ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သင်္ကြန်ပွဲတော် နွဲကြရွှင်ပျော်ပျော်

myanmarthingyan.jpg image by shweminnthar

တန်ခူးလသည် နှစ်၏အစ နှစ်ဦးလဖြစ်သည်. . . ထုံးစံအားဖြင့် မြန်မာနှစ်သစ်သည် တန်ခူးလမှအစပြုသည်. . . . . တန်ခူးလတွင် သင်္ကြန်ကျရောက်၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းလေရာ ထိုလတွင် တစ်နိုင်ငံလုံး၌ သင်္ကြန် ပွဲတော်ကို ကျင်းပကြသည်. . . မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေးအင်းဝခေတ်ကပင်လျှင် အင်္ဂလိပ်စသော တိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ် မှတ်တမ်းတင်ခဲ့ကြသည်. .

သင်္ကြန်ဟူသော စကားသည် သင်္ကန္တဟူသော ပါဠိမှ ဆင်းသက်၍ ရွတ်ဆိုသော အခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည်. . . အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်သည်. . . . . ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှစ၍ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်းပါသည်…

သင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြသည်. . . သင်္ကြန်ရေပက်ဖျန်းခြင်းသည်. . လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်. . ရေသည် မေတ္တာဓာတ်ကို တင်စားသည် ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာဓာတ်ကို တင်စားခြင်းဖြစ်သည်. . . . ရှေးက ဤအနက်အဓိပ္ပါယ်ကို ၀ိသေသထူးစေခြင်းဌာ "ထုံသင်း နံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်" သော အမွှေးအကြိုင်တို့တွင် ဖလားတွင် ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်. . . ဤသို့ ရေကစားခြင်း၌ ကလေးလူကြီးမရွေးအလွန်ပျော်ရွှင်ကြသည်. . .

လူကြီးများကား သင်္ကြန်နှစ်သစ်ကူး အခါတော်တွင် ကိုယ်နှုတ်နှလုံးသုံးပါးစုံ စင်ကြယ် စေသည်ဟူသော အထိမ်းအမှတ် ဖြင့် ဦးခေါင်းကို ဆေးကြလျှော်ကြသည်. . . . . သင်္ကြန်တွင်းတွင် ဦးခေါင်းဆေးမင်္ဂလာအနေဖြင့် လူငယ်များက လူကြီးတို့၏ ဦးခေါင်းကို သရော်ကင်ပွန်းတို့ဖြင့် ဆေးလျှောပေး၍ ကုသိုလ်ယူကြသည်. . . တရားဓမ္မဦးဆောင်လမ်းပြဖြစ်သော လူကြီးသည် မိမိတို့၏ သားသမီးမြေးမြစ် ငယ်ရွယ်သူတို့ကို ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်၍ ဥပုသ် သီတင်းသီလဆောက်တည်စေသည်. . . . အချို့ကလည်း ကုသိုလ်တရားပွားများအောင် သင်္ကြန်ကာလတွင်း၌ပင် ပဉ္ဖင်းခံရှင်ပြု အလှူအတန်းတို့ကို ဆောင်ရွက်လေ့ရှိပါသည်. .

သို့ရာတွင် ပုထုဇဉ်တို့၏ ဓမ္မတာမှာ ပျော်ရွှင်လိုကြသော ဓမ္မတာဖြစ်၏. . ထို့ကြောင့် သင်္ကြန်ပွဲတော်ကို အတီးအမှုတ် အကအခုန်များဖြင့် ဆင်နွဲကြ၏ . . . အလှကား ၊ အလှယာဉ်တို့ဖြင့် မြို့တွင်းသို့ လှည့်လည်ကြ၍ မြန်မာ့ယဉ်ကျေးမှု အနုပညာတို့ကို ထုတ်ဖော်ပြသကြသည်မှာ အလွန်ကြည်နူးဖွယ်ရာဖြစ်သည်. .

အတာရေဖြင့် အားလုံးအေးချမ်းပျော်ရွှင်ပါစေရှင်...

အားလုံးကိုချစ်ခင်လေးစားလျှက်...


5 comments:

  1. နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

    နှစ်ဟောင်းက ရိုးရာသင်္ကြန်စစ်စစ်လေးတွေကို သတိရမိတယ်..

    ReplyDelete
  2. မင်္ဂလာနှစ်သစ်ပါညီမတို့ရေ....
    နှစ်သစ်နဲ့အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း များနဲ့ပြည့်စုံကြပါစေ။

    ReplyDelete
  3. ဒီနှစ်တော့ ကဆုန်မှ သင်္ကြန်ပွဲကျင်းပနိုင်တယ်းP နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ

    ReplyDelete
  4. နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

    ReplyDelete
  5. နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။