ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
ကံနှင့် ပတ်သက်သော ဝေါဟာရများ
အကြောင်းရှိရာ၊ အကျိုးလာ၏
ကောင်း ငှာ ဆိုး ငှာ ရှေးကြမ္မာလျှင် ခွင့်သာရောက်ငြား၊ ထိုသူအား
ဘုရားမကယ်နိုင်စွာတည်း။
(မဃဒေ၀-၂၆)
ပုဗ္ဗပုညံ၊ ကောင်းမှုကံလျှင်
အခံရှိထ၊ ရှေးကမ္မထက်
လုံ့လပညာ၊ နှစ်ဖြာ ပင့်ထောက်
သမ္မာလျှောက်၍၊ မီးတောက်လေကူ
တူ၏ပမာ၊ များမကြာခင်
ပညာဥစ္စာ၊ ကြီးပွားရာ၏။
(မဃဒေ၀-၂၆)
မသေမီ အချိန်တွင်
ကုသိုလ်၊ အကုသိုလ်
ကံနှစ်ပါးသာ
ငါ့ဥစ္စာ ဟု အမြဲဆင်ခြင်။
(စံကျောင်း ဆရာတော်)
ကံကောင်းအောင် လုပ်ဖို့အတွက်
ရတနာသုံးပါးအားထားစရာ ရှိနေခြင်းက
ကံ ကောင်းလှပါတယ်..
ပစ္စုပ္ပန်ကြီးပွားဖို့ ညဏ်ဝီရိယ
မွမ်းမံလိုက်ရင်
အတိုင်းထက်အလွန် ဖြစ်ပါတယ်။
( သမ္မာဒိဠိဒီပနီ၊ လယ်တီ)
ယုတ်မြတ်များစွာ
သတ္တ၀ါအား
ကံသာ မယွင်း
တောင်းဆိုခြင်းမှာ
ကြောင်းရင် ကမ္မသကာတည်း။
(မဃဒေ၀ -၂၆၅)
အားလုံးကိုချစ်ခင်လေးစားလျှက်...
3 comments:
  1. သင်္ကြန်မှာ ကံအကြောင်းလေးတွေတင်ထားတာ အဓိပ္ပါယ်ရှိတယ်။ ဒါမှ သတိရတဲ့သူတွေ နှစ်သစ်ကူးချိန်မှာ ကုသိုလ်ကံတွေ များများစုဆောင်းဖြစ်ကြမှာ။
    ReplyDelete
  2. နှစ်သစ်မှာ
    စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ ..
    လိုအင်နဲ့ဆန္ဒ ထာဝရထပ်တူကျနိုင်ပါစေ ..
    ခင်မင်စွာနဲ့
    ReplyDelete
  3. ကောင်းလိုက်တာဗျာ.. ကံအကြောင်း အခုလို တိုတိုထိထိနဲ့ ဖတ်ရတာ။ မာဃဒေဝက လင်္ကာလေးကိုတော့ အကြိုက်ဆုံးဗျာ။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။