လာ မပေး နဲ့နော်
    ဆေးလိပ် ကွမ်း အရက် မကောင်းတဲ့ အရာ ဘာတခုမှ မလုပ်ဘူး။

    စည်ဘီယာလေး ပဲ တခါတလေ အမြဲ မော့တတ်တယ်.

    ReplyDelete
  6. လူပေါ်လူဇော်လုပ်နည်းထဲက တစ်ကွက်နဲ့ ဆင်တူတယ်။ အမြဲတမ်းသူ့အလို မလိုက်နိုင်တာတွေ ရှိတယ်။ ဒါပေမဲ့ ကိုယ့်အကျိုးအောင်မြင်ဖို့..ရန်သူကိုတောင် ပခုံးပေါ် ထမ်းတင်သင့် တင်ရတာပဲလို့ လောကနီတိက ဆိုတော့ မပြောသာတော့ဘူး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။